Skip to main content
 ျခင္သတ္ေဆးအျဖစ္ ပင့္ကူဆိပ္ထြက္ မ်ိဳးဗီဇေျပာင္း မႈိတစ္မ်ိဳးကုိ ပညာရွင္မ်ား တီထြင္
Ads Block

ျခင္သတ္ေဆးအျဖစ္ ပင့္ကူဆိပ္ထြက္ မ်ိဳးဗီဇေျပာင္း မႈိတစ္မ်ိဳးကုိ ပညာရွင္မ်ား တီထြင္

ျခင္ေတြကုိ အစုလုိက္အျပဳံလုိက္ သုတ္သင္ပစ္ႏုိင္မယ့္ ဇီဝပုိးသတ္ေဆး တီထြင္ေနၾကတဲ့ သိပၸံပညာရွင္ေတြဟာ မႈိတစ္မ်ိဳးကေန ပင့္ကူဆိပ္ထြက္ေအာင္ မ်ိဳး႐ုိးဗီဇျပဳျပင္ေပးၿပီး စမ္းသပ္အသုံးျပဳၾကည့္ခဲ့ရာ ေအာင္ျမင္ခဲ့ၾကပါတယ္။

 ျခင္သတ္ေဆးအျဖစ္ ပင့္ကူဆိပ္ထြက္ မ်ိဳးဗီဇေျပာင္း မႈိတစ္မ်ိဳးကုိ ပညာရွင္မ်ား တီထြင္

အေမရိကန္ႏုိင္ငံ ေမရီလန္းဒ္တကၠသုိလ္နဲ႔ ဘာကီးနာဖာဆုိ ႏုိင္ငံ က်န္းမာေရးသိပၸံအဖြဲ႕တုိ႔မွ သုေတသီေတြဟာ မက္တာရီဇီယမ္မ်ိဳးစုဝင္ မႈိတစ္မ်ိဳးကုိ ပင့္ကူဆိပ္ ထြက္ေစရန္ မ်ိဳး႐ုိး ဗီဇျပဳျပင္ခဲ့ၾကပါတယ္။ ၄င္းမႈိဟာ ဗီဇမျပဳျပင္ခင္ကတည္းက ျခင္ေတြကုိ အေတာ္အသင့္ ေသေစႏိုင္တဲ့ ဇီဝပုိးသတ္ေဆး ျဖစ္ပါတယ္။

၄င္းမွာ ၾသစေတးလ် Blue Mountains ပင့္ကူရဲ႕ အဆိပ္ကုိ ထည့္သြင္းၿပီး ထိေတြ႕႐ုံမွ်ျဖင့္ အာနိသင္ျပႏုိင္ရန္ ဗီဇျပဳျပင္လုိက္တဲ့ေနာက္မွာေတာ့ ျခင္အစုအေဝးတစ္ခုလုံးနီးပါးကုိ တစ္လခြဲခန္႔ အၾကာမွာ ရွင္းပစ္ႏုိင္ခဲ့ပါတယ္။

သုေတသီအဖြဲ႕ဟာ ၄င္း ျခင္သတ္ေဆး မႈိကုိ စမ္းသပ္ရန္အတြက္ အေနာက္အာဖရိကမွာ မွန္လုံအိမ္ ႐ြာအတုတစ္ခု ေဆာက္ၿပီး ျခင္ေမြးခဲ့ၾကပါတယ္။ မႈိမ်ိဳးမႈန္ စပုိးေတြရွိေနတဲ့ ဂြမ္းထည္တစ္႐ြက္ကုိ တဲေခါင္မုိးမွာ လွန္းခဲ့ရာ လာနားတဲ့ျခင္ေတြမွာလည္း စပုိးေတြ ကပ္သြားပါတယ္။

၄င္းစပုိးေတြကေန မႈိေပါက္လာခ်ိန္မွာေတာ့ ျခင္ကုိယ္ထဲသုိ႔ စပုိးမွ်င္ေတြ စိမ့္ဝင္သြားၿပီး အဆိပ္သင့္ ပါေတာ့တယ္။ ၄င္းအဆိပ္ဟာ ျခင္ရဲ႕ေသြးထဲသုိ႔ေရာက္မွ အာနိသင္ျပေစရန္ မ်ိဳး႐ုိးဗီဇျပဳျပင္ထားတဲ့ ပင့္ကူဆိပ္ ျဖစ္ေနပါတယ္။

ကူးစက္ေပါက္ပြား၊ ပ်ံ႕ႏွံ႔လြယ္တဲ့ မႈိကုိ အဆိပ္အာနိသင္ျပင္းေအာင္ မ်ိဳး႐ုိးဗီဇျပဳျပင္ခဲ့တဲ့အတြက္ ျခင္ေတြအျပင္ လင္းႏုိ႔နဲ႔ပ်ားကဲ့သုိ႔သုိ႔ေသာ သတၱဝါေတြလည္း ထိခုိက္ေသၾကကုန္မည္လားဟု စုိးရိမ္ေဝဖန္ေနသူေတြ ရွိၾကပါတယ္။

