Skip to main content
လက္နက္မ်ား၊ မူးယစ္ေဆးဝါးမ်ားႏွင့္ဆက္စပ္ပစၥည္းမ်ားကို ပိုင္ရွင္မဲ့သိမ္းဆည္းရမိ
Ads Block

လက္နက္မ်ား၊ မူးယစ္ေဆးဝါးမ်ားႏွင့္ဆက္စပ္ပစၥည္းမ်ားကို ပိုင္ရွင္မဲ့သိမ္းဆည္းရမိ

မုိင္းဆတ္ၿမိဳ႕နယ္ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း၌ ေမာ္ေတာ္ယာဥ္ ၃ စီးအပါအဝင္ လက္နက္ခဲယမ္းမ်ား၊ မူးယစ္ေဆးဝါးမ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ားကို ပိုင္ရွင္မဲ့သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

လက္နက္မ်ား၊ မူးယစ္ေဆးဝါးမ်ားႏွင့္ဆက္စပ္ပစၥည္းမ်ားကို ပိုင္ရွင္မဲ့သိမ္းဆည္းရမိ


ရွမ္းျပည္နယ္(အေရွ႕ပုိင္း)၊ မုိင္းဆတ္ၿမိဳ႕နယ္ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း နယ္ေျမလံုၿခံဳေရး ေဆာင္ရြက္ေနသည့္ လံုၿခံဳေရးတပ္ဖြဲ႔ဝင္မ်ားသည္ နယ္ေျမလံုၿခံဳေရးလုပ္ငန္းမ်ား ေဆာင္ရြက္စဥ္ ဇြန္လ ၁၄ ရက္၊ နံနက္ ၆ နာ ရီခန္႔က မုိင္းဆတ္ၿမိဳ႕နယ္၊ ပူနားကုိေက်းရြာမွ မုိင္းခုတ္ေက်းရြာသို႔ အထြက္ေနရာတြင္ အုိက္(စ္) ၅ ကီလုိဂရမ္ ခန္႔ႏွင့္ WY စာတန္းပါစိတ္ၾကြ႐ူးသြပ္ေဆးျပား ၄ဝဝဝဝ ျပား၊ ၉ မမပစၥတိုတစ္လက္၊ ပလတ္စတစ္အိတ္ခြံ ၁၈ဝဝ အိတ္ကုိ ေတြ႔ရွိခဲ့ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါေနရာတစ္ဝုိက္အား ထပ္မံရွင္းလင္းရာ ပါဂ်ဲ႐ိုးအမ်ဳိးအစား ပုိင္ရွင္မဲ့ေမာ္ေတာ္ယာဥ္တစ္စီးေပၚမွ ဝင္ခ်က္ စတာတစ္လံုးထုိး ေသနတ္တစ္လက္၊ အမ္-၂၂ ေသနတ္ တစ္လက္၊ ပြိဳင့္-၂၂ ေသနတ္ (စႏုိက္ပါမွန္ေျပာင္းပါ) တစ္လက္၊ အမ္-၂၂ က်ည္အိမ္ ႏွစ္ခု၊ အမ္-၂၂ က်ည္ ၂၂၇ ေတာင့္၊ ဝင္ခ်က္စတာက်ည္ ၁၃ ေတာင့္၊ ၉၉၉ တံ ဆိပ္ပါ တံဆိပ္တံုးအဝုိင္းအေသးတစ္ခု၊ အႀကီးတစ္ခု၊ ပန္းသီးတံဆိပ္ပါ တံဆိပ္တံုးအဝုိင္းတစ္ခု၊ ျမင္းပ်ံတံဆိပ္ပါ တံဆိပ္တံုး အဝုိင္းတစ္ခု၊ OK တံဆိပ္ပါ တံဆိပ္တံုးအဝုိင္းတစ္ခု၊ No.1 တံဆိပ္တံုး အဝုိင္းတစ္ခု၊ No.2 တံဆိပ္ တံုး အဝိုင္းတစ္ခုတုိ႔ကို ထပ္မံေတြ႔ရွိခဲ့ေၾကာင္း သိရသည္။
