Skip to main content
ေငြေၾကးေတာင္းခံခဲ့ေသာ နယ္ေျမစခန္းမွဴးႏွင့္ ဒုရဲအုပ္ကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္
Ads Block

ေငြေၾကးေတာင္းခံခဲ့ေသာ နယ္ေျမစခန္းမွဴးႏွင့္ ဒုရဲအုပ္ကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္

ခ်မ္းေအးသာစံၿမိဳ႕နယ္တြင္ ရဲစခန္းအာမခံရရွိရန္ေငြေတာင္းခံခဲ့သည့္ နယ္ေျမစခန္းမွဴးႏွင့္ ဒုရဲအုပ္ကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ- ၄၂၀ အရ ဖြင့္လွစ္သည့္အမႈအတြက္ ရဲစခန္းအာမခံရရွိရန္ ေငြက်ပ္ ၁၅၀၀၀ဝ ႏွင့္ ဆက္သြယ္ေရးဥပေဒပုဒ္မ- ၆၆(ဂ)အရ ဖြင့္လွစ္သည့္ အမႈအတြက္ အာမခံရရွိရန္ ေငြက်ပ္ ၂၅ သိန္း၊ စုစုေပါင္းေငြက်ပ္ ၂၆၅၀၀၀ဝ ကို ေတာင္းယူခဲ့သည့္ မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ အမွတ္(၃)နယ္ေျမရဲစခန္းမွဴးႏွင့္ အမႈစစ္တို႔အား အေရးယူေပးပါရန္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္သို႔တိုင္ၾကားခဲ့ေၾကာင္း သိရသည္။
တိုင္ၾကားစာအရ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္းစစ္ေဆးခဲ့ရာ မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ အမွတ္(၃)နယ္ေျမရဲစခန္းမွ ဒုရဲအုပ္ေက်ာ္ႏိုင္ဦးသည္ (ပ) ၅၁၀/၂၀၁၈ အမႈႏွင့္ပတ္သက္၍ တရားခံထံမွ ရဲစခန္းအာမခံကိစၥေဆာင္႐ြက္ရာတြင္ အမႈစစ္၊ စခန္းမွဴး၊ ၿမိဳ႕နယ္ မွဴးတို႔ကို လက္ဘက္ရည္ဖိုးေပးရန္အတြက္ ေငြက်ပ္ ၅၀၀၀ဝ စီပါစာအိတ္ (၃)အိတ္ စုစုေပါင္းေငြက်ပ္ ၁၅၀၀၀ဝ ကို ေတာင္းခံရယူခဲ့ျခင္းႏွင့္ စခန္းမွဴးရဲအုပ္ေက်ာ္သူသည္ (ပ)၆၅၈/ ၂၀၁၈၊ ဆက္သြယ္ေရးဥပေဒ ပုဒ္မ- ၆၆(ဂ) အမႈႏွင့္ပတ္သက္၍ အာမခံေပးရန္ တရားခံ၏အကူအညီေတာင္းခံမႈအေပၚ သေဘာတူညီမႈ ရယူခဲ့ၿပီး ေငြက်ပ္ ၂၅ သိန္းကို လက္ခံရယူခဲ့ျခင္း၊ အဆိုပါအမႈပိတ္သိမ္းႏိုင္ေရးအတြက္ ေငြက်ပ္သိန္း ၁၀၀ ေတာင္းခံရယူရန္ အားထုတ္ခဲ့ျခင္းတို႔သည္ ရာထူးတာဝန္ကို အလြဲသုံးစားျပဳ၍ အဂတိလိုက္စားမႈ က်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္ဟု ဇြန္လ ၁၄ ရက္က ေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ အမွတ္(၃)နယ္ေျမရဲစခန္းမွ ဒုရဲအုပ္ေက်ာ္ႏိုင္ဦးႏွင့္ ရဲအုပ္ေက်ာ္သူ (ယခုကမၻာလွည့္ခရီးသြား လုံၿခံဳေရးရဲတပ္ဖြဲ႕)တို႔အေပၚ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ- ၅၆ အရ မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ အမွတ္(၃)နယ္ေျမရဲစခန္း တြင္ ဇြန္လ ၁၄ ရက္၌ ပထမသတင္းေပးတိုင္ၾကားခ်က္ဖြင့္လွစ္၍ တရားစြဲဆိုႏိုင္ေရး ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

-  ႏိုင္မင္းလြင္ ( အကုန္သိသတင္းဌာန )

Unicode Version

 

ချမ်းအေးသာစံမြို့နယ်တွင် ရဲစခန်းအာမခံရရှိရန်ငွေတောင်းခံခဲ့သည့် နယ်မြေစခန်းမှူးနှင့် ဒုရဲအုပ်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၄၂၀ အရ ဖွင့်လှစ်သည့်အမှုအတွက် ရဲစခန်းအာမခံရရှိရန် ငွေကျပ် ၁၅၀၀၀ဝ နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဂ)အရ ဖွင့်လှစ်သည့် အမှုအတွက် အာမခံရရှိရန် ငွေကျပ် ၂၅ သိန်း၊ စုစုပေါင်းငွေကျပ် ၂၆၅၀၀၀ဝ ကို တောင်းယူခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေရဲစခန်းမှူးနှင့် အမှုစစ်တို့အား အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့တိုင်ကြားခဲ့ကြောင်း သိရသည်။
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေရဲစခန်းမှ ဒုရဲအုပ်ကျော်နိုင်ဦးသည် (ပ) ၅၁၀/၂၀၁၈ အမှုနှင့်ပတ်သက်၍ တရားခံထံမှ ရဲစခန်းအာမခံကိစ္စဆောင်ရွက်ရာတွင် အမှုစစ်၊ စခန်းမှူး၊ မြို့နယ် မှူးတို့ကို လက်ဘက်ရည်ဖိုးပေးရန်အတွက် ငွေကျပ် ၅၀၀၀ဝ စီပါစာအိတ် (၃)အိတ် စုစုပေါင်းငွေကျပ် ၁၅၀၀၀ဝ ကို တောင်းခံရယူခဲ့ခြင်းနှင့် စခန်းမှူးရဲအုပ်ကျော်သူသည် (ပ)၆၅၈/ ၂၀၁၈၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ- ၆၆(ဂ) အမှုနှင့်ပတ်သက်၍ အာမခံပေးရန် တရားခံ၏အကူအညီတောင်းခံမှုအပေါ် သဘောတူညီမှု ရယူခဲ့ပြီး ငွေကျပ် ၂၅ သိန်းကို လက်ခံရယူခဲ့ခြင်း၊ အဆိုပါအမှုပိတ်သိမ်းနိုင်ရေးအတွက် ငွေကျပ်သိန်း ၁၀၀ တောင်းခံရယူရန် အားထုတ်ခဲ့ခြင်းတို့သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ဇွန်လ ၁၄ ရက်က ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေရဲစခန်းမှ ဒုရဲအုပ်ကျော်နိုင်ဦးနှင့် ရဲအုပ်ကျော်သူ (ယခုကမ္ဘာလှည့်ခရီးသွား လုံခြုံရေးရဲတပ်ဖွဲ့)တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၆ အရ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃)နယ်မြေရဲစခန်း တွင် ဇွန်လ ၁၄ ရက်၌ ပထမသတင်းပေးတိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

-  နိုင်မင်းလွင် ( အကုန်သိသတင်းဌာန )

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။