Skip to main content
ရန္ကုန္ၿမိဳ႕၏ စိမ္းလန္းဧရိယာမ်ားစိုးရိမ္ဖြယ္ရာဆုံးရႈံးေနဟု ဆို
Ads Block

ရန္ကုန္ၿမိဳ႕၏ စိမ္းလန္းဧရိယာမ်ားစိုးရိမ္ဖြယ္ရာဆုံးရႈံးေနဟု ဆို

ရန္ကုန္ၿမိဳ႕၏ စိမ္းလန္းဧရိယာမ်ားစုိးရိမ္ဖြယ္ရာဆံုးရႈံးေနေၾကာင္း Another Development အဖြ႔ဲ၏ သုေတသနစာတမ္းတစ္ေစာင္တြင္ ေဖာ္ျပထားသည္။
အဆိုပါအဖြဲ႔သည္ ရန္ကုန္ၿမိဳ႕၏ စိမ္းလန္းေသာဧရိယာမ်ား၊ စိန္ေခၚမႈမ်ားကိုနားလည္ရန္ Another Development အဖြဲ႔ကသုေတသနစာတမ္းတစ္ေစာင္ျပဳစုခဲ့ျခင္းျဖစ္ၿပီး ၎စာတမ္းကိုဇြန္လ ၁၄ ရက္က ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
“ စိမ္းလန္းျပႆနာကို အေရးပါတဲ့ ျပႆနာတစ္ရပ္အျဖစ္ သတ္မွတ္ေဆာင္ရြက္ျခင္းျဖင့္ ရန္ကုန္ၿမိဳ႕ အနာဂတ္က ရန္ကုန္ၿမိဳ႕ေနျပည္သူလူထုရဲ႕ ေမွ်ာ္မွန္းခ်က္၊ ရည္မွန္းခ်က္နဲ႔ ထပ္တူက်မွာျဖစ္ပါတယ္” ဟု Another Development အဖြဲ႔မွအမႈေဆာင္အရာရွိခ်ဳပ္က ေျပာသည္။
ရန္ကုန္ၿမိဳ႕၏ စိမ္းလန္းေသာဧရိယာမ်ားမွာ ၂၅ ႏွစ္အတြင္း ၄၀ ရာခုိင္ႏႈန္းအထိ ေလ်ာ့က်သြားသည့္အတြက္ ရန္ကုန္ၿမိဳ႕ေနျပည္သူလူထုလူေနမႈဘဝကိုေကာင္းမြန္ေစေရးအတြက္ ထိခုိက္ေစႏုိင္ကာ ရာသီဥတုေဘးဒဏ္ ခံႏုိင္ေသာ ၿမိဳ႕ေတာ္တစ္ခုျဖစ္လာႏုိင္ေျခကုိခက္ခဲသြားေစႏုိင္ေၾကာင္း အဆုိပါစစ္တမ္းတြင္ ေဖာ္ျပထားသည္။
ရန္ကုန္ၿမိဳ႕ကို စိမ္းလန္းၿပီးေနခ်င္စဖြယ္ၿမိဳ႕အျဖစ္ေဆာင္ရြက္ေနေၾကာင္း ရန္ကုန္တုိင္းေဒသႀကီးအစိုးရအဖြဲ႔ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက တုိင္းအစိုးရအဖြဲ႔၏သံုးႏွစ္တာကာလအတြင္းေဆာင္ရြက္ခဲ့သည့္ လုပ္ငန္းစဥ္မ်ား သတင္းစာရွင္းလင္းပြဲတြင္ ေျပာဆုိထားသည္။

-  ခ်မ္းၿငိမ္း ( အကုန္သိသတင္းဌာန )

Unicode Version

 

ရန်ကုန်မြို့၏ စိမ်းလန်းဧရိယာများစိုးရိမ်ဖွယ်ရာဆုံးရှုံးနေကြောင်း Another Development အဖွ့ဲ၏ သုတေသနစာတမ်းတစ်စောင်တွင် ဖော်ပြထားသည်။
အဆိုပါအဖွဲ့သည် ရန်ကုန်မြို့၏ စိမ်းလန်းသောဧရိယာများ၊ စိန်ခေါ်မှုများကိုနားလည်ရန် Another Development အဖွဲ့ကသုတေသနစာတမ်းတစ်စောင်ပြုစုခဲ့ခြင်းဖြစ်ပြီး ၎င်းစာတမ်းကိုဇွန်လ ၁၄ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“ စိမ်းလန်းပြဿနာကို အရေးပါတဲ့ ပြဿနာတစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်ခြင်းဖြင့် ရန်ကုန်မြို့ အနာဂတ်က ရန်ကုန်မြို့နေပြည်သူလူထုရဲ့ မျှော်မှန်းချက်၊ ရည်မှန်းချက်နဲ့ ထပ်တူကျမှာဖြစ်ပါတယ်” ဟု Another Development အဖွဲ့မှအမှုဆောင်အရာရှိချုပ်က ပြောသည်။
ရန်ကုန်မြို့၏ စိမ်းလန်းသောဧရိယာများမှာ ၂၅ နှစ်အတွင်း ၄၀ ရာခိုင်နှုန်းအထိ လျော့ကျသွားသည့်အတွက် ရန်ကုန်မြို့နေပြည်သူလူထုလူနေမှုဘဝကိုကောင်းမွန်စေရေးအတွက် ထိခိုက်စေနိုင်ကာ ရာသီဥတုဘေးဒဏ် ခံနိုင်သော မြို့တော်တစ်ခုဖြစ်လာနိုင်ခြေကိုခက်ခဲသွားစေနိုင်ကြောင်း အဆိုပါစစ်တမ်းတွင် ဖော်ပြထားသည်။
ရန်ကုန်မြို့ကို စိမ်းလန်းပြီးနေချင်စဖွယ်မြို့အဖြစ်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုင်းအစိုးရအဖွဲ့၏သုံးနှစ်တာကာလအတွင်းဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

-  ချမ်းငြိမ်း ( အကုန်သိသတင်းဌာန )

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။