Skip to main content
ကေလးမ်ား ဖ်ားၿပီးေအာ့အန္ပါက ေသြးလြန္တုပ္ေကြးသံသယထားရွိရန္ လုိအပ္
Ads Block

ကေလးမ်ား ဖ်ားၿပီးေအာ့အန္ပါက ေသြးလြန္တုပ္ေကြးသံသယထားရွိရန္ လုိအပ္

ျမန္မာႏုိင္ငံတြင္ ေသြးလြန္တုပ္ေကြးမွာ ေနရာတုိင္း၌ ျဖစ္ႏုိင္၍ ကေလးဖ်ားၿပီးေအာ့အန္ပါက ေသြးလြန္တုပ္ေကြးသံသယထားရွိရန္ လုိအပ္ေၾကာင္း ကေလးအထူးကုဆရာ၀န္ႀကီးပါေမာကၡ ေဒါက္တာေစာ၀င္းက ေျပာသည္။

ကေလးမ်ား ဖ်ားၿပီးေအာ့အန္ပါက ေသြးလြန္တုပ္ေကြးသံသယထားရွိရန္ လုိအပ္


ရန္ကုန္ၿမိဳ႕ရွိ CBC ခန္းမတြင္ ဇြန္လ ၁၆ ရက္ကက်င္းပေသာ ေမးလုိရာေမးေသြးလြန္တုပ္ေကြးေရာဂါ အေၾကာင္းေဟာေျပာပြဲတြင္ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။
“ ဖ်ားနာျခင္းနဲ႔ ေအာက္ပါ ၂ ခ်က္ရွိရင္ ေသြးလြန္တုပ္ေကြးလုိ႔ယူဆရမယ္။အဲဒါဘာလဲဆုိေတာ့  ေအာ့အန္ျခင္း၊ အေရျပားေပၚတြင္အနီစက္ထြက္ျခင္း၊ ကုိယ္လက္နာက်င္ကုိက္ခဲျခင္း ၊ ေသြးနီဥနည္းျခင္း၊ ဒီအခ်က္ေတြထဲက ဖ်ားၿပီးေတာ့ ေသြးလြန္တုပ္ေကြးျဖစ္ဖူးတဲ့ေနရာေဒသမွာ ေနထုိင္ဖူးရင္ဆုိတာ ပါတယ္။ဒါကေတာ့ စဥ္းစရာမလုိဘူး။ ျမန္မာျပည္က ေနရာတုိင္းမွာ ေသြးလြန္တုပ္ေကြးျဖစ္ႏုိင္တယ္ဆုိေတာ့ ဖ်ားၿပီး အခ်က္ ၂ ခ်က္ျဖစ္ၿပီဆုိရင္ ေသြးလြန္တုပ္ေကြးျဖစ္ႏုိင္တယ္လုိ႔ သံသယထားဖုိ႔လုိတယ္’’ ဟု ပါေမာကၡ ေဒါက္တာေစာ၀င္းကေျပာသည္။
ထို႔အျပင္ ေသြးလြန္တုပ္ေကြးသံသယရွိပါက ဗိုက္ကိုဖိၿပီးစမ္းသပ္ပါက နာက်ဥ္ျခင္း၊ အစာမ၀င္ဘဲ ဆက္တုိက္အန္ျခင္း၊ အဆုတ္ႏွင့္ ၀မ္းဗိုက္အတြင္း အရည္မ်ားရွိႏုိင္ျခင္းတို႔ကို စမ္းသပ္သိရွိႏုိုင္ေၾကာင္း သိရသည္။
ေအဒီးစ္ေခၚ ေန႔ဘက္တြင္အထြက္မ်ားေသာ ေရာဂါပုိး သယ္ေဆာင္ထားသည့္ျခင္က လူသုိ႔ကုိက္ရာမွ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားျခင္းျဖစ္ၿပီး အဖ်ားႀကီးျခင္း၊ ကုိယ္ပူခ်ိန္လုံး၀မက်ျခင္း၊ ကေလးမွိန္းေနျခင္း၊ ေကာ္ဖီေရာင္အန္ျခင္း၊ ၀မ္းအမည္းသြားျခင္း၊ ခႏၶာကုိယ္တြင္အနီစက္မ်ားထြက္ေပၚလာျခင္းတုိ႔ ေသြးလန္႔သည့္ လကၡဏာမ်ားေပၚေပါက္တတ္ေၾကာင္းသိရသည္။

