Skip to main content
နီေပါတြင္ မၾကာမီက်င္းပမယ့္ ဂါဒီမုိင္မယ္ေတာ္ ယဇ္ပူေဇာ္ပြဲကုိ တိရစာၦန္အေရး တက္ႂကြ လႈပ္ရွား သူေတြ ကန္႔ကြက္ဆႏၵျပ
Ads Block

နီေပါတြင္ မၾကာမီက်င္းပမယ့္ ဂါဒီမုိင္မယ္ေတာ္ ယဇ္ပူေဇာ္ပြဲကုိ တိရစာၦန္အေရး တက္ႂကြ လႈပ္ရွား သူေတြ ကန္႔ကြက္ဆႏၵျပ

နီေပါႏုိင္ငံမွာ တိရစာၦန္ေကာင္ေရ ေသာင္းနဲ႔ခ်ီၿပီး ယဇ္ပူေဇာ္ခံရႏုိင္ေနတဲ့ “ဂါဒီမုိင္”မယ္ေတာ္ ယဇ္ပူေဇာ္ပြဲကုိ တိရစာၦန္အခြင့္အေရး တက္ႂကြလႈပ္ရွားသူေတြက ဇြန္ ၁၄ ရက္ေန႔မွာ ကန္႔ကြက္ဆႏၵျပခဲ့ၾကပါတယ္။

နီေပါတြင္ မၾကာမီက်င္းပမယ့္ ဂါဒီမုိင္မယ္ေတာ္ ယဇ္ပူေဇာ္ပြဲကုိ တိရစာၦန္အေရး တက္ႂကြ လႈပ္ရွား သူေတြ ကန္႔ကြက္ဆႏၵျပ

နီေပါမွာ ထုိသုိ႔ေသာ ပြဲေတာ္ႀကီးေတြကုိ မဆုိဘိ ၊ သာမန္ေန႔ေတြမွာေတာင္ ယဇ္ပြဲေတြကုိ ျမင္ေတြ႕ ႏုိင္ပါတယ္။ ႏုိင္ငံရဲ႕ ၈၀ ရာခုိင္ႏႈန္းဟာ ဟိႏၵဴဘာသာဝင္မ်ား ျဖစ္ၾကတဲ့အတြက္ ယဇ္ပူေဇာ္ျခင္း ဓေလ့ကုိ ကန္႔ကြက္အေရးဆုိသူေတြအဖုိ႔မွာ အခက္အခဲ၊ အတားအဆီးေတြ မ်ားစြာၾကဳံေတြ႕ရပါတယ္။

ယခုဆႏၵျပပြဲမွာေတာ့ လူ ၁၀၀ ေက်ာ္ခန္႔မွ်သာ ပါဝင္ခဲ့ေပမယ့္ ၄င္းတုိ႔ဟာ ႏုိင္ငံမွာ အျမစ္တြယ္ေနတဲ့ ဟိႏၵဴ ယဇ္ပူေဇာ္ျခင္းဓေလ့အား ကၽြဲေခါင္းစြပ္၊ ၾကက္ေခါင္းစြပ္ စသည္တုိ႔ ဝတ္ဆင္လ်က္ ဆန္႕က်င္ဆႏၵထုတ္ေဖာ္ခဲ့ပါတယ္။

ဂါဒီမုိင္မယ္ေတာ္ ပူေဇာ္ပြဲမွာ တစ္ေက်ာ့ျပန္ ယဇ္ပူေဇာ္ႏုိင္ေျခရွိသည္ကုိ ကန္႔ကြက္ဆႏၵျပေနၾကျခင္း ျဖစ္ပါတယ္။ ၄င္းပူေဇာ္ပြဲမွာ ကၽြဲ၊ ဝက္၊ ဆိတ္၊ ခုိ၊ ၾကက္ေကာင္ေရ သိန္းဂဏန္းအထိ သတ္ျဖတ္ ခံရေလ့ရွိတဲ့အတြက္ ကမာၻ႕အႀကီးဆုံး ယဇ္ပူေဇာ္ပြဲျဖစ္ေၾကာင္း ယူဆရပါတယ္။

၄င္းဓေလ့အား ဝုိင္းကန္႔ကြက္သူေတြ မ်ားခဲ့တာေၾကာင့္ နီေပါအစုိးရဟာ ယဇ္ပြဲကုိ ၂၀၁၅ ခုႏွစ္ မွာတုန္းက တားျမစ္ေပးခဲ့ပါတယ္။ ဒါေပမဲ့ ၂၀၁၉ ခုႏွစ္ ႏုိဝင္ဘာမွာ ထပ္မံက်ေရာက္ေတာ့မယ့္ ပူေဇာ္ပြဲမွာ ယဇ္ပူေဇာ္ျခင္းဓေလ့ ျပန္လည္က်င့္သုံးလာမွာကုိ တိရစာၦန္ေရးရာ တက္ႂကြ လႈပ္ရွားသူေတြက စုိးရိမ္တဲ့အတြက္ ဆႏၵျပၾကျခင္း ျဖစ္ပါတယ္။

