Skip to main content
ကုန္သြယ္ေရးဆုိင္ရာ လက္တုန္ ့ျပန္မႈအျဖစ္ ဗာဒံေစ့၊ ပန္းသီးနဲ ့သစ္ၾကားသီးေတြ အပါအ၀င္ အေမရိကန္ ကုန္ပစၥည္း ၂၈ မ်ဳိးကုိ အိႏၵိယက စည္းၾကပ္ခြန္ေကာက္မည္
Ads Block

ကုန္သြယ္ေရးဆုိင္ရာ လက္တုန္ ့ျပန္မႈအျဖစ္ ဗာဒံေစ့၊ ပန္းသီးနဲ ့သစ္ၾကားသီးေတြ အပါအ၀င္ အေမရိကန္ ကုန္ပစၥည္း ၂၈ မ်ဳိးကုိ အိႏၵိယက စည္းၾကပ္ခြန္ေကာက္မည္

ဗာဒံေစ့၊ပန္းသီး၊ သစ္ၾကားသီးေတြ အပါအ၀င္ အေမရိကန္ ထုတ္ကုန္ ၂၈ မ်ဳိးကုိ တနဂၤေႏြ(ဇြန္ ၁၆) ရက္ေန ့မွ စကာ အိႏၵိယက အခြန္စည္းၾကပ္သြားမွာျဖစ္ေၾကာင္း သိရပါတယ္။ နယူးေဒလီအတြက္ အေရးပါတဲ့ ကုန္သြယ္မႈအခြင့္အေရး ေပးထားမႈကုိ ၀ါရွင္တန္က ရုပ္သိမ္းသြားခဲ့ၿပီးေနာက္ပုိင္း အခုလို ကုန္သြယ္ေရး လက္တုန္ ့ျပန္မႈေပၚေပါက္လာတာပါ။
အိႏၵိယသုိ ့ ကုန္သြယ္မႈ အထူးအခြင့္အေရး(GSP) ေပးထားမႈကုိ ဇြန္ ၅ ရက္ေန ့မွစကာ ထရန္ ့က ရုပ္သိမ္းခဲ့ပါတယ္။ GSP အခြင့္အေရးဟာ အိႏၵိယအတြက္ အႀကီးမားဆုံး အက်ဳိးျဖစ္ေစကာ အေမရိကန္ေဒၚလာ ၅.၆ ဘီလီယံဖုိးခန္ ့ ကုန္ပစၥည္းေတြ အေကာက္ခြန္မဲ့ တင္ပုိ ့ခြင့္ရခဲ့ပါတယ္။ ယင္း အခြင့္အေရး ရုပ္သိမ္းခ့ဲမႈဟာ စိတ္မေကာင္းစရာျဖစ္ေၾကာင္းနဲ ့ မိမိတုိ ့ရဲ႕ အမ်ဳိးသားအက်ဳိးစီးပြားကုိ အားေပးျမွင့္တင္သြားမွာျဖစ္ေၾကာင္း အိႏၵိယက ေျပာဆုိခဲ့ပါတယ္။
အိႏၵိယဟာ ၿပီးခဲ့တဲ့ႏွစ္ ဇြန္လကတည္းက အေမရိကန္ သြင္းကုန္မ်ားစြာအေပၚ တင္သြင္းခြန္ ၁၂၀ ရာခုိင္ႏႈန္းအထိ ျမွင့္ဖုိ ့ စီစဥ္ထားခဲ့တာပါ။ သံမဏိနဲ ့အလူမီနီယံေတြအေပၚ အခြန္းတုိးျမွင့္မႈမွ အိႏၵိယကုိ ကင္းလြတ္ခြင့္ေပးဖုိ ့ေတာင္းဆုိခ်က္ကုိ ၀ါရွင္တန္က ျငင္းပယ္ခဲ့တာေၾကာင့္ ယင္း သုိ ့ စီစဥ္ခဲ့ျခင္းျဖစ္ပါတယ္။ ဒါေပမဲ့လည္း ႏွစ္ႏုိင္ငံ ကုန္သြယ္ေရးဆုိင္ရာ ေဆြးေႏြးမႈေတြ လုပ္ေနခဲ့တာေၾကာင့္ အခြန္စည္းၾကပ္မယ့္ကိစၥကုိ နယူးေဒလီက အႀကိမ္ႀကိမ္ ေရႊ ့ဆုိင္းေနခဲ့တာျဖစ္ပါတယ္။
၄င္းတုိ ့ ႏွစ္ႏုိင္ငံအၾကား ကုန္သြယ္မႈတန္ဖုိးဟာ ၂၀၁၈ ခုႏွစ္က အေမရိကန္ေဒၚလာ ၁၄၂.၁ ဘီလီယံရွိခဲ့ပါတယ္။

