Skip to main content
ဘန္ေကာက္တြင္ ခရီးသည္ လုရာမွ ဆုိင္ကယ္တကၠစီအုပ္စုႏွစ္ခု ခုိက္ရန္ျဖစ္ပြားကာ ႏွစ္ဦးေသဆုံး
Ads Block

ဘန္ေကာက္တြင္ ခရီးသည္ လုရာမွ ဆုိင္ကယ္တကၠစီအုပ္စုႏွစ္ခု ခုိက္ရန္ျဖစ္ပြားကာ ႏွစ္ဦးေသဆုံး

ခရီးသည္ အလွည့္က်ရယူမႈနဲ ့ပတ္သက္ၿပီး ၿပိဳင္ဘက္ ဆုိင္ကယ္တကၠစီအုပ္စုႏွစ္ခု စကားမ်ားရန္ျဖစ္ခဲ့တာေၾကာင့္ စေနေန ့က ဘန္ေကာက္ၿမိဳ႕ရဲ ့ လမ္းမတစ္ခု တုိက္ပြဲဇုံတစ္ခုအျဖစ္ ေျပာင္းသြားခဲ့ရပါတယ္။ ယင္းျဖစ္စဥ္အတြင္း လူႏွစ္ဦးေသဆုံးကာ ႏွစ္ဦး ဒဏ္ရာရခဲ့ေၾကာင္း သိရပါတယ္။
ဘန္ေကာ္ၿမိဳ႕ ဘန္နာဧရိယာက လမ္းမတစ္ခုမွာ မနက္ ၁၁ နာရီ၀န္းက်င္ေလာက္က အခင္းျဖစ္ရပ္ ျဖစ္ပြားခဲ့တာပါ။ သစ္သားတုတ္ေတြ၊ သံေခ်ာင္းေတြ၊ ဓါးေတြနဲ ့ေသနတ္ေတြ ကုိင္ေဆာင္ထားၾကတဲ့ ဆုိင္ကယ္တကၠစီအုပ္စုႏွစ္ခုဟာ ၿမဳိ ့ခံေတြ၊ လမ္းသြားလမ္းလာေတြနဲ ့ ျပည့္ႏွက္ေနတဲ့ လမ္းေဘးမွာ ၀ရုန္းသုန္းကား ခုိက္ရန္ျဖစ္ပြားခဲ့ၾကပါတယ္။
ျပင္းထန္တဲ့ ႏွစ္ဖက္တုိက္ခုိက္မႈအတြင္း အသက္ ၂၀ အရြယ္ Kerry Express ကုန္ပစၥည္းပုိ ့ အမ်ဳိးသားတစ္ဦး လမ္းလြဲလာတဲ့ က်ည္သင့္ခဲ့ကာ ၄င္းရဲ႕ အိမ္ေရွ ့မွာပဲ ေသဆုံးသြားခဲ့ပါတယ္။ အသက္ ၃၃ ႏွစ္အရြယ္ ေနာက္တစ္ဦးကေတာ့ ေဆးရုံမွာ ေသဆုံးခဲ့ပါတယ္။ ဒဏ္ရာရသူႏွစ္ဦးထဲက တစ္ဦးကေတာ့ ေသနတ္ဒဏ္ရာျဖစ္ကာ ေနာက္တစ္ဦးကေတာ့ ဦးေခါင္းမွာ ဓါးဒဏ္ရာရခဲ့တာျဖစ္ပါတယ္။ အခင္းျဖစ္ ဗီဒီယုိဖုိင္ဟာ အြန္လုိင္းမွာ ပ်ံ ့ေနတယ္လုိ ့လည္း သိရပါတယ္။
ဆုိင္ကယ္သမားအုပ္စုတစ္ခုက အ၀င္လမ္းမွာ ခရီးသည္ပုိ ့ေပးဖုိ ့လုပ္ေနစဥ္ ယင္းေနရာအနီး ဘဏ္တစ္ခုေရွ ့မွာ ဂိတ္ထုိးတဲ့ ၄င္းတုိ ့ရဲ႕ ၿပိဳင္ဘက္အုပ္စုနဲ ့ အျငင္းအခုံျဖစ္ကာ ကုိယ္ထိလက္ေရာက္တုိက္ခုိက္မႈေတြစျဖစ္ခဲ့တာျဖစ္ေၾကာင္း ဘန္နာေဒသရဲတပ္ဖြဲ ့က ေျပာဆုိပါတယ္။ ေဒါသထြက္ခဲ့တဲ့ ပထမအုပ္စု ဆုိင္ကယ္သမားေတြက စတင္ထုိးႀကိတ္ခဲ့ၾကၿပီးေနာက္ ရန္ပြဲျပင္းထန္သြားခဲ့တာပါ။ ရဲနဲ ့ကယ္ဆယ္ေရးလုပ္သားေတြ ေရာက္လာခ်ိန္မွာေတာ့ အုပ္စုႏွစ္ခုလုံး အခင္းျဖစ္ေနရာက ထြက္ေျပးသြားၾကပါတယ္။ ယခုအခါ ရန္ပြဲမွာ ပါ၀င္ပတ္သက္သူေတြကုိ ရဲက လုိက္လံရွာေဖြေနေၾကာင္း သိရပါတယ္။