ထုိ႔အတြက္ သုေတသီအဖြဲ႕ေခါင္းေဆာင္ကေတာ့ ၄င္းမႈိဟာ အိမ္တြင္းမွာ အသုံးျပဳရန္ျဖစ္ၿပီး ပ်ားကဲ့သုိ႔ေသာ အက်ိဳးျပဳအင္းဆက္ေတြကုိ မေသေစႏုိင္ရန္ တီထြင္ထားေၾကာင္း ၊ စပုိး အ႐ြယ္အစား ဟာလည္း ႀကီးမားသျဖင့္ ေလထဲမွတစ္ဆင့္ ကူးစက္ေပါက္ပြားႏုိင္ျခင္း မရွိေၾကာင္း ၊ တုိက္႐ုိက္ ေနေရာင္ေအာက္မွာ အသက္မရွင္ႏုိင္ေၾကာင္း တုံ႔ျပန္ေျဖရွင္းထားပါတယ္။

(Ref : FoxNews)

Unicode Version

 

ခြင်တွေကို အစုလိုက်အပြုံလိုက် သုတ်သင်ပစ်နိုင်မယ့် ဇီဝပိုးသတ်ဆေး တီထွင်နေကြတဲ့ သိပ္ပံပညာရှင်တွေဟာ မှိုတစ်မျိုးကနေ ပင့်ကူဆိပ်ထွက်အောင် မျိုးရိုးဗီဇပြုပြင်ပေးပြီး စမ်းသပ်အသုံးပြုကြည့်ခဲ့ရာ အောင်မြင်ခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံ မေရီလန်းဒ်တက္ကသိုလ်နဲ့ ဘာကီးနာဖာဆို နိုင်ငံ ကျန်းမာရေးသိပ္ပံအဖွဲ့တို့မှ သုတေသီတွေဟာ မက်တာရီဇီယမ်မျိုးစုဝင် မှိုတစ်မျိုးကို ပင့်ကူဆိပ် ထွက်စေရန် မျိုးရိုး ဗီဇပြုပြင်ခဲ့ကြပါတယ်။ ၎င်းမှိုဟာ ဗီဇမပြုပြင်ခင်ကတည်းက ခြင်တွေကို အတော်အသင့် သေစေနိုင်တဲ့ ဇီဝပိုးသတ်ဆေး ဖြစ်ပါတယ်။

၎င်းမှာ သြစတေးလျ Blue Mountains ပင့်ကူရဲ့ အဆိပ်ကို ထည့်သွင်းပြီး ထိတွေ့ရုံမျှဖြင့် အာနိသင်ပြနိုင်ရန် ဗီဇပြုပြင်လိုက်တဲ့နောက်မှာတော့ ခြင်အစုအဝေးတစ်ခုလုံးနီးပါးကို တစ်လခွဲခန့် အကြာမှာ ရှင်းပစ်နိုင်ခဲ့ပါတယ်။

သုတေသီအဖွဲ့ဟာ ၎င်း ခြင်သတ်ဆေး မှိုကို စမ်းသပ်ရန်အတွက် အနောက်အာဖရိကမှာ မှန်လုံအိမ် ရွာအတုတစ်ခု ဆောက်ပြီး ခြင်မွေးခဲ့ကြပါတယ်။ မှိုမျိုးမှုန် စပိုးတွေရှိနေတဲ့ ဂွမ်းထည်တစ်ရွက်ကို တဲခေါင်မိုးမှာ လှန်းခဲ့ရာ လာနားတဲ့ခြင်တွေမှာလည်း စပိုးတွေ ကပ်သွားပါတယ်။

၎င်းစပိုးတွေကနေ မှိုပေါက်လာချိန်မှာတော့ ခြင်ကိုယ်ထဲသို့ စပိုးမျှင်တွေ စိမ့်ဝင်သွားပြီး အဆိပ်သင့် ပါတော့တယ်။ ၎င်းအဆိပ်ဟာ ခြင်ရဲ့သွေးထဲသို့ရောက်မှ အာနိသင်ပြစေရန် မျိုးရိုးဗီဇပြုပြင်ထားတဲ့ ပင့်ကူဆိပ် ဖြစ်နေပါတယ်။

ကူးစက်ပေါက်ပွား၊ ပျံ့နှံ့လွယ်တဲ့ မှိုကို အဆိပ်အာနိသင်ပြင်းအောင် မျိုးရိုးဗီဇပြုပြင်ခဲ့တဲ့အတွက် ခြင်တွေအပြင် လင်းနို့နဲ့ပျားကဲ့သို့သို့သော သတ္တဝါတွေလည်း ထိခိုက်သေကြကုန်မည်လားဟု စိုးရိမ်ဝေဖန်နေသူတွေ ရှိကြပါတယ်။

ထို့အတွက် သုတေသီအဖွဲ့ခေါင်းဆောင်ကတော့ ၎င်းမှိုဟာ အိမ်တွင်းမှာ အသုံးပြုရန်ဖြစ်ပြီး ပျားကဲ့သို့သော အကျိုးပြုအင်းဆက်တွေကို မသေစေနိုင်ရန် တီထွင်ထားကြောင်း ၊ စပိုး အရွယ်အစား ဟာလည်း ကြီးမားသဖြင့် လေထဲမှတစ်ဆင့် ကူးစက်ပေါက်ပွားနိုင်ခြင်း မရှိကြောင်း ၊ တိုက်ရိုက် နေရောင်အောက်မှာ အသက်မရှင်နိုင်ကြောင်း တုံ့ပြန်ဖြေရှင်းထားပါတယ်။

(Ref : FoxNews)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။