Skip to main content
ေက်ာင္းဆရာနဲ႔ ဆရာဝန္ လစာမ်ား ၂ ဆ အထိ တုိးႁမွင့္ေတာ့မည္
Ads Block

ေက်ာင္းဆရာနဲ႔ ဆရာဝန္ လစာမ်ား ၂ ဆ အထိ တုိးႁမွင့္ေတာ့မည္

ႏုိင္ငံတြင္း ေပ်ာ္႐ႊင္ၿငိမ္းခ်မ္းမႈကုိ ဦးစားေပးျဖည့္ဆည္းေနတဲ့ ဘူတန္ႏုိင္ငံဟာ ေက်ာင္းဆရာနဲ႔ ဆရာဝန္ေတြရဲ႕ လစာကုိ ၂ ဆအထိ တုိးႁမွင့္ေပးေတာ့မည္ျဖစ္ေၾကာင္း ဇြန္ ၁၅ ရက္ေန႔မွာ သတင္းရရွိပါတယ္။
အဆုိပါ လစာတုိးႁမွင့္ေရးမူၾကမ္းကုိ ဘူတန္ဝန္ႀကီးခ်ဳပ္ လုိေတးရွားရင္းက ေဖာ္ေဆာင္တင္သြင္းခဲ့ရာ ေအာက္လႊတ္ေတာ္ရဲ႕ ေထာက္ခံခြင့္ျပဳခ်က္ကုိ ရရွိခဲ့ၿပီျဖစ္ပါတယ္။
သုိ႔ျဖစ္ရာ ေက်ာင္းဆရာ၊ ဆရာမမ်ားအေနျဖင့္ လုပ္သက္ ၁၀ ႏွစ္ေက်ာ္ပါက လစာ အံဂါလ္ထရန္ ၄ ေသာင္း (ကန္ေဒၚလာ ၅၇၀) နဲ႔ ခြင့္ျပဳေငြစသည္တုိ႔လည္း ခံစားခြင့္ရွိေတာ့မွာ ျဖစ္ပါတယ္။ ဆရာဝန္မ်ားမွာေတာ့ လုပ္သက္ ၉ ႏွစ္ေက်ာ္သူေတြအတြက္ လစာ အံဂါလ္ထရန္ ၂၈,၀၀၀ မွ ၃၇,၀၀၀ အထိ တုိးႁမွင့္ေပးေတာ့မွာ ျဖစ္ပါတယ္။
က်န္အစုိးရဝန္ထမ္းေတြမွာေတာ့ လစာဟာ ၃၆ ရာခုိင္ႏႈန္းခန္႔ တုိးျမင့္မည္ျဖစ္ၿပီး အၿငိမ္းစား အက်ိဳးခံစားခြင့္ေတြနဲ႔ အိမ္ငွားစရိတ္ ခြင့္ျပဳေငြ စသည္တုိ႔လည္း ရရွိမည္ဟု သိရပါတယ္။ ဒါေပမဲ့ ဝန္ႀကီးခ်ဳပ္လစာကေတာ့ ၆ ရာခုိင္ႏႈန္းသာ တုိးမည္ဟု ဆုိပါတယ္။
ဘူတန္တြင္ အစုိးရဝန္ထမ္းအျဖစ္ အသက္ေမြးလုိသူေတြဟာ ေက်ာင္းဆရာလုပ္ရန္ ဝန္ေလး ေလ့ရွိၾကၿပီး အျခားအလုပ္အကုိင္မ်ား ေလွ်ာက္ထားရန္ မတတ္ႏုိင္ေတာ့မွသာ ေ႐ြးခ်ယ္ေလ့ရွိပါတယ္။
စီးပြားေရးဖြံ႕ၿဖိဳးမႈထက္ ေပ်ာ္႐ႊင္ေအးခ်မ္းေရးကုိ အေျခခံထားတဲ့ ဘူတန္ ဘုရင့္ႏုိင္ငံဟာ သာယာ တယ္လုိ႔ ဆုိႏုိင္ေပမယ့္ ၄င္းမွာလည္း အဂတိလုိက္စားမႈ၊ ေက်းလက္ေဒသ ဆင္းရဲႏြမ္းပါးမႈ၊ လူငယ္အလုပ္လက္မဲ့ မ်ားျပားမႈ၊ ရာဇဝတ္ဂုိဏ္း စတဲ့ျပႆနာေတြ ရွိေနပါေသးတယ္။