Ref : CNA

Unicode Version

ဗာဒံစေ့၊ပန်းသီး၊ သစ်ကြားသီးတွေ အပါအဝင် အမေရိကန် ထုတ်ကုန် ၂၈ မျိုးကို တနင်္ဂနွေ(ဇွန် ၁၆) ရက်နေ့မှ စကာ အိန္ဒိယက အခွန်စည်းကြပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ နယူးဒေလီအတွက် အရေးပါတဲ့ ကုန်သွယ်မှုအခွင့်အရေး ပေးထားမှုကို ဝါရှင်တန်က ရုပ်သိမ်းသွားခဲ့ပြီးနောက်ပိုင်း အခုလို ကုန်သွယ်ရေး လက်တုန့်ပြန်မှုပေါ်ပေါက်လာတာပါ။
အိန္ဒိယသို့ ကုန်သွယ်မှု အထူးအခွင့်အရေး(GSP) ပေးထားမှုကို ဇွန် ၅ ရက်နေ့မှစကာ ထရန့်က ရုပ်သိမ်းခဲ့ပါတယ်။ GSP အခွင့်အရေးဟာ အိန္ဒိယအတွက် အကြီးမားဆုံး အကျိုးဖြစ်စေကာ အမေရိကန်ဒေါ်လာ ၅.၆ ဘီလီယံဖိုးခန့် ကုန်ပစ္စည်းတွေ အကောက်ခွန်မဲ့ တင်ပို့ခွင့်ရခဲ့ပါတယ်။ ယင်း အခွင့်အရေး ရုပ်သိမ်းခဲ့မှုဟာ စိတ်မကောင်းစရာဖြစ်ကြောင်းနဲ့ မိမိတို့ရဲ့ အမျိုးသားအကျိုးစီးပွားကို အားပေးမြှင့်တင်သွားမှာဖြစ်ကြောင်း အိန္ဒိယက ပြောဆိုခဲ့ပါတယ်။
အိန္ဒိယဟာ ပြီးခဲ့တဲ့နှစ် ဇွန်လကတည်းက အမေရိကန် သွင်းကုန်များစွာအပေါ် တင်သွင်းခွန် ၁၂၀ ရာခိုင်နှုန်းအထိ မြှင့်ဖို့ စီစဉ်ထားခဲ့တာပါ။ သံမဏိနဲ့အလူမီနီယံတွေအပေါ် အခွန်းတိုးမြှင့်မှုမှ အိန္ဒိယကို ကင်းလွတ်ခွင့်ပေးဖို့တောင်းဆိုချက်ကို ဝါရှင်တန်က ငြင်းပယ်ခဲ့တာကြောင့် ယင်း သို့ စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမဲ့လည်း နှစ်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုတွေ လုပ်နေခဲ့တာကြောင့် အခွန်စည်းကြပ်မယ့်ကိစ္စကို နယူးဒေလီက အကြိမ်ကြိမ် ရွှေ့ဆိုင်းနေခဲ့တာဖြစ်ပါတယ်။
၎င်းတို့ နှစ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးဟာ ၂၀၁၈ ခုနှစ်က အမေရိကန်ဒေါ်လာ ၁၄၂.၁ ဘီလီယံရှိခဲ့ပါတယ်။

Ref : CNA

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။