Skip to main content
ေဟာင္ေကာင္တြင္ လူ တစ္သန္းခန္႔ ကန္႔ကြက္ဆႏၵျပေနၾကတဲ့ တရားခံလႊဲေျပာင္းေရး ဥပေဒမူၾကမ္း အကန္႔အသတ္မရွိ ဆိုင္းငံ့သြား
Ads Block

ေဟာင္ေကာင္တြင္ လူ တစ္သန္းခန္႔ ကန္႔ကြက္ဆႏၵျပေနၾကတဲ့ တရားခံလႊဲေျပာင္းေရး ဥပေဒမူၾကမ္း အကန္႔အသတ္မရွိ ဆိုင္းငံ့သြား

ေဟာင္ေကာင္မွာ လူ ၁ သန္းခန္႔ လမ္းေပၚထြက္ ဆႏၵျပကုန္ၾကတဲ့အထိ ဂယက္႐ုိက္သြားေစခဲ့တဲ့ တ႐ုတ္ျပည္သုိ႔ တရားခံလႊဲေျပာင္းေရး ဥပေဒမူၾကမ္းဟာ ဇြန္ ၁၅ ရက္ေန႔မွာေတာ့ အကန္႔အသတ္မရွိ ဆုိင္းငံ့ခံလုိက္ရၿပီ ျဖစ္ပါတယ္။

ေဟာင္ေကာင္တြင္ လူ တစ္သန္းခန္႔ ကန္႔ကြက္ဆႏၵျပေနၾကတဲ့ တရားခံလႊဲေျပာင္းေရး ဥပေဒမူၾကမ္း အကန္႔အသတ္မရွိ ဆိုင္းငံ့သြား

ျပည္မႀကီးလုိလားသူ အမတ္ေတြ ျပ႒ာန္းလုိၾကတဲ့ အဆုိပါဥပေဒမူၾကမ္းဟာ တ႐ုတ္အစုိးရအေနျဖင့္ ေဟာင္ေကာင္ကၽြန္းတြင္ မည္သူမဆုိကုိ တံခါးမရွိဓါးမရွိ ဝင္ေရာက္လႊဲေျပာင္းယူႏုိင္ေၾကာင္း ေရးဆြဲထားျခင္းျဖစ္ၿပီး ၄င္းဟာ ေဟာင္ေကာင္သားေတြအျပင္ ကၽြန္းေပၚေရာက္ တုိင္းတစ္ပါးသား အတြက္လည္း အက်ဳံးဝင္ေနပါတယ္။

ထုိမူၾကမ္းဟာ ေဟာင္ေကာင္ရဲ႕ အထူးအုပ္ခ်ဳပ္ခြင့္ကုိ ထိပါးျခင္းျဖစ္ၿပီး ျပည္မႀကီးအစုိးရရဲ႕ ၿခိမ္းေျခာက္မႈေအာက္သုိ႔ က်ေရာက္ရေတာ့မည္ဟု အဓိပၸါယ္သက္ေရာက္ေနပါတယ္။ ဒါ့ေၾကာင့္ ဇြန္လ ၉ ရက္ေန႔ကစၿပီး လူတစ္သန္းခန္႔ လမ္းေပၚထြက္ ဆႏၵျပခဲ့ၾကရာ ရဲတပ္ဖြဲ႕ကလည္း မ်က္ရည္ယုိဗုံးမ်ား၊ ရာဘာက်ည္မ်ားျဖင့္ အင္အားသုံးၿဖိဳခြဲခဲ့အတြက္ ၿမိဳ႕ပ်က္ႀကီးသဖြယ္ အေျခအေနမ်ား ဆုိး႐ြားလာခဲ့ပါတယ္။

ယင္းျဖစ္ရပ္မ်ားအေၾကာင္း ၿမိဳ႕ေတာ္အစုိးရအဖြဲ႕အတြင္း ႏွစ္ရက္ၾကာ ေဆြးေႏြးခဲ့ၿပီးေနာက္မွာေတာ့ အဆုိပါဥပေဒျပင္ဆင္ခ်က္မူၾကမ္းကုိ အကန္႔အသတ္မရွိ ဆုိင္းငံ့ရန္ ဆုံးျဖတ္ခဲ့ၾကေၾကာင္း ၿမိဳ႕ေတာ္ အုပ္ခ်ဳပ္ေရးမႈး ကယ္ရီလမ္က ထုတ္ျပန္ေျပာၾကားလိုက္ပါတယ္။

ေဟာင္ေကာင္ဥပေဒျပဳအဖြဲ႕ဝင္နဲ႔ တ႐ုတ္ပါလီမန္အမတ္တစ္ဦးျဖစ္သူ မုိက္ကယ္တီယန္ကေတာ့ ၄င္းဥပေဒမူၾကမ္းကုိ ပယ္ဖ်က္႐ုပ္သိမ္းရန္ မျဖစ္ႏုိင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ကယ္ရီလမ္ကေတာ့ ေဟာင္ေကာင္ဟာ တရားခံေျပးေတြ ပုန္းေအာင္းရာ ၿမိဳ႕ႀကီးသဖြယ္ ျဖစ္ေန တာေၾကာင့္ တရားခံလႊဲေျပာင္းေရးဥပေဒကုိ ျပ႒ာန္းရန္လုိအပ္ေၾကာင္း ရွင္းလင္းေျပာၾကား ထားပါတယ္။ ဒါေပမဲ့ ေဝဖန္ဆန္႔က်င္သူေတြကေတာ့ တ႐ုတ္ကြန္ျမဴနစ္အစုိးရဟာ ႏွိပ္စက္ စစ္ေၾကာၿပီး မတရားေျဖာင့္ခ်က္ေပးခုိင္းတဲ့ နာမည္ဆုိး ရွိတာေၾကာင့္ ထုိမူၾကမ္းဟာ အႏၲရာယ္ႀကီး ေၾကာင္း ေျပာၾကပါတယ္။