ဂါဒီမုိင္မယ္ေတာ္ ပူေဇာ္ပြဲကုိ နီေပါနယ္စပ္ ဘာရိယပူရ္ ႐ြာေလးမွာ ၅ ႏွစ္ ၁ ႀကိမ္ က်င္းပေလ့ရွိၿပီး နီေပါနဲ႔အိႏၵိယမွ မယ္ေတာ္ကုိးကြယ္သူေတြ လာေရာက္ပူေဇာ္ေလ့ ရွိၾကပါတယ္။

(Ref : AFP)

Unicode Version

 

နီပေါနိုင်ငံမှာ တိရစ္ဆာန်ကောင်ရေ သောင်းနဲ့ချီပြီး ယဇ်ပူဇော်ခံရနိုင်နေတဲ့ “ဂါဒီမိုင်”မယ်တော် ယဇ်ပူဇော်ပွဲကို တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဇွန် ၁၄ ရက်နေ့မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

နီပေါမှာ ထိုသို့သော ပွဲတော်ကြီးတွေကို မဆိုဘိ ၊ သာမန်နေ့တွေမှာတောင် ယဇ်ပွဲတွေကို မြင်တွေ့ နိုင်ပါတယ်။ နိုင်ငံရဲ့ ၈၀ ရာခိုင်နှုန်းဟာ ဟိန္ဒူဘာသာဝင်များ ဖြစ်ကြတဲ့အတွက် ယဇ်ပူဇော်ခြင်း ဓလေ့ကို ကန့်ကွက်အရေးဆိုသူတွေအဖို့မှာ အခက်အခဲ၊ အတားအဆီးတွေ များစွာကြုံတွေ့ရပါတယ်။

ယခုဆန္ဒပြပွဲမှာတော့ လူ ၁၀၀ ကျော်ခန့်မျှသာ ပါဝင်ခဲ့ပေမယ့် ၎င်းတို့ဟာ နိုင်ငံမှာ အမြစ်တွယ်နေတဲ့ ဟိန္ဒူ ယဇ်ပူဇော်ခြင်းဓလေ့အား ကျွဲခေါင်းစွပ်၊ ကြက်ခေါင်းစွပ် စသည်တို့ ဝတ်ဆင်လျက် ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဂါဒီမိုင်မယ်တော် ပူဇော်ပွဲမှာ တစ်ကျော့ပြန် ယဇ်ပူဇော်နိုင်ခြေရှိသည်ကို ကန့်ကွက်ဆန္ဒပြနေကြခြင်း ဖြစ်ပါတယ်။ ၎င်းပူဇော်ပွဲမှာ ကျွဲ၊ ဝက်၊ ဆိတ်၊ ခို၊ ကြက်ကောင်ရေ သိန်းဂဏန်းအထိ သတ်ဖြတ် ခံရလေ့ရှိတဲ့အတွက် ကမ္ဘာ့အကြီးဆုံး ယဇ်ပူဇော်ပွဲဖြစ်ကြောင်း ယူဆရပါတယ်။

၎င်းဓလေ့အား ဝိုင်းကန့်ကွက်သူတွေ များခဲ့တာကြောင့် နီပေါအစိုးရဟာ ယဇ်ပွဲကို ၂၀၁၅ ခုနှစ် မှာတုန်းက တားမြစ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာမှာ ထပ်မံကျရောက်တော့မယ့် ပူဇော်ပွဲမှာ ယဇ်ပူဇော်ခြင်းဓလေ့ ပြန်လည်ကျင့်သုံးလာမှာကို တိရစ္ဆာန်ရေးရာ တက်ကြွ လှုပ်ရှားသူတွေက စိုးရိမ်တဲ့အတွက် ဆန္ဒပြကြခြင်း ဖြစ်ပါတယ်။

ဂါဒီမိုင်မယ်တော် ပူဇော်ပွဲကို နီပေါနယ်စပ် ဘာရိယပူရ် ရွာလေးမှာ ၅ နှစ် ၁ ကြိမ် ကျင်းပလေ့ရှိပြီး နီပေါနဲ့အိန္ဒိယမှ မယ်တော်ကိုးကွယ်သူတွေ လာရောက်ပူဇော်လေ့ ရှိကြပါတယ်။

(Ref : AFP)

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။