Skip to main content
မဲဆႏၵနယ္အတြက္ ဘတ္ဂ်က္ခ်မေပးတဲ့ ဘတ္ဂ်က္ေကာ္မတီ၀င္အမ်ဳိးသမီးကုိ လႊတ္ေတာ္အမတ္က ပါးရုိက္
Ads Block

မဲဆႏၵနယ္အတြက္ ဘတ္ဂ်က္ခ်မေပးတဲ့ ဘတ္ဂ်က္ေကာ္မတီ၀င္အမ်ဳိးသမီးကုိ လႊတ္ေတာ္အမတ္က ပါးရုိက္

၄င္းရဲ႕ မဲဆႏၵနယ္ကို ဘတ္ဂ်က္ရန္ပံုေငြခ်မေပးတာေၾကာင့္ဆုိကာ အမ်ိဳးသမီးလုပ္ေဖာ္ကိုင္ဖက္တစ္ဦးကို  ပါးရိုက္ခဲ့တဲ့ ကင္ညာ ပါလီမန္အမတ္တစ္ဦး ဖမ္းဆီးခံခဲ့ရေၾကာင္း သိရပါတယ္။
အမတ္ Rashid Kassim ဟာ ပါလီမန္ ဘတ္ဂ်က္ေကာ္မတီအဖြဲ ့၀င္တစ္ဦးျဖစ္တဲ့ Fatuma Gedi ကို ၾကာသပေတးေန႔က ႏိုင္ရိုဘီၿမိဳ႕ ရွိ လႊတ္ေတာ္ ကားပါကင္မွာ ထိုကဲ့သို႔ ကိုယ္ထိလက္ေရာက္က်ဴးလြန္ခဲ့တာျဖစ္ပါတယ္။
Rashid Kassim ဟာ ၄င္းရဲ႕ မဲဆႏၵနယ္ျဖစ္တဲ့ ကင္ညာႏိုင္ငံအေရွ႕ေျမာက္ပိုင္း ၀တ္ဂ်ာအိစ္ ေဒသအတြက္ Fatuma က ရန္ပံုေငြ ခြဲေ၀ေပးျခင္းမရွိတာနဲ ့ပတ္သက္လုိ ့ေျပာဆုိခဲ့ရာမွ သူမကုိ ပါးရုိက္ခဲ့ျခင္းျဖစ္ပါတယ္။
ထိုကဲ့သို႔ တုိက္ခုိက္ခံရမႈေၾကာင့္ ပါးစပ္ထဲကေန ေသြးထြက္လာခဲ့ကာ ငုိယုိေနတဲ့ပုံကုိ Fatuma က တြစ္တာေပၚမွာ တင္ခဲ့ပါတယ္။ ေနာက္ပုိင္းမွာ ပါလီမန္အဖြဲ ့၀င္ အမ်ိဳးသမီးေတြကလည္း သူမရဲ႕ ဗြီဒီယိုကို လူမႈကြန္ယက္ေပၚေတြမွာ #JusticeForFatumaGedi hashtag တြဲလ်က္ ျဖန္႕ေ၀ခဲ့ၾကၿပီး တရားမွ်တမႈကို ေတာင္းဆိုခဲ့ၾကပါတယ္။
ကင္ညာႏိုင္ငံမွာ ပါလီမန္ အမ်ိဳးသားအမတ္ေတြဟာ အမ်ိဳးသမီးအမတ္ေတြကို သေရာ္ေလွာင္ေျပာင္တတ္ၾကၿပီး ေလးစားမႈမရွိရာကေန ထိုကဲ့သို႕ ကိုယ္ထိလက္ေရာက္က်ဴးလြန္မႈေတြအထိ ျဖစ္လာခဲ့ရတယ္လို႔ အမ်ိဳးသမီးအမတ္တစ္ဦးကေျပာဆုိခဲ့ပါတယ္။
ပါး႐ုိက္မႈအတြက္ Rashid ကို ၾကာသပေတးေန႔ ညေနပုိင္းက ပါလီမန္၀န္းအတြင္းမွာပဲ ဖမ္းဆီးထိန္းသိမ္းလိုက္ၿပီျဖစ္ေၾကာင္း ရာဇ၀တ္မႈစံုစမ္းစစ္ေဆးေရးဌာနအဖြဲ႔၀င္က အတည္ျပဳေျပာၾကားခဲ့ပါတယ္။ ၄င္း ကိစၥနဲ႔ပက္သတ္ၿပီး ဆက္လက္စစ္ေဆးေနေၾကာင္းလည္း သိရပါတယ္။Rashid ကေတာ့ ၄င္း ကိစၥနဲ႔ပက္သက္ၿပီး တစ္စံုတစ္ရာ တုံ႔ျပန္ေျပာၾကားျခင္း မျပဳထားပါဘူး။