၄င္းမူၾကမ္းအား ကန္႔ကြက္ဆႏၵျပသူေတြဟာ ဇြန္ ၁၆ ရက္ေန႔မွာလည္း ထပ္မံခ်ီတက္ၾကဦးမည္ျဖစ္ၿပီး ထုိပြဲမွာေတာ့ မူၾကမ္း အျပည့္အဝ႐ုပ္သိမ္းေရးအျပင္ လြန္ခဲ့တဲ့ဆႏၵျပပြဲေတြမွာ ရဲတပ္ဖြဲ႕ရဲ႕ အင္အား အလြန္အမင္းသုံး ၿဖိဳခြဲပုံအေၾကာင္း အေရးဆုိ ဆႏၵျပမယ္လို႔ သိရပါတယ္။

(Ref : Reuters)

Unicode Version

 

ဟောင်ကောင်မှာ လူ ၁ သန်းခန့် လမ်းပေါ်ထွက် ဆန္ဒပြကုန်ကြတဲ့အထိ ဂယက်ရိုက်သွားစေခဲ့တဲ့ တရုတ်ပြည်သို့ တရားခံလွှဲပြောင်းရေး ဥပဒေမူကြမ်းဟာ ဇွန် ၁၅ ရက်နေ့မှာတော့ အကန့်အသတ်မရှိ ဆိုင်းငံ့ခံလိုက်ရပြီ ဖြစ်ပါတယ်။

ပြည်မကြီးလိုလားသူ အမတ်တွေ ပြဋ္ဌာန်းလိုကြတဲ့ အဆိုပါဥပဒေမူကြမ်းဟာ တရုတ်အစိုးရအနေဖြင့် ဟောင်ကောင်ကျွန်းတွင် မည်သူမဆိုကို တံခါးမရှိဓါးမရှိ ဝင်ရောက်လွှဲပြောင်းယူနိုင်ကြောင်း ရေးဆွဲထားခြင်းဖြစ်ပြီး ၎င်းဟာ ဟောင်ကောင်သားတွေအပြင် ကျွန်းပေါ်ရောက် တိုင်းတစ်ပါးသား အတွက်လည်း အကျုံးဝင်နေပါတယ်။

ထိုမူကြမ်းဟာ ဟောင်ကောင်ရဲ့ အထူးအုပ်ချုပ်ခွင့်ကို ထိပါးခြင်းဖြစ်ပြီး ပြည်မကြီးအစိုးရရဲ့ ခြိမ်းခြောက်မှုအောက်သို့ ကျရောက်ရတော့မည်ဟု အဓိပ္ပါယ်သက်ရောက်နေပါတယ်။ ဒါ့ကြောင့် ဇွန်လ ၉ ရက်နေ့ကစပြီး လူတစ်သန်းခန့် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြရာ ရဲတပ်ဖွဲ့ကလည်း မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်များဖြင့် အင်အားသုံးဖြိုခွဲခဲ့အတွက် မြို့ပျက်ကြီးသဖွယ် အခြေအနေများ ဆိုးရွားလာခဲ့ပါတယ်။

ယင်းဖြစ်ရပ်များအကြောင်း မြို့တော်အစိုးရအဖွဲ့အတွင်း နှစ်ရက်ကြာ ဆွေးနွေးခဲ့ပြီးနောက်မှာတော့ အဆိုပါဥပဒေပြင်ဆင်ချက်မူကြမ်းကို အကန့်အသတ်မရှိ ဆိုင်းငံ့ရန် ဆုံးဖြတ်ခဲ့ကြကြောင်း မြို့တော် အုပ်ချုပ်ရေးမှုး ကယ်ရီလမ်က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

ဟောင်ကောင်ဥပဒေပြုအဖွဲ့ဝင်နဲ့ တရုတ်ပါလီမန်အမတ်တစ်ဦးဖြစ်သူ မိုက်ကယ်တီယန်ကတော့ ၎င်းဥပဒေမူကြမ်းကို ပယ်ဖျက်ရုပ်သိမ်းရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ကယ်ရီလမ်ကတော့ ဟောင်ကောင်ဟာ တရားခံပြေးတွေ ပုန်းအောင်းရာ မြို့ကြီးသဖွယ် ဖြစ်နေ တာကြောင့် တရားခံလွှဲပြောင်းရေးဥပဒေကို ပြဋ္ဌာန်းရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြား ထားပါတယ်။ ဒါပေမဲ့ ဝေဖန်ဆန့်ကျင်သူတွေကတော့ တရုတ်ကွန်မြူနစ်အစိုးရဟာ နှိပ်စက် စစ်ကြောပြီး မတရားဖြောင့်ချက်ပေးခိုင်းတဲ့ နာမည်ဆိုး ရှိတာကြောင့် ထိုမူကြမ်းဟာ အန္တရာယ်ကြီး ကြောင်း ပြောကြပါတယ်။

၎င်းမူကြမ်းအား ကန့်ကွက်ဆန္ဒပြသူတွေဟာ ဇွန် ၁၆ ရက်နေ့မှာလည်း ထပ်မံချီတက်ကြဦးမည်ဖြစ်ပြီး ထိုပွဲမှာတော့ မူကြမ်း အပြည့်အဝရုပ်သိမ်းရေးအပြင် လွန်ခဲ့တဲ့ဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့ရဲ့ အင်အား အလွန်အမင်းသုံး ဖြိုခွဲပုံအကြောင်း အရေးဆို ဆန္ဒပြမယ်လို့ သိရပါတယ်။

(Ref : Reuters)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။