Skip to main content
သားသမီး ၅ ဦးအား သတ်ခဲ့တဲ့ ဖခင်ကို သေဒဏ်မှ သက်ညှာပေးဖို့  မိခင်ဖြစ်သူက အသနားခံ
Ads Block
သားသမီး ၅ ဦးအား သတ်ခဲ့တဲ့ ဖခင်ကို သေဒဏ်မှ သက်ညှာပေးဖို့  မိခင်ဖြစ်သူက အသနားခံ
သားသမီး ၅ ဦးအား သတ်ခဲ့တဲ့ ဖခင်ကို သေဒဏ်မှ သက်ညှာပေးဖို့  မိခင်ဖြစ်သူက အသနားခံ
၂၀၁၄ ခုနှစ် သြဂုတ်လအတွင်းက တောင်ကယ်ရိုလိုင်းနားပြည်နယ်နေ Tim Jones Jr, (၃၇ နှစ်) ဟာ အသက် ၁ နှစ်ကနေ ၈ နှစ် အရွယ်ရှိကြတဲ့ ၄င်းရဲ့ ကလေး ၅ ယောက်ကို သတ်ခဲ့မှုနဲ့  ယခုနှစ် မေလမှာ သေဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။
သားသမီး ၅ ဦးအား သတ်ခဲ့တဲ့ ဖခင်ကို သေဒဏ်မှ သက်ညှာပေးဖို့  မိခင်ဖြစ်သူက အသနားခံ
Ref : BBC
Unicode Version
အမေရိကန်မှာ သားသမီး ၅ ယောက်ကို သတ်တဲ့အမှုနဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ ဖခင်ဖြစ်သူကို ပြစ်ဒဏ် သက်ညှာပေးဖို့ ကလေးတွေရဲ့ မိခင်က ဂျူရီ လူကြီးမင်းကို အသနားခံခဲ့ကြောင်း သိရပါတယ်။
၂၀၁၄ ခုနှစ် သြဂုတ်လအတွင်းက တောင်ကယ်ရိုလိုင်းနားပြည်နယ်နေ Tim Jones Jr, (၃၇ နှစ်) ဟာ အသက် ၁ နှစ်ကနေ ၈ နှစ် အရွယ်ရှိကြတဲ့ ၎င်းရဲ့ ကလေး ၅ ယောက်ကို သတ်ခဲ့မှုနဲ့ ယခုနှစ် မေလမှာ သေဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။
Tim Jones Jr ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်မလား ဒါမှမဟုတ် ကွပ်မျက်မလား ဆိုတာဟာ ဂျူရီ လူကြီးမင်းရဲ့ ဆုံးဖြတ်ချက်ပေါ်မှာမူတည်တာဖြစ်ပါတယ်။
Amber Kyzer က သူမရဲ့ ခင်ပွန်းဟောင်းကို တရားဥပဒေအရ ပြစ်ဒဏ်ပေးဖို့ မျှော်လင့်ထားတယ်ဆိုပေမယ့် သေဒဏ်ကျခံရလောက်တဲ့ထိတော့ မဖြစ်စေချင်ဘူးလို့ ပြောထားပါတယ်။
Tim Jones Jr က သူ့ကလေးတွေအပေါ်မညှာမတာလုပ်ခဲ့ပေမယ့် ကလေးတွေက သူ့ကိုချစ်ခဲ့ကြတာကြောင့် ကလေးတွေကလည်း သူတို့အဖေကို ထိုကဲ့သို့ သေဒဏ်ပေးဖို့ ဆန္ဒရှိမှာမဟုတ်ပါကြောင်း Amber Kyzer က ဂျူရီ လူကြီးမင်းတွေကို အသနားခံခဲ့တာပဲဖြစ်ပါတယ်။
၎င်းတို့နှစ်ယောက်မှာ ၂၀၀၄ ခုနှစ်က လက်ထပ်ခဲ့ကြပြီး ၉ နှစ်အကြာမှာ ကွာရှင်းခဲ့ကြတာပါ။ အဲ့နောက် ကွန်ပျူတာအင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ Tim Jones Jr ဟာ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၈၀,၀၀၀ ရှိတဲ့အတွက် ၎င်းကို ကလေးတွေအုပ်ထိန်းခွင့်ပေးခဲ့တာဖြစ်ပြီး သူမကတော့ စနေနေ့တိုင်း ကလေးတွေနဲ့ တွေ့ဆုံ ခဲ့တာဖြစ်ပါတယ်။
တစ်နေ့ ခြောက်နှစ်အရွယ်ကလေးက မီးပလပ်ခေါင်းကို ဆော့နေတာကို Tim Jones Jr တွေ့တာကြောင့် ဒေါသထွက်ကာ လည်ပင်းညှစ်သတ်တဲ့အထိဖြစ်ခဲ့ပြီး တခြားကလေးတွေပါ သတ်ပြစ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့နောက် အလောင်းတွေကို ပလက်စတစ်အိတ်နဲ့ထုတ်ပြီး ၎င်းရဲ့ကားထဲမှာထည့်ထားခဲ့တာပါ။ ၎င်း ခရီးထွက်ရင်း  လမ်းတစ်ခုမှာ မီးပွိုင့်မိလို့ ကားရပ်ထားတဲ့အခါ အပုပ်နဲ့တွေထွက်တာကြောင့် ရဲတွေက သတိပြုမိခဲ့ပြီး ဖမ်းဆီးခံခဲ့ရတာပဲဖြစ်ပါတယ်။
Ref : BBC
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။