Skip to main content
မႈခင္း
Ads Block

ဆိုင္ကယ္ႏွင့္ ခရီးသည္တင္ကားတို႔မ်က္ႏွာခ်င္းဆိုင္တိုက္မိရာ ဆုိင္ကယ္ေပၚပါ ၃ ဦးေသဆံုး

 

ဆိုင္ကယ္ႏွင့္ခရီးသည္ယာဥ္တို႔အရွိန္ျပင္းစြာတိုက္မရာမွ ၁ ႏွစ္အရြယ္ကေလးငယ္ပါ ၃ ဦးေနရာတြင္ပြဲခ်င္းၿပီးေသဆံုးသြားသည့္ ယာဥ္တိုက္မႈျဖစ္စဥ္တစ္ခု ပဲခူးတိုင္းေဒသႀကီး၊ ေက်ာက္တံခါးၿမိဳ႕နယ္တြင္ျဖစ္ပြားေၾကာင္း သတင္းရရွိသည္။

ေက်ာက္တံခါးၿမိဳ႕နယ္၊ အလယ္ကြ်န္းေက်းရြာအနီး၊ တုိလိုတံတားေပၚ ရန္ကုန္-မႏၱေလးသြားကားလမ္းေဟာင္း မိုင္တိုင္ ၁၀၁/၄-၅ ၾကား၌ ယာဥ္တိုက္မႈျဖစ္စဥ္တစ္ခု ဇြန္လ ၁၄ ရက္၊ ည ၆ နာရီခြဲတြင္ျဖစ္ပြားသျဖင့္ တာ၀န္ရွိသူမ်ားကသြားေရာက္စစ္ေဆးခဲ့ၾကသည္။

စစ္ေဆးခ်က္အရ ယာဥ္ေမာင္းခန္႔မွန္း ၂၈ ႏွစ္စိစစ္ဆဲအမ်ိဳးသား၊ ၂၅ ႏွစ္စိစစ္ဆဲအမ်ိဳးသမီးႏွင့္ ၁ ႏွစ္သားအရြယ္ ကေလးငယ္တစ္ဦး စုစုေပါင္း(၃)ဦးတို႔လိုက္ပါလာသည့္ တရုတ္ဆိုင္ကယ္သည္ ရန္ကုန္ဘက္မွမႏၱဘက္သို႔ဦးတည္ေမာင္းႏွင္လာစဥ္တြင္ အရွိန္မထိန္းႏုိင္ဘဲတစ္ဖက္ယာဥ္ေၾကာသို႔ လမ္းေျပာင္းျပန္ေရာက္ရွိသြားခဲ့သည္ဟု ရဲမွတ္တမ္းအရသိရသည္။

အခင္းျဖစ္ေနရာအေရာက္၌ အေရွ႕လမ္းမွ လမ္းေၾကာင္းမွန္ေမာင္းႏွင္လာသည့္ တိုယိုတာအမ်ိဳးအစားခရီးသည္ယာဥ္ႏွင့္မ်က္ႏွာခ်င္းဆိုင္ အရွိန္ျပင္းစြာတိုက္မိသြားခဲ့ၾကျခင္းျဖစ္သျဖင့္ ဆိုင္ကယ္ေပၚပါ ၃ ဦးစလံုးမွာ ေနရာတြင္ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ရျခင္းျဖစ္ေၾကာင္း စစ္ေဆးသိရွိရသည္။

ယင္းအတြက္ေၾကာင့္ တစ္ဖက္ယာဥ္ေၾကာသို႔အရွိန္လြန္၍လမ္းေျပာင္းျပန္ေမာင္းႏွင္သည့္ ဆုိင္ကယ္ေမာင္းသူ(စိစစ္ဆဲ)ကို ေက်ာက္တံခါးၿမိဳ႕မရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ-၃၀၄(က)ျဖင့္ အမႈဖြင့္လွစ္ စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

 

ဒါးဇ(အကုန္သိသတင္းဌာန)

 

 

Unicode Version 

 

 

ဆိုင်ကယ်နှင့် ခရီးသည်တင်ကားတို့မျက်နှာချင်းဆိုင်တိုက်မိရာ ဆိုင်ကယ်ပေါ်ပါ ၃ ဦးသေဆုံး

 

 

ဆိုင်ကယ်နှင့်ခရီးသည်ယာဉ်တို့အရှိန်ပြင်းစွာတိုက်မရာမှ ၁ နှစ်အရွယ်ကလေးငယ်ပါ ၃ ဦးနေရာတွင်ပွဲချင်းပြီးသေဆုံးသွားသည့် ယာဉ်တိုက်မှုဖြစ်စဉ်တစ်ခု ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင်ဖြစ်ပွားကြောင်း သတင်းရရှိသည်။

ကျောက်တံခါးမြို့နယ်၊ အလယ်ကျွန်းကျေးရွာအနီး၊ တိုလိုတံတားပေါ် ရန်ကုန်-မန္တလေးသွားကားလမ်းဟောင်း မိုင်တိုင် ၁၀၁/၄-၅ ကြား၌ ယာဉ်တိုက်မှုဖြစ်စဉ်တစ်ခု ဇွန်လ ၁၄ ရက်၊ ည ၆ နာရီခွဲတွင်ဖြစ်ပွားသဖြင့် တာဝန်ရှိသူများကသွားရောက်စစ်ဆေးခဲ့ကြသည်။

စစ်ဆေးချက်အရ ယာဉ်မောင်းခန့်မှန်း ၂၈ နှစ်စိစစ်ဆဲအမျိုးသား၊ ၂၅ နှစ်စိစစ်ဆဲအမျိုးသမီးနှင့် ၁ နှစ်သားအရွယ် ကလေးငယ်တစ်ဦး စုစုပေါင်း(၃)ဦးတို့လိုက်ပါလာသည့် တရုတ်ဆိုင်ကယ်သည် ရန်ကုန်ဘက်မှမန္တဘက်သို့ဦးတည်မောင်းနှင်လာစဉ်တွင် အရှိန်မထိန်းနိုင်ဘဲတစ်ဖက်ယာဉ်ကြောသို့ လမ်းပြောင်းပြန်ရောက်ရှိသွားခဲ့သည်ဟု ရဲမှတ်တမ်းအရသိရသည်။

အခင်းဖြစ်နေရာအရောက်၌ အရှေ့လမ်းမှ လမ်းကြောင်းမှန်မောင်းနှင်လာသည့် တိုယိုတာအမျိုးအစားခရီးသည်ယာဉ်နှင့်မျက်နှာချင်းဆိုင် အရှိန်ပြင်းစွာတိုက်မိသွားခဲ့ကြခြင်းဖြစ်သဖြင့် ဆိုင်ကယ်ပေါ်ပါ ၃ ဦးစလုံးမှာ နေရာတွင်ပွဲချင်းပြီးသေဆုံးသွားခဲ့ရခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။

ယင်းအတွက်ကြောင့် တစ်ဖက်ယာဉ်ကြောသို့အရှိန်လွန်၍လမ်းပြောင်းပြန်မောင်းနှင်သည့် ဆိုင်ကယ်မောင်းသူ(စိစစ်ဆဲ)ကို ကျောက်တံခါးမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ-၃၀၄(က)ဖြင့် အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

- ဒါးဇ(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။