Ref : ဘန္ေကာက္ပုိ ့စ္

Unicode Version

 

 

ခရီးသည် အလှည့်ကျရယူမှုနဲ့ပတ်သက်ပြီး ပြိုင်ဘက် ဆိုင်ကယ်တက္ကစီအုပ်စုနှစ်ခု စကားများရန်ဖြစ်ခဲ့တာကြောင့် စနေနေ့က ဘန်ကောက်မြို့ရဲ့ လမ်းမတစ်ခု တိုက်ပွဲဇုံတစ်ခုအဖြစ် ပြောင်းသွားခဲ့ရပါတယ်။ ယင်းဖြစ်စဉ်အတွင်း လူနှစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
ဘန်ကော်မြို့ ဘန်နာဧရိယာက လမ်းမတစ်ခုမှာ မနက် ၁၁ နာရီဝန်းကျင်လောက်က အခင်းဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။ သစ်သားတုတ်တွေ၊ သံချောင်းတွေ၊ ဓါးတွေနဲ့သေနတ်တွေ ကိုင်ဆောင်ထားကြတဲ့ ဆိုင်ကယ်တက္ကစီအုပ်စုနှစ်ခုဟာ မြို့ခံတွေ၊ လမ်းသွားလမ်းလာတွေနဲ့ ပြည့်နှက်နေတဲ့ လမ်းဘေးမှာ ဝရုန်းသုန်းကား ခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်။
ပြင်းထန်တဲ့ နှစ်ဖက်တိုက်ခိုက်မှုအတွင်း အသက် ၂၀ အရွယ် Kerry Express ကုန်ပစ္စည်းပို့ အမျိုးသားတစ်ဦး လမ်းလွဲလာတဲ့ ကျည်သင့်ခဲ့ကာ ၎င်းရဲ့ အိမ်ရှေ့မှာပဲ သေဆုံးသွားခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ် နောက်တစ်ဦးကတော့ ဆေးရုံမှာ သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရသူနှစ်ဦးထဲက တစ်ဦးကတော့ သေနတ်ဒဏ်ရာဖြစ်ကာ နောက်တစ်ဦးကတော့ ဦးခေါင်းမှာ ဓါးဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ အခင်းဖြစ် ဗီဒီယိုဖိုင်ဟာ အွန်လိုင်းမှာ ပျံ့နေတယ်လို့လည်း သိရပါတယ်။
ဆိုင်ကယ်သမားအုပ်စုတစ်ခုက အဝင်လမ်းမှာ ခရီးသည်ပို့ပေးဖို့လုပ်နေစဉ် ယင်းနေရာအနီး ဘဏ်တစ်ခုရှေ့မှာ ဂိတ်ထိုးတဲ့ ၎င်းတို့ရဲ့ ပြိုင်ဘက်အုပ်စုနဲ့ အငြင်းအခုံဖြစ်ကာ ကိုယ်ထိလက်ရောက်တိုက်ခိုက်မှုတွေစဖြစ်ခဲ့တာဖြစ်ကြောင်း ဘန်နာဒေသရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ ဒေါသထွက်ခဲ့တဲ့ ပထမအုပ်စု ဆိုင်ကယ်သမားတွေက စတင်ထိုးကြိတ်ခဲ့ကြပြီးနောက် ရန်ပွဲပြင်းထန်သွားခဲ့တာပါ။ ရဲနဲ့ကယ်ဆယ်ရေးလုပ်သားတွေ ရောက်လာချိန်မှာတော့ အုပ်စုနှစ်ခုလုံး အခင်းဖြစ်နေရာက ထွက်ပြေးသွားကြပါတယ်။ ယခုအခါ ရန်ပွဲမှာ ပါဝင်ပတ်သက်သူတွေကို ရဲက လိုက်လံရှာဖွေနေကြောင်း သိရပါတယ်။
 

Ref : ဘန်ကောက်ပို့စ်
               

 


               

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။