Skip to main content
အိႏၵိယတြင္ လူနာေသဆုံးရမႈအတြက္ အငယ္တန္းဆရာဝန္မ်ား ရန္ျပဳတုိက္ခုိက္ခံရၿပီးေနာက္ ဆရာဝန္ ၃ ေသာင္းခန္႔ သပိတ္ေမွာက္
Ads Block

အိႏၵိယတြင္ လူနာေသဆုံးရမႈအတြက္ အငယ္တန္းဆရာဝန္မ်ား ရန္ျပဳတုိက္ခုိက္ခံရၿပီးေနာက္ ဆရာဝန္ ၃ ေသာင္းခန္႔ သပိတ္ေမွာက္

အိႏၵိယႏုိင္ငံမွာ အငယ္တန္းဆရာဝန္ ၃ ဦး ေဆး႐ုံထဲ တုိက္ခုိက္ခံရျခင္းနဲ႔စပ္လ်ဥ္းၿပီး တစ္ႏိုင္ငံလုံးအႏွံ႔ ဆရာဝန္ေပါင္း ေသာင္းဂဏန္းအထိ သပိတ္ေမွာက္ကုန္ၾကတဲ့အတြက္ အစုိးရေဆး႐ုံအေတာ္မ်ားမ်ား ရပ္ဆုိင္းေနၾကပါတယ္။

အိႏၵိယတြင္ လူနာေသဆုံးရမႈအတြက္ အငယ္တန္းဆရာဝန္မ်ား ရန္ျပဳတုိက္ခုိက္ခံရၿပီးေနာက္ ဆရာဝန္ ၃ ေသာင္းခန္႔ သပိတ္ေမွာက္

အဆိုပါသပိတ္ဟာ အေနာက္ဘန္ေဂါျပည္နယ္မွာ အျပင္းထန္ဆုံးျဖစ္ၿပီး အစုိးရေဆး႐ုံ ၁၃ ခုခန္႔ ရပ္ဆုိင္းေနေၾကာင္း သိရပါတယ္။ တုိက္ခုိက္ခံရတဲ့ အငယ္တန္းဆရာဝန္ ၃ ဦးဟာ အေနာက္  ဘန္ေဂါျပည္နယ္ရဲ႕ၿမိဳ႕ေတာ္ ကာလကတၱားမွ ျဖစ္ၾကပါတယ္။

ကုသဆဲ လူနာ ၁ ဦး ေသဆုံးခဲ့ရျခင္းနဲ႔ပတ္သက္ၿပီး လူနာရွင္မိသားစုက ၄င္းတုိ႔ ၃ ဦးကုိ ဇြန္လ ၁၀ ရက္ေန႔ ကာလကတၱား NRS ေဆးေကာလိပ္မွာ ရန္ျပဳတုိက္ခုိက္ခဲ့ၾကပါတယ္။ ထုိျဖစ္ရပ္မွာ ၃ ဦးစလုံး ဒဏ္ရာျပင္းစြာရရွိခဲ့ၿပီး မခံမရပ္ႏုိင္ျဖစ္ရတဲ့ က်န္ဆရာဝန္ေတြကလည္း ဆႏၵျပ ၊ သပိတ္ေမွာက္ လာခဲ့ၾကပါတယ္။

သပိတ္ဟာ ကနဦးမွာေတာ့ အေနာက္ဘန္ေဂါမွာပဲ ျဖစ္ပြားေနခဲ့ၿပီး ဆရာဝန္ေတြဘက္ကလည္း ၄င္းတုိ႔ရဲ႕လုံျခဳံေရးအတြက္ အစုိးရအား ဆႏၵျပ၊ အေရးဆုိ႐ုံမွ်သာ ရွိခဲ့ပါတယ္။ ဒါေပမဲ့ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ဟာ ထုိသပိတ္ေမွာက္ဆရာဝန္ေတြကုိ ဇြန္ ၁၃ ရက္ေန႔မွာ ႐ႈတ္ခ်ျပစ္တင္လုိက္ၿပီး ရဲသားေတြဆုိလွ်င္ လုပ္ေဖာ္ကုိင္ဖက္တစ္ဦး ေသရလွ်င္ေတာင္ သပိတ္မေမွာက္ေၾကာင္း စသည္ျဖင့္ ေျပာလုိက္ရာ က်န္ျပည္နယ္ေတြမွ ဆရာဝန္ေတြလည္း သပိတ္ေမွာက္ပါေတာ့တယ္။

ဇြန္ ၁၄ ရက္ေန႔ ႏုိင္ငံတစ္ဝန္း သပိတ္ပြဲမွာ ဆရာဝန္ ၃ ေသာင္းခန္႔ ပါဝင္ ဆႏၵထုတ္ေဖာ္ေနၿပီး တစ္ရက္သပိတ္သာျဖစ္ေၾကာင္း သိရပါတယ္။ အေျခအေနမ်ား ပုိမုိနဲ႔ဆက္လက္ မတင္းမာ ေစရန္အတြက္ အစုိးရအဖြဲ႕ က်န္းမာေရးဝန္ႀကီးက ေျဖာင္းဖ်ေျပာဆုိေနပါတယ္။

ဇြန္ ၁၅ ရက္ေန႔မွာေတာ့ AIIMS မွ ဆရာဝန္ေတြဟာ အေနာက္ဘန္ေဂါဆရာဝန္ေတြ ေတာင္းဆုိသည္ မ်ားကုိ ၄၈ နာရီအတြင္း ျပည္နယ္ဝန္ႀကီးခ်ဳပ္က မလုိက္ေလ်ာပါက သပိတ္ထပ္ေမွာက္မည္ဟု ရာဇသံေပးလုိက္ပါတယ္။

