Skip to main content
ညေစာင့္၀န္ထမ္းက ၁၂ ႏွစ္အရြယ္မိန္းကေလးအား အဓမၼျပဳက်င့္ရန္ႀကံစည္မႈျဖစ္ပြား
Ads Block

ညေစာင့္၀န္ထမ္းက ၁၂ ႏွစ္အရြယ္မိန္းကေလးအား အဓမၼျပဳက်င့္ရန္ႀကံစည္မႈျဖစ္ပြား

မႏၱေလးတိုင္းေဒသႀကီး၊ သပိတ္က်င္းၿမိဳ႕နယ္တြင္ ညေစာင့္၀န္ထမ္းအမ်ိဳးသားက ညအခ်ိန္၌ ၁၂ ႏွစ္အရြယ္မိန္းကေလးအား အဓမၼျပဳက်င့္ရန္ႀကံစည္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ သပိတ္က်င္းၿမိဳ႕နယ္၊ ေခ်ာင္းႀကီးေက်းရြာအမွတ္(၅)တြင္ေနထိုင္ေသာ မ------ ၊ ၁၂ ႏွစ္သည္ ဇြန္လ ၁၄ ရက္၊နံနက္ပိုင္းက သပိတ္က်င္းၿမိဳ႕မရဲစခန္းသို႔သက္ဆိုင္ရာလူႀကီးမ်ားႏွင့္ေရာက္ရွိၿပီး၎ကိုအဓမၼျပဳက်င့္ရန္ ႀကံစည္ခဲ့သူကို အေရးယူေပးရန္တရားလိုျပဳလုပ္တိုင္ၾကားခဲ့ေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။
စစ္ေမးခ်က္အရ မ------ သည္ သပိတ္က်င္းၿမိဳ႕ေပၚရွိဖခင္ျဖစ္သူအလုပ္လုပ္ကိုင္သည့္ေနရာသို႔ ဇြန္လ ၁၃ ရက္က သြားေရာက္၍ ယင္းေန႔ည ၁၀ နာရီတြင္ဖခင္၏တဲ၌တစ္ဦးတည္းအိပ္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ည ၁၀ နာရီခြဲခန္႔တြင္ ညေစာင့္၀န္ထမ္းျဖစ္သည့္ ခ်စ္ရင္ထူးက ျခင္ေထာင္အတြင္း၀င္ေရာက္၍ မ------ ၏ခႏၶာကိုယ္အႏွံ႔ကိုပြတ္သပ္ကိုင္တြယ္ကာ အဓမၼျပဳက်င့္ရန္ႀကံစည္စဥ္ မ-------က တြန္း၍ အျပင္သို႔ ေျပးထြက္ကာ လံုၿခံဳေရးအေဆာင္တြင္ရွိေသာဖခင္ထံအေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးသိရွိခဲ့ရသည္။
“ေကာင္မေလးက သူ႔အေဖအလုပ္လုပ္တဲ့ေနရာကိုသြားၿပီးေတာ့အလုပ္သမားတဲမွာ ျခင္ေထာင္ ေထာင္ၿပီး အိမ္ေနတယ္။ဖခင္ကေတာ့ လံုၿခံဳေရးအေဆာင္ေရွ႕မွာအိပ္ေနတာေပါ့။ အဲဒီလိုတစ္ေယာက္တည္း အိပ္ေနတဲ့ ေကာင္မေလးျခင္ေထာင္ထဲကို ခ်စ္ရင္ထူးက၀င္ေရာက္ၿပီး အဓမၼျပဳဖို႔ႀကိဳးစားအားထုတ္တဲ့အခ်ိန္မွာ ေကာင္မေလးကေဆာင့္တြန္းၿပီးဖခင္ျဖစ္သူဆီကို အေၾကာင္းၾကားတယ္။ျပန္လာေတာ့ ခ်စ္ရင္ထူး မရွိေတာ့ဘူး။ျဖစ္စဥ္ကေတာ့ ဒီေလာက္ပါပဲ” ဟု သပိတ္က်င္းၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။
ထို႔ေၾကာင့္  ခ်စ္ရင္ထူး၊ (၂၃)ႏွစ္ကိုဖမ္းဆီး၍ သပိတ္က်င္းၿမိဳ႕မရဲစခန္း၌ ရာဇသတ္ႀကီးပုဒ္မ- ၄၅၆၊ ၃၇၆/၅၁၁ တို႔ျဖင့္ အမႈဖြင့္ကာရံုးထုတ္ရမန္ရယူထားေၾကာင္း သတင္းရရွိသည္။
-  ဒါးဇ (အကုန္သိသတင္းဌာန) | ဓာတ္ပံု - သဲေမာင္ရုိ႕စ္ ပုည

