Skip to main content
တကၠသုိလ္၀င္တန္းေအာင္ျမင္မႈႏႈန္းမွာ မူလတန္းေနခဲ့သူဦးေရ၏ ၁၀ ရာခုိင္ႏႈန္းခန္႔ပင္မရွိဟု ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ ေျပာ
Ads Block

တကၠသုိလ္၀င္တန္းေအာင္ျမင္မႈႏႈန္းမွာ မူလတန္းေနခဲ့သူဦးေရ၏ ၁၀ ရာခုိင္ႏႈန္းခန္႔ပင္မရွိဟု ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ ေျပာ

တကၠသုိလ္၀င္တန္းေအာင္ျမင္သည့္ႏႈန္းမွာ မူလတန္းမွစေနခဲ့ေသာေက်ာင္းေနဦးေရ၏ ၁၀ ရာခုိင္နႈန္းခန္႔ပင္ မရွိေတာ့ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က ေျပာသည္။

တကၠသုိလ္၀င္တန္းေအာင္ျမင္မႈႏႈန္းမွာ မူလတန္းေနခဲ့သူဦးေရ၏ ၁၀ ရာခုိင္ႏႈန္းခန္႔ပင္မရွိဟု ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ ေျပာ


ရွမ္းျပည္နယ္၊ ေအာင္ဆုေဟာ္ဘုံဓမၼာရုံတြင္ ဇြန္လ ၁၅ ရက္ကေဒသခံျပည္သူမ်ားႏွင့္ေတြ႔ဆုံရာတြင္ ယခုကဲ့သို႔ေျပာခဲ့ျခင္းျဖစ္သည္။
“ မူလတန္းစတင္ တက္ေရာက္ခဲ့သည့္ ေက်ာင္းေနအင္အား၏ ၆၀ ရာခုိင္ႏႈန္းခန္႔သာမူလတန္းအဆင့္ ၿပီးေျမာက္ေအာင္ျမင္ေၾကာင္း၊ က်န္အင္အားမ်ားမွာေက်ာင္းျပင္ပသုိ႔ ေရာက္သြားေၾကာင္း၊ အလယ္တန္း အဆင့္တြင္လည္းအင္အားမ်ားေလ်ာ့နည္းသြားၿပီးေနာက္ တကၠသုိလ္ ၀င္တန္းေျဖဆုိသည့္ အင္အား ရာခုိင္ႏႈန္းသည္ မူလေက်ာင္းေနအင္အား၏ ၂၀ ရာခိုင္ႏႈန္းခန္႔သာက်န္ရွိေၾကာင္း၊ တကၠသုိလ္၀င္တန္း ေအာင္ျမင္သည့္အင္အားသည္ ေျဖဆုိသူ၏ ၃၀ ရာခုိင္ႏႈန္းသာရွိေၾကာင္း၊ ထုိ႔ေၾကာင့္ တကၠသုိလ္၀င္တန္း ေအာင္ျမင္သည့္အင္အားမွာမူလတန္းစတင္ေနခဲ့သည့္အင္အား၏ ၁၀ ရာခုိင္ႏႈန္းခန္႔ပင္မရွိေတာ့ပါဘူး” ဟု တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က ေျပာသည္။
ထို႔အျပင္ ဆယ္စုႏွစ္ေပါင္းမ်ားစြာၾကာသည္အခါ ႏိုင္ငံ၏အရြယ္ေရာက္ၿပီးသူအမ်ားစုမွာ မူလတန္းအဆင့္ႏွင့္ အလယ္တန္းအဆင့္သာျဖစ္ေနၿပီး တကၠသိုလ္အဆင့္ပညာတတ္အင္အား အေရအတြက္ လြန္စြာနည္းပါးေနသည္ကို ဂရုျပဳစဥ္းစားရန္လိုအပ္ေၾကာင္း ၄င္းက ဆက္ေျပာသည္။
ၿပီးခဲ့ေသာ ၂၀၁၉ ခုႏွစ္၊ မတ္လတြင္ က်င္းပခဲ့ေသာ တကၠသုိလ္၀င္တန္းစာေမးပြဲတြင္ ေျဖဆုိသူ ၈၅၁၅၂၄ ဦး ရွိခဲ့ၿပီး ေအာင္ျမင္သူဦးေရ ၂၆၇၆၉၆ဦး ျဖင့္ ေအာင္ျမင္မႈရာခုိင္ႏႈန္း ၃၁ ဒႆမ ၄၄ ရာခုိင္ႏႈန္း ရွိခဲ့သည္။

-  မင္းသီဟန္( အကုန္သိ သတင္းဌာန )

Unicode Version

 

တက္ကသိုလ်ဝင်တန်းအောင်မြင်သည့်နှုန်းမှာ မူလတန်းမှစနေခဲ့သောကျောင်းနေဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်ပင် မရှိတော့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ရှမ်းပြည်နယ်၊ အောင်ဆုဟော်ဘုံဓမ္မာရုံတွင် ဇွန်လ ၁၅ ရက်ကဒေသခံပြည်သူများနှင့်တွေ့ဆုံရာတွင် ယခုကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။
“ မူလတန်းစတင် တက်ရောက်ခဲ့သည့် ကျောင်းနေအင်အား၏ ၆၀ ရာခိုင်နှုန်းခန့်သာမူလတန်းအဆင့် ပြီးမြောက်အောင်မြင်ကြောင်း၊ ကျန်အင်အားများမှာကျောင်းပြင်ပသို့ ရောက်သွားကြောင်း၊ အလယ်တန်း အဆင့်တွင်လည်းအင်အားများလျော့နည်းသွားပြီးနောက် တက္ကသိုလ် ဝင်တန်းဖြေဆိုသည့် အင်အား ရာခိုင်နှုန်းသည် မူလကျောင်းနေအင်အား၏ ၂၀ ရာခိုင်နှုန်းခန့်သာကျန်ရှိကြောင်း၊ တက္ကသိုလ်ဝင်တန်း အောင်မြင်သည့်အင်အားသည် ဖြေဆိုသူ၏ ၃၀ ရာခိုင်နှုန်းသာရှိကြောင်း၊ ထို့ကြောင့် တက္ကသိုလ်ဝင်တန်း အောင်မြင်သည့်အင်အားမှာမူလတန်းစတင်နေခဲ့သည့်အင်အား၏ ၁၀ ရာခိုင်နှုန်းခန့်ပင်မရှိတော့ပါဘူး” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ထို့အပြင် ဆယ်စုနှစ်ပေါင်းများစွာကြာသည်အခါ နိုင်ငံ၏အရွယ်ရောက်ပြီးသူအများစုမှာ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်သာဖြစ်နေပြီး တက္ကသိုလ်အဆင့်ပညာတတ်အင်အား အရေအတွက် လွန်စွာနည်းပါးနေသည်ကို ဂရုပြုစဉ်းစားရန်လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သော ၂၀၁၉ ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဖြေဆိုသူ ၈၅၁၅၂၄ ဦး ရှိခဲ့ပြီး အောင်မြင်သူဦးရေ ၂၆၇၆၉၆ဦး ဖြင့် အောင်မြင်မှုရာခိုင်နှုန်း ၃၁ ဒဿမ ၄၄ ရာခိုင်နှုန်း ရှိခဲ့သည်။

-  မင်းသီဟန်( အကုန်သိ သတင်းဌာန )

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။