Skip to main content
ရန္ကုန္တြင္ အလုပ္ရမည္ဟုဆိုကာ တရုတ္မယားအျဖစ္ ေရာင္းစားရန္ႀကံစည္မႈ ျဖစ္ပြား
Ads Block

ရန္ကုန္တြင္ အလုပ္ရမည္ဟုဆိုကာ တရုတ္မယားအျဖစ္ ေရာင္းစားရန္ႀကံစည္မႈ ျဖစ္ပြား

ရန္ကုန္တြင္ တစ္လ ၂သိန္းက်ပ္ျဖင့္ အလုပ္ရရွိမည္ဟု ေျပာဆိုကာ တရုတ္မယားအျဖစ္ ေရာင္းစားရန္ႀကံစည္မႈျဖစ္စဥ္တစ္ခု ဧရာ၀တီတိုင္းေဒသႀကီး၊ ေက်ာင္းကုန္းၿမိဳ႕နယ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ရန္ကုန္တြင္ အလုပ္ရမည္ဟုဆိုကာ တရုတ္မယားအျဖစ္ ေရာင္းစားရန္ႀကံစည္မႈ ျဖစ္ပြား


ေက်ာင္းကုန္းၿမိဳ႕နယ္၊ (၁)ရပ္ကြက္၊ န၀ေဒးလမ္းေန မႏွင္းဇာျခည္လိႈင္(၂၅)ႏွစ္ႏွင့္ ေဂြးကုန္းေက်းရြာေန မေ၀ေ၀လင္း(၃၀)ႏွစ္တို႔ ႏွစ္ဦးသည္ ဇြန္လ(၄)ရက္၊ ညအခ်ိန္တြင္ ၿမိဳ႕မရဲစခန္းသို႔ ေရာက္ရွိလာကာ ၎တို႔ကိုတရုတ္မယားအျဖစ္ ေရာင္းခ်ရန္ႀကံစည္မႈ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ အေရးယူေပးပါရန္ တိုင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။
၎တို႔ကုိ တရုတ္အမ်ိဳးသားမ်ားထံ ေရာင္းခ်ရန္ႀကံစည္သူႏွစ္ဦးမွာ တစ္ၿမိဳ႕တည္းေန မႏိုင္(စိစစ္ဆဲ) ေက်ာင္းကုန္းၿမိဳ႕ (၁) ရပ္ ကြက္၊ ပုလဲလမ္းေနႏွင့္ မစုလိႈင္(၃၀)ႏွစ္ ေက်ာင္းကုန္းၿမိဳ႕၊ (၁)ရပ္ကြက္၊ က်ံဳေပ်ာ္လမ္းေနသူတို႔ျဖစ္ေၾကာင္း တိုင္ၾကားခ်က္အရ သိရသည္။
အဆိုပါ မနိုင္ႏွင့္မစုလိႈင္တို႔က ရန္ကုန္ၿမိဳ႕ရွိ အထည္ဆိုင္တြင္ တစ္လလွ်င္ က်ပ္ ၂၀၀,၀၀၀ ႏႈန္းျဖင့္ အလုပ္ေပးမည္ျဖစ္ေၾကာင္း ကို ေျပာဆိုသျဖင့္ယံုၾကည္၍ ၿပီးခဲ့သည့္ ေမလ ၂၅ ရက္တြင္ လိုက္သြားခဲ့ေၾကာင္း မႏွင္းဇာျခည္လိႈင္ႏွင့္ မေ၀ေ၀လင္းတို႔၏ ေျပာ ျပခ်က္အရ သိရသည္။
ရန္ကုန္ၿမိဳ႕သုိ႔ ေရာက္ရိွခဲ့ေသာ္လည္း ရွမ္းျပည္နယ္ မူဆယ္ၿမိဳ႕သို႔ ဆက္လက္ေခၚေဆာင္သြားျခင္းခံရကာ ထိုမွတစ္ဆင့္ တရုတ္ ျပည္နယ္စပ္အထိသို႔ ေရာက္ရွိသြားခဲ့ေၾကာင္း၊ ယင္းေနာက္ ယာယီႏိုင္ငံကူး လက္မွတ္အတင္းအၾကပ္လုပ္ေပးၿပီး တရုတ္အမ်ိဳး သားႏွင့္လက္ထပ္ပါက က်ပ္သိန္း ၂၀ ရရွိမွာျဖစ္ေၾကာင္း ပြဲခအျဖစ္ က်ပ္ ၁၀ သိန္းေပးရမည္ဟူ၍ ေျပာဆိုကာ ၎တို႔ကို တရုတ္ မယားအျဖစ္ ေရာင္းစားရန္ မနိုင္ႏွင့္ မစုလိႈင္တို႔က စီစဥ္ခဲ့ၾကေၾကာင္း စစ္ေဆးသိရွိရသည္။
ထို႔ေၾကာင့္ ၎တို႔အလစ္တြင္ မေ၀ေ၀လင္းက လမ္းေဘးဖုန္းျဖင့္ မိသားစုထံ ဆက္သြယ္အေၾကာင္းၾကား သတင္းေပးခဲ့သျဖင့္ ဇြန္လ ၄ ရက္တြင္ ေနရပ္သို႔ ျပန္လည္ေရာက္ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ျဖစ္စသ္ႏွင့္ ပတ္သက္၍ စိစစ္ကာ ရဲမွတ္တမ္းအျဖစ္ ေရးမွတ္ၿပီးေနာက္ ဇြန္လ ၁၄ ရက္တြင္ ေက်ာင္းကုန္းၿမိဳ႕မ ရဲစခန္း ၌(ပ)၃၂၅/၂၀၁၉ ၊ လူကုန္တားပုဒ္မ - ၂၄/၃၂ အရ ျပစ္မႈက်ဴးလြန္ေသာ မႏိုင္ႏွင့္ မစုလိႈင္(စိစစ္ဆဲ)ႏွစ္ဦးကို ဖမ္းဆီးရမိေရးအ တြက္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