ထို႔အျပင္ ညေန ၅ နာရီခဲြခန္႔တြင္ လံုၿခံဳေရးတပ္ဖြဲ႔ဝင္မ်ားသည္ မုိင္းဆတ္ၿမိဳ႕နယ္၊ အာေဆာ့ေပၚမုိးေက်းရြာအနီး ေတာင္ယာအနီးသို႔ေရာက္ရွိစဥ္ ေျမက်င္းတူး၍ ျပန္ဖုိ႔ထားသည့္ေျမပံုအား မသကၤာဖြယ္ေတြ႕ရွိခဲ့သျဖင့္ တူးေဖာ္ခဲ့ရာ ဆာလာအိတ္အတြင္းမွ ပလတ္စတစ္ျဖင့္ထုပ္ထားေသာ WY စာတန္းပါ စိတ္ၾကြ႐ူးသြပ္ေဆးျပား ၂၆ဝဝဝ ျပားကုိလည္းေကာင္း၊ ညေန ၃ နာရီ ၁၅ မိနစ္ခန္႔က မုိင္းတြမ္းေက်းရြာအနီးရွိ ပုိင္ရွင္မဲ့ဂုိေဒါင္အား ဝင္ေရာက္ရွာ ေဖြရာ ဟုိက္ဒ႐ိုကလုိရစ္အက္စစ္ ၂ဝ လီတာ၊ ပလတ္စတစ္ေရပံုးအႀကီး တစ္လံုး၊ အလတ္ ႏွစ္လံုး၊ မူးယစ္ေဆး ဝါးခ်က္လုပ္ရာတြင္ အသံုးျပဳသည့္ ဖန္ေျပာင္းျပြန္အႀကီးတစ္ခု၊ ေဆးျပား႐ိုက္ရာတြင္ အသံုးျပဳသည့္ သံမႈိ ၃၉ ေခ်ာင္း၊ ေဆးျပား႐ိုက္ရာတြင္ အသံုးျပဳသည့္ အင္ဂ်င္အစိတ္အပုိင္း ႏွစ္ခု၊ ႐ိုက္မႈိအသံုးျပဳသည့္ကြင္းျပား ၂ဝ ျပား၊ E-M အမ်ဳိးအစား ေမာ္တာတစ္လံုး၊ အခ်င္း ၁ ေပရွိ လက္ကုိင္ကြင္းပါ ဒန္ကေတာ့ႏွစ္ခု၊ အလ်ား ၂ ေပ အနံ ၁ ေပခြဲရွိ ေလးေထာင့္စတီးလင္ပန္းသံုးခ်ပ္၊ ေပါင္းအုပ္ ၃၄ လံုး၊ ဂက္စ္အုိးႏွစ္လံုး၊ အခ်င္း ၃ ေပခန္႔ရွိ ဒန္ဇလားသံုးလံုး၊ AVANZA အမ်ဳိးအစား လုိင္စင္မဲ့ေမာ္ေတာ္ယာဥ္တစ္စီး၊ VIGO အမ်ဳိးအစားလုိင္စင္မဲ့ ေမာ္ေတာ္ယာဥ္တစ္စီးတု႔ိကုိ ေတြ႔ရွိခဲ့ေၾကာင္း သိရသည္။
ယင္းအျပင္ မြန္းလြဲ ၁၂ နာရီ ၄၅ မိနစ္ခန္႔က ပူနားကုိေက်းရြာအနီးတစ္ဝုိက္ ထပ္မံရွင္းလင္းရာ WY စာတန္းပါ စိတ္ၾကြ႐ူးသြပ္ေဆးျပား ၄ဝဝဝဝ ျပားအားလည္းေကာင္း၊ နံနက္ ၇ နာရီ ၄၅ မိနစ္ခန္႔က မုိင္းဆတ္ၿမိဳ႕နယ္၊ မယ္ၾကဳတ္ေက်းရြာအတြင္း ဝင္ေရာက္ရွင္းလင္းရာ လူေနထုိင္ျခင္းမရွိသည့္ ေနအိမ္အတြင္းမွ WY စာတန္းပါ စိတ္ၾကြ႐ူးသြပ္ေဆးျပား ၂၂ဝဝဝ ျပား၊ WY ေဆးျပားခ်က္လုပ္ရာတြင္ အသံုးျပဳသည့္ ပန္းေရာင္ေဆးမႈန္႔ သုည ဒသမ ၂၅ ကီလုိဂရမ္၊ အျဖဴေရာင္ေဆးမႈန္႔ သုည ဒသမ ၂၅ ကီလုိဂရမ္ႏွင့္ ၾကက္ေသြးေရာင္ေဆးမႈန္႔ ၁၉ ဒသမ ၂၅ ကီလုိဂရမ္ခန္႔၊ ဘိန္းမည္း ၁ ကီလုိဂရမ္ခန္႔၊ ဘိန္းျဖဴ သုည ဒသမ ၄၅ ကီလုိဂရမ္ခန္႔၊ ဝင္ခ်က္စတာေသနတ္ တစ္လက္၊ လက္လုပ္ေလေသနတ္ တစ္လက္၊ ေဆးျပား႐ိုက္စက္ျဖင့္ တြဲလ်က္အသံုးျပဳသည့္ စက္ႏွစ္လံုး၊ အပူ ေပးစက္ ႏွစ္လံုး၊ ဂက္စ္အုိး ၂ဝ လံုးႏွင့္ မီးစက္အေသးႏွစ္လံုးတို႔အားလည္းေကာင္း၊ မုိင္းဆတ္ၿမိဳ႕နယ္၊ မယ္ ၾကဳတ္ေက်းရြာအနီး ထပ္မံရွင္းလင္းစဥ္ လူသြားလမ္းေဘး၌ ပစ္ထားေသာပလတ္စတစ္အိတ္အတြင္းမွ WY စာတန္းပါစိတ္ၾကြ႐ူးသြပ္ေဆးျပား ၂၃၅ ျပား၊ ေအေက-၄၇ က်ည္ ငါးေတာင့္တုိ႔အားလည္းေကာင္း ပုိင္ရွင္မဲ့သိမ္း ဆည္းရမိခဲ့ေၾကာင္း သိရသည္။
- ႏိုင္မင္းလြင္( အကုန္သိသတင္းဌာန ) | ဓာတ္ပုံ-တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး

Unicode Version

 

မိုင်းဆတ်မြို့နယ်နှင့် တာချီလိတ်မြို့နယ်အတွင်း၌ မော်တော်ယာဉ် ၃ စီးအပါအဝင် လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်နှင့် တာချီလိတ်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ဇွန်လ ၁၄ ရက်၊ နံနက် ၆ နာ ရီခန့်က မိုင်းဆတ်မြို့နယ်၊ ပူနားကိုကျေးရွာမှ မိုင်းခုတ်ကျေးရွာသို့ အထွက်နေရာတွင် အိုက်(စ်) ၅ ကီလိုဂရမ် ခန့်နှင့် WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၄ဝဝဝဝ ပြား၊ ၉ မမပစ္စတိုတစ်လက်၊ ပလတ်စတစ်အိတ်ခွံ ၁၈ဝဝ အိတ်ကို တွေ့ရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါနေရာတစ်ဝိုက်အား ထပ်မံရှင်းလင်းရာ ပါဂျဲရိုးအမျိုးအစား ပိုင်ရှင်မဲ့မော်တော်ယာဉ်တစ်စီးပေါ်မှ ဝင်ချက် စတာတစ်လုံးထိုး သေနတ်တစ်လက်၊ အမ်-၂၂ သေနတ် တစ်လက်၊ ပွိုင့်-၂၂ သေနတ် (စနိုက်ပါမှန်ပြောင်းပါ) တစ်လက်၊ အမ်-၂၂ ကျည်အိမ် နှစ်ခု၊ အမ်-၂၂ ကျည် ၂၂၇ တောင့်၊ ဝင်ချက်စတာကျည် ၁၃ တောင့်၊ ၉၉၉ တံ ဆိပ်ပါ တံဆိပ်တုံးအဝိုင်းအသေးတစ်ခု၊ အကြီးတစ်ခု၊ ပန်းသီးတံဆိပ်ပါ တံဆိပ်တုံးအဝိုင်းတစ်ခု၊ မြင်းပျံတံဆိပ်ပါ တံဆိပ်တုံး အဝိုင်းတစ်ခု၊ OK တံဆိပ်ပါ တံဆိပ်တုံးအဝိုင်းတစ်ခု၊ No.1 တံဆိပ်တုံး အဝိုင်းတစ်ခု၊ No.2 တံဆိပ် တုံး အဝိုင်းတစ်ခုတို့ကို ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ညနေ ၅ နာရီခွဲခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မိုင်းဆတ်မြို့နယ်၊ အာဆော့ပေါ်မိုးကျေးရွာအနီး တောင်ယာအနီးသို့ရောက်ရှိစဉ် မြေကျင်းတူး၍ ပြန်ဖို့ထားသည့်မြေပုံအား မသင်္ကာဖွယ်တွေ့ရှိခဲ့သဖြင့် တူးဖော်ခဲ့ရာ ဆာလာအိတ်အတွင်းမှ ပလတ်စတစ်ဖြင့်ထုပ်ထားသော WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ဝဝဝ ပြားကိုလည်းကောင်း၊ ညနေ ၃ နာရီ ၁၅ မိနစ်ခန့်က မိုင်းတွမ်းကျေးရွာအနီးရှိ ပိုင်ရှင်မဲ့ဂိုဒေါင်အား ဝင်ရောက်ရှာ ဖွေရာ ဟိုက်ဒရိုကလိုရစ်အက်စစ် ၂ဝ လီတာ၊ ပလတ်စတစ်ရေပုံးအကြီး တစ်လုံး၊ အလတ် နှစ်လုံး၊ မူးယစ်ဆေး ဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဖန်ပြောင်းပြွန်အကြီးတစ်ခု၊ ဆေးပြားရိုက်ရာတွင် အသုံးပြုသည့် သံမှို ၃၉ ချောင်း၊ ဆေးပြားရိုက်ရာတွင် အသုံးပြုသည့် အင်ဂျင်အစိတ်အပိုင်း နှစ်ခု၊ ရိုက်မှိုအသုံးပြုသည့်ကွင်းပြား ၂ဝ ပြား၊ E-M အမျိုးအစား မော်တာတစ်လုံး၊ အချင်း ၁ ပေရှိ လက်ကိုင်ကွင်းပါ ဒန်ကတော့နှစ်ခု၊ အလျား ၂ ပေ အနံ ၁ ပေခွဲရှိ လေးထောင့်စတီးလင်ပန်းသုံးချပ်၊ ပေါင်းအုပ် ၃၄ လုံး၊ ဂက်စ်အိုးနှစ်လုံး၊ အချင်း ၃ ပေခန့်ရှိ ဒန်ဇလားသုံးလုံး၊ AVANZA အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး၊ VIGO အမျိုးအစားလိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီးတု့ိကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်းအပြင် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်က ပူနားကိုကျေးရွာအနီးတစ်ဝိုက် ထပ်မံရှင်းလင်းရာ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၄ဝဝဝဝ ပြားအားလည်းကောင်း၊ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က မိုင်းဆတ်မြို့နယ်၊ မယ်ကြုတ်ကျေးရွာအတွင်း ဝင်ရောက်ရှင်းလင်းရာ လူနေထိုင်ခြင်းမရှိသည့် နေအိမ်အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၂ဝဝဝ ပြား၊ WY ဆေးပြားချက်လုပ်ရာတွင် အသုံးပြုသည့် ပန်းရောင်ဆေးမှုန့် သုည ဒသမ ၂၅ ကီလိုဂရမ်၊ အဖြူရောင်ဆေးမှုန့် သုည ဒသမ ၂၅ ကီလိုဂရမ်နှင့် ကြက်သွေးရောင်ဆေးမှုန့် ၁၉ ဒသမ ၂၅ ကီလိုဂရမ်ခန့်၊ ဘိန်းမည်း ၁ ကီလိုဂရမ်ခန့်၊ ဘိန်းဖြူ သုည ဒသမ ၄၅ ကီလိုဂရမ်ခန့်၊ ဝင်ချက်စတာသေနတ် တစ်လက်၊ လက်လုပ်လေသေနတ် တစ်လက်၊ ဆေးပြားရိုက်စက်ဖြင့် တွဲလျက်အသုံးပြုသည့် စက်နှစ်လုံး၊ အပူ ပေးစက် နှစ်လုံး၊ ဂက်စ်အိုး ၂ဝ လုံးနှင့် မီးစက်အသေးနှစ်လုံးတို့အားလည်းကောင်း၊ မိုင်းဆတ်မြို့နယ်၊ မယ် ကြုတ်ကျေးရွာအနီး ထပ်မံရှင်းလင်းစဉ် လူသွားလမ်းဘေး၌ ပစ်ထားသောပလတ်စတစ်အိတ်အတွင်းမှ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၂၃၅ ပြား၊ အေကေ-၄၇ ကျည် ငါးတောင့်တို့အားလည်းကောင်း ပိုင်ရှင်မဲ့သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။
- နိုင်မင်းလွင်( အကုန်သိသတင်းဌာန ) | ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။