Unicode Version

 

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်တွင် ညစောင့်ဝန်ထမ်းအမျိုးသားက ညအချိန်၌ ၁၂ နှစ်အရွယ်မိန်းကလေးအား အဓမ္မပြုကျင့်ရန်ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာအမှတ်(၅)တွင်နေထိုင်သော မ------ ၊ ၁၂ နှစ်သည် ဇွန်လ ၁၄ ရက်၊နံနက်ပိုင်းက သပိတ်ကျင်းမြို့မရဲစခန်းသို့သက်ဆိုင်ရာလူကြီးများနှင့်ရောက်ရှိပြီး၎င်းကိုအဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သူကို အရေးယူပေးရန်တရားလိုပြုလုပ်တိုင်ကြားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
စစ်မေးချက်အရ မ------ သည် သပိတ်ကျင်းမြို့ပေါ်ရှိဖခင်ဖြစ်သူအလုပ်လုပ်ကိုင်သည့်နေရာသို့ ဇွန်လ ၁၃ ရက်က သွားရောက်၍ ယင်းနေ့ည ၁၀ နာရီတွင်ဖခင်၏တဲ၌တစ်ဦးတည်းအိပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ည ၁၀ နာရီခွဲခန့်တွင် ညစောင့်ဝန်ထမ်းဖြစ်သည့် ချစ်ရင်ထူးက ခြင်ထောင်အတွင်းဝင်ရောက်၍ မ------ ၏ခန္ဓာကိုယ်အနှံ့ကိုပွတ်သပ်ကိုင်တွယ်ကာ အဓမ္မပြုကျင့်ရန်ကြံစည်စဉ် မ-------က တွန်း၍ အပြင်သို့ ပြေးထွက်ကာ လုံခြုံရေးအဆောင်တွင်ရှိသောဖခင်ထံအကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။
“ကောင်မလေးက သူ့အဖေအလုပ်လုပ်တဲ့နေရာကိုသွားပြီးတော့အလုပ်သမားတဲမှာ ခြင်ထောင် ထောင်ပြီး အိမ်နေတယ်။ဖခင်ကတော့ လုံခြုံရေးအဆောင်ရှေ့မှာအိပ်နေတာပေါ့။ အဲဒီလိုတစ်ယောက်တည်း အိပ်နေတဲ့ ကောင်မလေးခြင်ထောင်ထဲကို ချစ်ရင်ထူးကဝင်ရောက်ပြီး အဓမ္မပြုဖို့ကြိုးစားအားထုတ်တဲ့အချိန်မှာ ကောင်မလေးကဆောင့်တွန်းပြီးဖခင်ဖြစ်သူဆီကို အကြောင်းကြားတယ်။ပြန်လာတော့ ချစ်ရင်ထူး မရှိတော့ဘူး။ဖြစ်စဉ်ကတော့ ဒီလောက်ပါပဲ” ဟု သပိတ်ကျင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ကြောင့်  ချစ်ရင်ထူး၊ (၂၃)နှစ်ကိုဖမ်းဆီး၍ သပိတ်ကျင်းမြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ- ၄၅၆၊ ၃၇၆/၅၁၁ တို့ဖြင့် အမှုဖွင့်ကာရုံးထုတ်ရမန်ရယူထားကြောင်း သတင်းရရှိသည်။


-  ဒါးဇ (အကုန်သိသတင်းဌာန) | ဓာတ်ပုံ - သဲမောင်ရို့စ် ပုည

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။