Skip to main content
မံစီၿမိဳ႕နယ္တြင္ အေၾကြးေတာင္းရာမွ ဓားထိုးမႈျဖစ္ပြား
Ads Block

မံစီၿမိဳ႕နယ္တြင္ အေၾကြးေတာင္းရာမွ ဓားထိုးမႈျဖစ္ပြား

ကခ်င္ျပည္နယ္၊ မံစီၿမိဳ႕နယ္တြင္ အမ်ိဳးသားတစ္ဦးက ၄င္းအားအေၾကြးေပးရန္ရွိသူ၏ဖခင္ကို ဓားျဖင့္ထုိးမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ကခ်င္ျပည္နယ္၊ မံစီၿမိဳ႕နယ္၊ ေမာရဝတီရပ္ကြက္ေန ေဒၚၾကည္ေထြးသည္ ေနအိမ္၌ ဇြန္လ ၁၃ ရက္၊ ည ၉ နာရီခြဲခန္႔က ခင္ပြန္းျဖစ္သူ ဦးထြန္းေက်ာ္၊ အစ္မျဖစ္သူ ေဒၚေဖာ့တို႔ႏွင့္အတူ သေျပပန္းေရာင္းရန္ ပန္းစည္းေနစဥ္ ေနအိမ္ေျခရင္း တစ္အိမ္ေက်ာ္မွ မင္းမင္းထြန္းေရာက္ရွိလာၿပီး ၎တို႔သားျဖစ္သူ ေက်ာ္သီဟ ေခ်းယူထားေသာ ေခ်းေငြႏွင့္ပတ္သက္၍တာဝန္ယူရန္ ေျပာဆိုခဲ့ေၾကာင္း သိရသည္။
ထိုအခါ ေခ်းေငြေပးစဥ္က သူတို႔မသိသျဖင့္ သားျဖစ္သူအား ေျပာေပးမည္ျဖစ္၍ တာဝန္မယူႏိုင္ေၾကာင္း ေျပာဆိုခဲ့ရာ မင္းမင္းထြန္းက ေနအိမ္ရွိပစၥည္းတစ္ခုခုကို ခြာယူမည္ျဖစ္၍ ေက်နပ္သလားဟု ေျပာဆိုခဲ့မႈကို ေဒၚၾကည္ေထြးက မေက်နပ္ႏိုင္ေၾကာင္းႏွင့္ ယင္းအိမ္မွာ ေက်ာ္သီဟပိုင္အိမ္မဟုတ္ေၾကာင္း ျပန္ေျပာခဲ့သည္ဟု သိရသည္။
ထို႔ေနာက္ ေဒၚၾကည္ေထြး၏ခင္ပြန္းျဖစ္သူ ဦးထြန္းေက်ာ္က “ေကာင္ေလး မင္းမူးေနတယ္ နံနက္ေစာေစာက်မွ လာခဲ့၊ မင္းျဖစ္ခ်င္တာ ညိွႏႈိင္းေဆာင္ရြက္ေပးမယ္” ဟု ေျပာဆိုခဲ့ရာ မင္းမင္းထြန္းက အသင့္ပါလာေသာဓားျဖင့္ ဦးထြန္းေက်ာ္အား ၃/၄ ခ်က္ခန္႔ထိုးခဲ့ေၾကာင္း သိရသည္။
“ ဦးထြန္းေက်ာ္ရဲ႕သားဆီကေန လြန္ခဲ့တဲ့ ၂ ႏွစ္ေက်ာ္က ပိုက္ဆံရဖို႔ရွိတဲ့အတြက္ မင္းမင္းထြန္းက သြားေတာင္းရင္းနဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္ ကေတာက္ကဆျဖစ္ၿပီး ဦးထြန္းေက်ာ္ကို မင္းမင္းထြန္းက ဓားနဲ႔ထိုးလိုက္တာပါ” ဟု မံစီၿမိဳ႕မရဲစခန္းမွရဲအရာရွိတစ္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။
ဦးထြန္းေက်ာ္မွာ ဓားထိုးခံရသျဖင့္ ဝဲဘက္နားရြက္ေအာက္၊ ဝဲဘက္ပုခံုး၊ ဝဲဘက္တစ္ေတာင္ဆစ္၊ ဝဲဘက္ေက်ာတို႔တြင္ ျပတ္႐ွဒဏ္ရာမ်ားရ႐ွိခဲ့သျဖင့့္ ဗန္းေမာ္ျပည္သူ႔ေဆးရုံသို႔ပို႔ေဆာင္ထားေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ဓားျဖင့္ထိုးသူ မင္းမင္းထြန္း၊ (၃၁)ႏွစ္ကို မံစီၿမိဳ႕မရဲစခန္း၌ (ပ)၂၆/ ၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ- ၄၅၂/၃၂၆ ျဖင့္ ဖမ္းဆီးအမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