-  မင္းသီဟန္ ( အကုန္သိ သတင္းဌာန)

Unicode Version

 

မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးမှာ နေရာတိုင်း၌ ဖြစ်နိုင်၍ ကလေးဖျားပြီးအော့အန်ပါက သွေးလွန်တုပ်ကွေးသံသယထားရှိရန် လိုအပ်ကြောင်း ကလေးအထူးကုဆရာဝန်ကြီးပါမောက္ခ ဒေါက်တာစောဝင်းက ပြောသည်။
ရန်ကုန်မြို့ရှိ CBC ခန်းမတွင် ဇွန်လ ၁၆ ရက်ကကျင်းပသော မေးလိုရာမေးသွေးလွန်တုပ်ကွေးရောဂါ အကြောင်းဟောပြောပွဲတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။
“ ဖျားနာခြင်းနဲ့ အောက်ပါ ၂ ချက်ရှိရင် သွေးလွန်တုပ်ကွေးလို့ယူဆရမယ်။အဲဒါဘာလဲဆိုတော့  အော့အန်ခြင်း၊ အရေပြားပေါ်တွင်အနီစက်ထွက်ခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း ၊ သွေးနီဥနည်းခြင်း၊ ဒီအချက်တွေထဲက ဖျားပြီးတော့ သွေးလွန်တုပ်ကွေးဖြစ်ဖူးတဲ့နေရာဒေသမှာ နေထိုင်ဖူးရင်ဆိုတာ ပါတယ်။ဒါကတော့ စဉ်းစရာမလိုဘူး။ မြန်မာပြည်က နေရာတိုင်းမှာ သွေးလွန်တုပ်ကွေးဖြစ်နိုင်တယ်ဆိုတော့ ဖျားပြီး အချက် ၂ ချက်ဖြစ်ပြီဆိုရင် သွေးလွန်တုပ်ကွေးဖြစ်နိုင်တယ်လို့ သံသယထားဖို့လိုတယ်’’ ဟု ပါမောက္ခ ဒေါက်တာစောဝင်းကပြောသည်။
ထို့အပြင် သွေးလွန်တုပ်ကွေးသံသယရှိပါက ဗိုက်ကိုဖိပြီးစမ်းသပ်ပါက နာကျဉ်ခြင်း၊ အစာမဝင်ဘဲ ဆက်တိုက်အန်ခြင်း၊ အဆုတ်နှင့် ဝမ်းဗိုက်အတွင်း အရည်များရှိနိုင်ခြင်းတို့ကို စမ်းသပ်သိရှိနိုင်ကြောင်း သိရသည်။
အေဒီးစ်ခေါ် နေ့ဘက်တွင်အထွက်များသော ရောဂါပိုး သယ်ဆောင်ထားသည့်ခြင်က လူသို့ကိုက်ရာမှ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခြင်းဖြစ်ပြီး အဖျားကြီးခြင်း၊ ကိုယ်ပူချိန်လုံးဝမကျခြင်း၊ ကလေးမှိန်းနေခြင်း၊ ကော်ဖီရောင်အန်ခြင်း၊ ဝမ်းအမည်းသွားခြင်း၊ ခန္ဓာကိုယ်တွင်အနီစက်များထွက်ပေါ်လာခြင်းတို့ သွေးလန့်သည့် လက္ခဏာများပေါ်ပေါက်တတ်ကြောင်းသိရသည်။

-  မင်းသီဟန် ( အကုန်သိ သတင်းဌာန) 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။