 - ေမ ( အကုန္သိ သတင္းဌာန )  | Ref : Independent

Unicode Version

 

၎င်းရဲ့ မဲဆန္ဒနယ်ကို ဘတ်ဂျက်ရန်ပုံငွေချမပေးတာကြောင့်ဆိုကာ အမျိုးသမီးလုပ်ဖော်ကိုင်ဖက်တစ်ဦးကို  ပါးရိုက်ခဲ့တဲ့ ကင်ညာ ပါလီမန်အမတ်တစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရပါတယ်။
အမတ် Rashid Kassim ဟာ ပါလီမန် ဘတ်ဂျက်ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Fatuma Gedi ကို ကြာသပတေးနေ့က နိုင်ရိုဘီမြို့ ရှိ လွှတ်တော် ကားပါကင်မှာ ထိုကဲ့သို့ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တာဖြစ်ပါတယ်။
Rashid Kassim ဟာ ၎င်းရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ကင်ညာနိုင်ငံအရှေ့မြောက်ပိုင်း ဝတ်ဂျာအိစ် ဒေသအတွက် Fatuma က ရန်ပုံငွေ ခွဲဝေပေးခြင်းမရှိတာနဲ့ပတ်သက်လို့ပြောဆိုခဲ့ရာမှ သူမကို ပါးရိုက်ခဲ့ခြင်းဖြစ်ပါတယ်။
ထိုကဲ့သို့ တိုက်ခိုက်ခံရမှုကြောင့် ပါးစပ်ထဲကနေ သွေးထွက်လာခဲ့ကာ ငိုယိုနေတဲ့ပုံကို Fatuma က တွစ်တာပေါ်မှာ တင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ပါလီမန်အဖွဲ့ဝင် အမျိုးသမီးတွေကလည်း သူမရဲ့ ဗွီဒီယိုကို လူမှုကွန်ယက်ပေါ်တွေမှာ #JusticeForFatumaGedi hashtag တွဲလျက် ဖြန့်ဝေခဲ့ကြပြီး တရားမျှတမှုကို တောင်းဆိုခဲ့ကြပါတယ်။
ကင်ညာနိုင်ငံမှာ ပါလီမန် အမျိုးသားအမတ်တွေဟာ အမျိုးသမီးအမတ်တွေကို သရော်လှောင်ပြောင်တတ်ကြပြီး လေးစားမှုမရှိရာကနေ ထိုကဲ့သို့ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေအထိ ဖြစ်လာခဲ့ရတယ်လို့ အမျိုးသမီးအမတ်တစ်ဦးကပြောဆိုခဲ့ပါတယ်။
ပါးရိုက်မှုအတွက် Rashid ကို ကြာသပတေးနေ့ ညနေပိုင်းက ပါလီမန်ဝန်းအတွင်းမှာပဲ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်း ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဌာနအဖွဲ့ဝင်က အတည်ပြုပြောကြားခဲ့ပါတယ်။ ၎င်း ကိစ္စနဲ့ပက်သတ်ပြီး ဆက်လက်စစ်ဆေးနေကြောင်းလည်း သိရပါတယ်။Rashid ကတော့ ၎င်း ကိစ္စနဲ့ပက်သက်ပြီး တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားခြင်း မပြုထားပါဘူး။

- မေ ( အကုန်သိ သတင်းဌာန ) | Ref : Independent

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။