Skip to main content
ကမာၻတစ္ဝန္းတြင္ ပ်မ္းမွ် လူတစ္ဦးခ်င္း တစ္ပတ္လွ်င္ ပလတ္စတစ္ ၅ ဂရမ္ခန္႔ စားမိေနၾက
Ads Block

ကမာၻတစ္ဝန္းတြင္ ပ်မ္းမွ် လူတစ္ဦးခ်င္း တစ္ပတ္လွ်င္ ပလတ္စတစ္ ၅ ဂရမ္ခန္႔ စားမိေနၾက

ယေန႔ကမာၻမွာ ပလတ္စတစ္ ပ်ံ႕ႏွံ႔ညစ္ညမ္းေနမႈျပႆနာ အလြန္ဆုိး႐ြားေနရာ ပ်မ္းမွ်အားျဖင့္ လူတစ္ဦးခ်င္း တစ္ပတ္လွ်င္ ပလတ္စတစ္ ၅ ဂရမ္ခန္႔ စားမိေနေၾကာင္း ဇြန္ ၁၄ ရက္ေန႔တြင္ ထုတ္ျပန္ခဲ့တဲ့ ေလ့လာမႈရလဒ္တစ္ခုမွာ ေဖၚျပထားပါတယ္။

ကမာၻတစ္ဝန္းတြင္ ပ်မ္းမွ် လူတစ္ဦးခ်င္း တစ္ပတ္လွ်င္ ပလတ္စတစ္ ၅ ဂရမ္ခန္႔ စားမိေနၾက

အဆုိပါေလ့လာမႈကုိ ၾသစေတးလ် နယူးကာဆယ္တကၠသုိလ္က ျပဳလုပ္ခဲ့ၿပီး ပလတ္စတစ္ ၅ ဂရမ္ ျဒပ္ထုဟာ အေႂကြးဝယ္ကတ္တစ္ကတ္စာ ျဒပ္ထုနဲ႔ ညီမွ်ေၾကာင္း ဥပမာေပး ေဖာ္ျပထားပါတယ္။

ပလတ္စတစ္ေတြ စားမိေနျခင္းရဲ႕ အဓိကဇာစ္ျမစ္ဟာ ေသာက္သုံးေရျဖစ္ေၾကာင္း သိရၿပီး ထုိနည္းျဖင့္ လူတစ္ဦးခ်င္း တစ္ပတ္လွ်င္ ပ်မ္းမွ်အားျဖင့္ ပလတ္စတစ္အမႈန္ ၁၇,၆၉ မႈန္ခန္႔  အစာအိမ္ထဲသုိ႔ စားမိေနေၾကာင္း သိရပါတယ္။

ပုဇြန္၊ ခ႐ု၊ ကမာေကာင္ စတဲ့ အခြံမာသတၱဝါေတြကုိ စားသုံးျခင္းဟာလည္း ဒုတိယဇာစ္ျမစ္ျဖစ္ ေၾကာင္း သိရပါတယ္။ ပလတ္စတစ္ေတြ စားမိထားတဲ့ ထုိသတၱဝါေတြကုိ စားသုံးပါက ၄င္းတုိ႔ရဲ႕ အစာအိမ္ထဲက ပလတ္စတစ္ေတြကုိ စားမိသကဲ့သုိ႔ပါပဲ။

ပလတ္စတစ္ညစ္ညမ္းမႈပမာဏဟာ ကမာၻ႕ေနရာေဒသအလုိက္ ကြာျခားေပမယ့္ မညစ္ညမ္းေသးတဲ့ ေနရာ မက်န္ေတာ့ေၾကာင္း ၄င္းေလ့လာမႈက ေဖာ္ျပထားပါတယ္။

အေမရိကန္မွာဆုိလွ်င္ ဘုံဘုိင္ေရေတြကုိ နမူနာယူ စစ္ေဆးၾကည့္ခဲ့ရာ ၉၄.၄ ရာခုိင္ႏႈန္းမွာ ပလတ္စတစ္မွ်င္ေတြ ပါေနၿပီး ပ်မ္းမွ်အားျဖင့္ တစ္လီတာလွ်င္ အမွ်င္ ၉.၄ ခုႏႈန္း ပါေနေၾကာင္း ေတြ႕ခဲ့ရပါတယ္။

(Ref : Reuters)

Unicode Version

ယနေ့ကမ္ဘာမှာ ပလတ်စတစ် ပျံ့နှံ့ညစ်ညမ်းနေမှုပြဿနာ အလွန်ဆိုးရွားနေရာ ပျမ်းမျှအားဖြင့် လူတစ်ဦးချင်း တစ်ပတ်လျှင် ပလတ်စတစ် ၅ ဂရမ်ခန့် စားမိနေကြောင်း ဇွန် ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုရလဒ်တစ်ခုမှာ ဖေါ်ပြထားပါတယ်။

အဆိုပါလေ့လာမှုကို သြစတေးလျ နယူးကာဆယ်တက္ကသိုလ်က ပြုလုပ်ခဲ့ပြီး ပလတ်စတစ် ၅ ဂရမ် ဒြပ်ထုဟာ အကြွေးဝယ်ကတ်တစ်ကတ်စာ ဒြပ်ထုနဲ့ ညီမျှကြောင်း ဥပမာပေး ဖော်ပြထားပါတယ်။

ပလတ်စတစ်တွေ စားမိနေခြင်းရဲ့ အဓိကဇာစ်မြစ်ဟာ သောက်သုံးရေဖြစ်ကြောင်း သိရပြီး ထိုနည်းဖြင့် လူတစ်ဦးချင်း တစ်ပတ်လျှင် ပျမ်းမျှအားဖြင့် ပလတ်စတစ်အမှုန် ၁၇,၆၉ မှုန်ခန့်  အစာအိမ်ထဲသို့ စားမိနေကြောင်း သိရပါတယ်။

ပုဇွန်၊ ခရု၊ ကမာကောင် စတဲ့ အခွံမာသတ္တဝါတွေကို စားသုံးခြင်းဟာလည်း ဒုတိယဇာစ်မြစ်ဖြစ် ကြောင်း သိရပါတယ်။ ပလတ်စတစ်တွေ စားမိထားတဲ့ ထိုသတ္တဝါတွေကို စားသုံးပါက ၎င်းတို့ရဲ့ အစာအိမ်ထဲက ပလတ်စတစ်တွေကို စားမိသကဲ့သို့ပါပဲ။

ပလတ်စတစ်ညစ်ညမ်းမှုပမာဏဟာ ကမ္ဘာ့နေရာဒေသအလိုက် ကွာခြားပေမယ့် မညစ်ညမ်းသေးတဲ့ နေရာ မကျန်တော့ကြောင်း ၎င်းလေ့လာမှုက ဖော်ပြထားပါတယ်။

အမေရိကန်မှာဆိုလျှင် ဘုံဘိုင်ရေတွေကို နမူနာယူ စစ်ဆေးကြည့်ခဲ့ရာ ၉၄.၄ ရာခိုင်နှုန်းမှာ ပလတ်စတစ်မျှင်တွေ ပါနေပြီး ပျမ်းမျှအားဖြင့် တစ်လီတာလျှင် အမျှင် ၉.၄ ခုနှုန်း ပါနေကြောင်း တွေ့ခဲ့ရပါတယ်။

(Ref : Reuters)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။