-  ဒါးဇ ( အကုန္သိသတင္းဌာန ) 

Unicode Version

 

ရန်ကုန်တွင် တစ်လ ၂သိန်းကျပ်ဖြင့် အလုပ်ရရှိမည်ဟု ပြောဆိုကာ တရုတ်မယားအဖြစ် ရောင်းစားရန်ကြံစည်မှုဖြစ်စဉ်တစ်ခု ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ နဝဒေးလမ်းနေ မနှင်းဇာခြည်လှိုင်(၂၅)နှစ်နှင့် ဂွေးကုန်းကျေးရွာနေ မဝေေ၀လင်း(၃၀)နှစ်တို့ နှစ်ဦးသည် ဇွန်လ(၄)ရက်၊ ညအချိန်တွင် မြို့မရဲစခန်းသို့ ရောက်ရှိလာကာ ၎င်းတို့ကိုတရုတ်မယားအဖြစ် ရောင်းချရန်ကြံစည်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ အရေးယူပေးပါရန် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
၎င်းတို့ကို တရုတ်အမျိုးသားများထံ ရောင်းချရန်ကြံစည်သူနှစ်ဦးမှာ တစ်မြို့တည်းနေ မနိုင်(စိစစ်ဆဲ) ကျောင်းကုန်းမြို့ (၁) ရပ် ကွက်၊ ပုလဲလမ်းနေနှင့် မစုလှိုင်(၃၀)နှစ် ကျောင်းကုန်းမြို့၊ (၁)ရပ်ကွက်၊ ကျုံပျော်လမ်းနေသူတို့ဖြစ်ကြောင်း တိုင်ကြားချက်အရ သိရသည်။
အဆိုပါ မနိုင်နှင့်မစုလှိုင်တို့က ရန်ကုန်မြို့ရှိ အထည်ဆိုင်တွင် တစ်လလျှင် ကျပ် ၂၀၀,၀၀၀ နှုန်းဖြင့် အလုပ်ပေးမည်ဖြစ်ကြောင်း ကို ပြောဆိုသဖြင့်ယုံကြည်၍ ပြီးခဲ့သည့် မေလ ၂၅ ရက်တွင် လိုက်သွားခဲ့ကြောင်း မနှင်းဇာခြည်လှိုင်နှင့် မဝေေ၀လင်းတို့၏ ပြော ပြချက်အရ သိရသည်။
ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သော်လည်း ရှမ်းပြည်နယ် မူဆယ်မြို့သို့ ဆက်လက်ခေါ်ဆောင်သွားခြင်းခံရကာ ထိုမှတစ်ဆင့် တရုတ် ပြည်နယ်စပ်အထိသို့ ရောက်ရှိသွားခဲ့ကြောင်း၊ ယင်းနောက် ယာယီနိုင်ငံကူး လက်မှတ်အတင်းအကြပ်လုပ်ပေးပြီး တရုတ်အမျိုး သားနှင့်လက်ထပ်ပါက ကျပ်သိန်း ၂၀ ရရှိမှာဖြစ်ကြောင်း ပွဲခအဖြစ် ကျပ် ၁၀ သိန်းပေးရမည်ဟူ၍ ပြောဆိုကာ ၎င်းတို့ကို တရုတ် မယားအဖြစ် ရောင်းစားရန် မနိုင်နှင့် မစုလှိုင်တို့က စီစဉ်ခဲ့ကြကြောင်း စစ်ဆေးသိရှိရသည်။
ထို့ကြောင့် ၎င်းတို့အလစ်တွင် မဝေေ၀လင်းက လမ်းဘေးဖုန်းဖြင့် မိသားစုထံ ဆက်သွယ်အကြောင်းကြား သတင်းပေးခဲ့သဖြင့် ဇွန်လ ၄ ရက်တွင် နေရပ်သို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖြစ်စသ်နှင့် ပတ်သက်၍ စိစစ်ကာ ရဲမှတ်တမ်းအဖြစ် ရေးမှတ်ပြီးနောက် ဇွန်လ ၁၄ ရက်တွင် ကျောင်းကုန်းမြို့မ ရဲစခန်း ၌(ပ)၃၂၅/၂၀၁၉ ၊ လူကုန်တားပုဒ်မ - ၂၄/၃၂ အရ ပြစ်မှုကျူးလွန်သော မနိုင်နှင့် မစုလှိုင်(စိစစ်ဆဲ)နှစ်ဦးကို ဖမ်းဆီးရမိရေးအ တွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

-  ဒါးဇ ( အကုန်သိသတင်းဌာန )

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။