Skip to main content
အမႈိက္ပစ္ေျမအျဖစ္မခံဟုဆုိကာ အင္ဒုိနီးရွားက အမႈိက္ကြန္တိန္နာ ငါးလုံးကုိ အေမရိကန္ျပန္ပုိ ့
Ads Block

အမႈိက္ပစ္ေျမအျဖစ္မခံဟုဆုိကာ အင္ဒုိနီးရွားက အမႈိက္ကြန္တိန္နာ ငါးလုံးကုိ အေမရိကန္ျပန္ပုိ ့

အင္ဒုိနီးရွား အစုိးရက အမႈိက္ကြန္တိန္နာ ငါးလုံးကုိ အေမရိကန္သုိ ့ ျပန္ပုိ ့ခဲ့ၿပီး မိမိတုိ ့ႏုိင္ငံအေနနဲ ့ အမႈိက္ပစ္နယ္ေျမတစ္ခုျဖစ္လာမွာ မဟုတ္ေၾကာင္း အင္ဒုိအစုိးရအရာရွိေတြက ဇြန္လ ၁၅ ရက္ေန ့မွာ ေျပာဆုိလုိက္ပါတယ္။ ဒါဟာ ႏုိင္ငံတြင္း တင္သြင္းလာတဲ့ ပလပ္စတစ္အမႈိက္ေတြကုိ မူရင္းႏုိင္ငံဆီျပန္ပုိ ့ေနတဲ့ အေရွ ့ေတာင္အာရွႏုိင္ငံေတြထဲမွာ အင္ဒုိနီးရွားလည္း ပါ၀င္လာခဲ့တာျဖစ္ပါတယ္။
အေကာက္ခြန္ဆုိင္ရာ စာရြက္စာတမ္းေတြအရ စကၠဴစုတ္ အပုိင္းအစေတြသာ ပါ၀င္တဲ့ ကြန္တိန္နာေတြျဖစ္ေၾကာင္း ေဖာ္ျပထားေပမယ့္ ပုလင္းခြံေတြ၊ ပလပ္စတစ္အမႈိက္ေတြ၊ ကေလးေသးခံေတြအပါအ၀င္ အျခား အမႈိက္ေတြလည္း ပါ၀င္ေနခဲ့ေၾကာင္း သဘာ၀ပတ္၀န္းက်င္ေရးရာ ၀န္ႀကီးဌာန အႀကီးတန္းအရာရွိတစ္ဦးျဖစ္သူ ေဆယစ္ မူဟာဒါက ေျပာပါတယ္။ ဒါဟာ မေလ်ာ္ကန္တဲ့လုပ္ရပ္ျဖစ္ၿပီး မိမိတုိ ့အေနနဲ ့ အမႈိက္ပစ္ေျမ မျဖစ္လုိေၾကာင္း မူဟာဒါက ေျပာဆုိခဲ့ပါတယ္။
ကေနဒါ ကုမၸဏီပုိင္ ယင္း ကြန္တိန္နာ ငါးလုံးဟာ ၿပီးခဲ့တဲ့ မတ္လအတြင္းက အေမရိကန္ျပည္ေထာင္စု ဆီယက္တဲလ္ကေန အင္ဒုိနီးရွားရဲ႕ ဒုတိယအႀကီးဆုံးၿမိဳ႕ ဆူရာဘယာကုိ ေရလမ္းေၾကာင္းမွ တင္ပုိ ့ခဲ့တာျဖစ္ေၾကာင္း ၄င္းက ေျပာဆုိပါတယ္။ အမႈိက္ေတြရဲ႕ မူရင္း တင္ပုိ ့ႏုိင္ငံကုိ လတ္တေလာမွာ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။
လက္ရွိမွာ အင္ဒုိနီးရွားအစုိးရဟာ ဂ်ာကာတာဆိပ္ကမ္းနဲ ့ဆူမာၾတားကၽြန္းေပၚရွိ ဘာတမ္ဆိပ္ကမ္းေတြမွာ ကြန္တိန္နာမ်ားစြာ စစ္ေဆးမႈေတြလုပ္ေနေၾကာင္း သိရပါတယ္။

Ref : CNA

Unicode Version

 

အင်ဒိုနီးရှား အစိုးရက အမှိုက်ကွန်တိန်နာ ငါးလုံးကို အမေရိကန်သို့ ပြန်ပို့ခဲ့ပြီး မိမိတို့နိုင်ငံအနေနဲ့ အမှိုက်ပစ်နယ်မြေတစ်ခုဖြစ်လာမှာ မဟုတ်ကြောင်း အင်ဒိုအစိုးရအရာရှိတွေက ဇွန်လ ၁၅ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ ဒါဟာ နိုင်ငံတွင်း တင်သွင်းလာတဲ့ ပလပ်စတစ်အမှိုက်တွေကို မူရင်းနိုင်ငံဆီပြန်ပို့နေတဲ့ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ အင်ဒိုနီးရှားလည်း ပါဝင်လာခဲ့တာဖြစ်ပါတယ်။
အကောက်ခွန်ဆိုင်ရာ စာရွက်စာတမ်းတွေအရ စက္ကူစုတ် အပိုင်းအစတွေသာ ပါဝင်တဲ့ ကွန်တိန်နာတွေဖြစ်ကြောင်း ဖော်ပြထားပေမယ့် ပုလင်းခွံတွေ၊ ပလပ်စတစ်အမှိုက်တွေ၊ ကလေးသေးခံတွေအပါအဝင် အခြား အမှိုက်တွေလည်း ပါဝင်နေခဲ့ကြောင်း သဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ ဆေယစ် မူဟာဒါက ပြောပါတယ်။ ဒါဟာ မလျော်ကန်တဲ့လုပ်ရပ်ဖြစ်ပြီး မိမိတို့အနေနဲ့ အမှိုက်ပစ်မြေ မဖြစ်လိုကြောင်း မူဟာဒါက ပြောဆိုခဲ့ပါတယ်။
ကနေဒါ ကုမ္ပဏီပိုင် ယင်း ကွန်တိန်နာ ငါးလုံးဟာ ပြီးခဲ့တဲ့ မတ်လအတွင်းက အမေရိကန်ပြည်ထောင်စု ဆီယက်တဲလ်ကနေ အင်ဒိုနီးရှားရဲ့ ဒုတိယအကြီးဆုံးမြို့ ဆူရာဘယာကို ရေလမ်းကြောင်းမှ တင်ပို့ခဲ့တာဖြစ်ကြောင်း ၎င်းက ပြောဆိုပါတယ်။ အမှိုက်တွေရဲ့ မူရင်း တင်ပို့နိုင်ငံကို လတ်တလောမှာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
လက်ရှိမှာ အင်ဒိုနီးရှားအစိုးရဟာ ဂျာကာတာဆိပ်ကမ်းနဲ့ဆူမာတြားကျွန်းပေါ်ရှိ ဘာတမ်ဆိပ်ကမ်းတွေမှာ ကွန်တိန်နာများစွာ စစ်ဆေးမှုတွေလုပ်နေကြောင်း သိရပါတယ်။

Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။