အိႏၵိယဟာ ၂၀၁၇/၁၈ ခုႏွစ္တုန္းကဆုိလွ်င္ က်န္းမာေရးက႑အတြက္ GDP ရဲ႕ ၁.၄ ရာခုိင္ႏႈန္း ကုိသာ အသုံးျပဳခဲ့ပါတယ္။ သုိ႔ျဖစ္ရာ ျပည္သူ႕က်န္းမာေရးဝန္ေဆာင္မႈေတြဟာလည္း စရိတ္သက္သာ ေပမယ့္ အရည္အေသြးမျပည့္မီႏုိင္ ျဖစ္ရပါတယ္။

(Ref : Reuters)

Unicode Version

 

အိန္ဒိယနိုင်ငံမှာ အငယ်တန်းဆရာဝန် ၃ ဦး ဆေးရုံထဲ တိုက်ခိုက်ခံရခြင်းနဲ့စပ်လျဉ်းပြီး တစ်နိုင်ငံလုံးအနှံ့ ဆရာဝန်ပေါင်း သောင်းဂဏန်းအထိ သပိတ်မှောက်ကုန်ကြတဲ့အတွက် အစိုးရဆေးရုံအတော်များများ ရပ်ဆိုင်းနေကြပါတယ်။

အဆိုပါသပိတ်ဟာ အနောက်ဘန်ဂေါပြည်နယ်မှာ အပြင်းထန်ဆုံးဖြစ်ပြီး အစိုးရဆေးရုံ ၁၃ ခုခန့် ရပ်ဆိုင်းနေကြောင်း သိရပါတယ်။ တိုက်ခိုက်ခံရတဲ့ အငယ်တန်းဆရာဝန် ၃ ဦးဟာ အနောက်  ဘန်ဂေါပြည်နယ်ရဲ့မြို့တော် ကာလကတ္တားမှ ဖြစ်ကြပါတယ်။

ကုသဆဲ လူနာ ၁ ဦး သေဆုံးခဲ့ရခြင်းနဲ့ပတ်သက်ပြီး လူနာရှင်မိသားစုက ၎င်းတို့ ၃ ဦးကို ဇွန်လ ၁၀ ရက်နေ့ ကာလကတ္တား NRS ဆေးကောလိပ်မှာ ရန်ပြုတိုက်ခိုက်ခဲ့ကြပါတယ်။ ထိုဖြစ်ရပ်မှာ ၃ ဦးစလုံး ဒဏ်ရာပြင်းစွာရရှိခဲ့ပြီး မခံမရပ်နိုင်ဖြစ်ရတဲ့ ကျန်ဆရာဝန်တွေကလည်း ဆန္ဒပြ ၊ သပိတ်မှောက် လာခဲ့ကြပါတယ်။

သပိတ်ဟာ ကနဦးမှာတော့ အနောက်ဘန်ဂေါမှာပဲ ဖြစ်ပွားနေခဲ့ပြီး ဆရာဝန်တွေဘက်ကလည်း ၎င်းတို့ရဲ့လုံခြုံရေးအတွက် အစိုးရအား ဆန္ဒပြ၊ အရေးဆိုရုံမျှသာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ပြည်နယ် ဝန်ကြီးချုပ်ဟာ ထိုသပိတ်မှောက်ဆရာဝန်တွေကို ဇွန် ၁၃ ရက်နေ့မှာ ရှုတ်ချပြစ်တင်လိုက်ပြီး ရဲသားတွေဆိုလျှင် လုပ်ဖော်ကိုင်ဖက်တစ်ဦး သေရလျှင်တောင် သပိတ်မမှောက်ကြောင်း စသည်ဖြင့် ပြောလိုက်ရာ ကျန်ပြည်နယ်တွေမှ ဆရာဝန်တွေလည်း သပိတ်မှောက်ပါတော့တယ်။

ဇွန် ၁၄ ရက်နေ့ နိုင်ငံတစ်ဝန်း သပိတ်ပွဲမှာ ဆရာဝန် ၃ သောင်းခန့် ပါဝင် ဆန္ဒထုတ်ဖော်နေပြီး တစ်ရက်သပိတ်သာဖြစ်ကြောင်း သိရပါတယ်။ အခြေအနေများ ပိုမိုနဲ့ဆက်လက် မတင်းမာ စေရန်အတွက် အစိုးရအဖွဲ့ ကျန်းမာရေးဝန်ကြီးက ဖြောင်းဖျပြောဆိုနေပါတယ်။

ဇွန် ၁၅ ရက်နေ့မှာတော့ AIIMS မှ ဆရာဝန်တွေဟာ အနောက်ဘန်ဂေါဆရာဝန်တွေ တောင်းဆိုသည် များကို ၄၈ နာရီအတွင်း ပြည်နယ်ဝန်ကြီးချုပ်က မလိုက်လျောပါက သပိတ်ထပ်မှောက်မည်ဟု ရာဇသံပေးလိုက်ပါတယ်။

အိန္ဒိယဟာ ၂၀၁၇/၁၈ ခုနှစ်တုန်းကဆိုလျှင် ကျန်းမာရေးကဏ္ဍအတွက် GDP ရဲ့ ၁.၄ ရာခိုင်နှုန်း ကိုသာ အသုံးပြုခဲ့ပါတယ်။ သို့ဖြစ်ရာ ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုတွေဟာလည်း စရိတ်သက်သာ ပေမယ့် အရည်အသွေးမပြည့်မီနိုင် ဖြစ်ရပါတယ်။

(Ref : Reuters)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။