(Ref : AFP)

Unicode Version

 

 

နိုင်ငံတွင်း ပျော်ရွှင်ငြိမ်းချမ်းမှုကို ဦးစားပေးဖြည့်ဆည်းနေတဲ့ ဘူတန်နိုင်ငံဟာ ကျောင်းဆရာနဲ့ ဆရာဝန်တွေရဲ့ လစာကို ၂ ဆအထိ တိုးမြှင့်ပေးတော့မည်ဖြစ်ကြောင်း ဇွန် ၁၅ ရက်နေ့မှာ သတင်းရရှိပါတယ်။
အဆိုပါ လစာတိုးမြှင့်ရေးမူကြမ်းကို ဘူတန်ဝန်ကြီးချုပ် လိုတေးရှားရင်းက ဖော်ဆောင်တင်သွင်းခဲ့ရာ အောက်လွှတ်တော်ရဲ့ ထောက်ခံခွင့်ပြုချက်ကို ရရှိခဲ့ပြီဖြစ်ပါတယ်။
သို့ဖြစ်ရာ ကျောင်းဆရာ၊ ဆရာမများအနေဖြင့် လုပ်သက် ၁၀ နှစ်ကျော်ပါက လစာ အံဂါလ်ထရန် ၄ သောင်း (ကန်ဒေါ်လာ ၅၇၀) နဲ့ ခွင့်ပြုငွေစသည်တို့လည်း ခံစားခွင့်ရှိတော့မှာ ဖြစ်ပါတယ်။ ဆရာဝန်များမှာတော့ လုပ်သက် ၉ နှစ်ကျော်သူတွေအတွက် လစာ အံဂါလ်ထရန် ၂၈,၀၀၀ မှ ၃၇,၀၀၀ အထိ တိုးမြှင့်ပေးတော့မှာ ဖြစ်ပါတယ်။
ကျန်အစိုးရဝန်ထမ်းတွေမှာတော့ လစာဟာ ၃၆ ရာခိုင်နှုန်းခန့် တိုးမြင့်မည်ဖြစ်ပြီး အငြိမ်းစား အကျိုးခံစားခွင့်တွေနဲ့ အိမ်ငှားစရိတ် ခွင့်ပြုငွေ စသည်တို့လည်း ရရှိမည်ဟု သိရပါတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ်လစာကတော့ ၆ ရာခိုင်နှုန်းသာ တိုးမည်ဟု ဆိုပါတယ်။
ဘူတန်တွင် အစိုးရဝန်ထမ်းအဖြစ် အသက်မွေးလိုသူတွေဟာ ကျောင်းဆရာလုပ်ရန် ဝန်လေး လေ့ရှိကြပြီး အခြားအလုပ်အကိုင်များ လျှောက်ထားရန် မတတ်နိုင်တော့မှသာ ရွေးချယ်လေ့ရှိပါတယ်။
စီးပွားရေးဖွံ့ဖြိုးမှုထက် ပျော်ရွှင်အေးချမ်းရေးကို အခြေခံထားတဲ့ ဘူတန် ဘုရင့်နိုင်ငံဟာ သာယာ တယ်လို့ ဆိုနိုင်ပေမယ့် ၎င်းမှာလည်း အဂတိလိုက်စားမှု၊ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု၊ လူငယ်အလုပ်လက်မဲ့ များပြားမှု၊ ရာဇဝတ်ဂိုဏ်း စတဲ့ပြဿနာတွေ ရှိနေပါသေးတယ်။

(Ref : AFP)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။