ကချင်ပြည်နယ်၊ မံစီမြို့နယ်တွင် အမျိုးသားတစ်ဦးက ၎င်းအားအကြွေးပေးရန်ရှိသူ၏ဖခင်ကို ဓားဖြင့်ထိုးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မောရဝတီရပ်ကွက်နေ ဒေါ်ကြည်ထွေးသည် နေအိမ်၌ ဇွန်လ ၁၃ ရက်၊ ည ၉ နာရီခွဲခန့်က ခင်ပွန်းဖြစ်သူ ဦးထွန်းကျော်၊ အစ်မဖြစ်သူ ဒေါ်ဖော့တို့နှင့်အတူ သပြေပန်းရောင်းရန် ပန်းစည်းနေစဉ် နေအိမ်ခြေရင်း တစ်အိမ်ကျော်မှ မင်းမင်းထွန်းရောက်ရှိလာပြီး ၎င်းတို့သားဖြစ်သူ ကျော်သီဟ ချေးယူထားသော ချေးငွေနှင့်ပတ်သက်၍တာဝန်ယူရန် ပြောဆိုခဲ့ကြောင်း သိရသည်။
ထိုအခါ ချေးငွေပေးစဉ်က သူတို့မသိသဖြင့် သားဖြစ်သူအား ပြောပေးမည်ဖြစ်၍ တာဝန်မယူနိုင်ကြောင်း ပြောဆိုခဲ့ရာ မင်းမင်းထွန်းက နေအိမ်ရှိပစ္စည်းတစ်ခုခုကို ခွာယူမည်ဖြစ်၍ ကျေနပ်သလားဟု ပြောဆိုခဲ့မှုကို ဒေါ်ကြည်ထွေးက မကျေနပ်နိုင်ကြောင်းနှင့် ယင်းအိမ်မှာ ကျော်သီဟပိုင်အိမ်မဟုတ်ကြောင်း ပြန်ပြောခဲ့သည်ဟု သိရသည်။
ထို့နောက် ဒေါ်ကြည်ထွေး၏ခင်ပွန်းဖြစ်သူ ဦးထွန်းကျော်က “ကောင်လေး မင်းမူးနေတယ် နံနက်စောစောကျမှ လာခဲ့၊ မင်းဖြစ်ချင်တာ ညှိနှိုင်းဆောင်ရွက်ပေးမယ်” ဟု ပြောဆိုခဲ့ရာ မင်းမင်းထွန်းက အသင့်ပါလာသောဓားဖြင့် ဦးထွန်းကျော်အား ၃/၄ ချက်ခန့်ထိုးခဲ့ကြောင်း သိရသည်။
“ ဦးထွန်းကျော်ရဲ့သားဆီကနေ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က ပိုက်ဆံရဖို့ရှိတဲ့အတွက် မင်းမင်းထွန်းက သွားတောင်းရင်းနဲ့ တစ်ယောက်နဲ့တစ်ယောက် ကတောက်ကဆဖြစ်ပြီး ဦးထွန်းကျော်ကို မင်းမင်းထွန်းက ဓားနဲ့ထိုးလိုက်တာပါ” ဟု မံစီမြို့မရဲစခန်းမှရဲအရာရှိတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။
ဦးထွန်းကျော်မှာ ဓားထိုးခံရသဖြင့် ဝဲဘက်နားရွက်အောက်၊ ဝဲဘက်ပုခုံး၊ ဝဲဘက်တစ်တောင်ဆစ်၊ ဝဲဘက်ကျောတို့တွင် ပြတ်ရှဒဏ်ရာများရရှိခဲ့သဖြင့် ဗန်းမော်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဓားဖြင့်ထိုးသူ မင်းမင်းထွန်း၊ (၃၁)နှစ်ကို မံစီမြို့မရဲစခန်း၌ (ပ)၂၆/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ- ၄၅၂/၃၂၆ ဖြင့် ဖမ်းဆီးအမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

- နိုင်မင်းလွင် ( အကုန်သိ သတင်းဌာန )

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။