Skip to main content
မတရားဖမ္းဆီးၿပီးႏွိပ္စက္ကာ ပိုက္ဆံေတာင္းခံခဲ့သည့္ ၿမိဳ႕နယ္မွဴးအပါအဝင္ ရဲအရာရွိမ်ားကို အဂတိ လိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္
Ads Block

မတရားဖမ္းဆီးၿပီးႏွိပ္စက္ကာ ပိုက္ဆံေတာင္းခံခဲ့သည့္ ၿမိဳ႕နယ္မွဴးအပါအဝင္ ရဲအရာရွိမ်ားကို အဂတိ လိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္

အမႈႏွင့္သက္ဆိုင္ျခင္းမရွိဘဲ မတရားဖမ္းဆီးၿပီး ၫွဥ္းပန္းႏွိပ္စက္ကာ ပိုက္ဆံေတာင္းခံခဲ့သည့္ ၿမိဳ႕နယ္မွဴးအပါအဝင္ ရဲအရာရွိမ်ားကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္ခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ ဂိမ္းဆိုင္တြင္ဖမ္းဆီးခံခဲ့ရၿပီး မသကၤာမႈျဖင့္ ဖမ္းဆီးျခင္း မဟုတ္ဘဲ ခိုက္ရန္ျဖစ္ပြားေသာအမႈ၌ ပါဝင္သည္ဟုစြပ္စြဲၿပီး ဖမ္းဆီးခံရျခင္း၊ အမႈႏွင့္သက္ဆိုင္ျခင္း မရွိဘဲ မတရားဖမ္းဆီးၿပီး ၫွဥ္းပန္း ႏွိပ္စက္ကာ ပိုက္ဆံေတာင္းခံခဲ့သည့္ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ အမွတ္(၃) နယ္ေျမရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားအား စိစစ္အေရးယူေပးပါရန္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္ရွင္သို႔ တိုင္ၾကားခဲ့ေၾကာင္း သိရသည္။
တိုင္ၾကားစာအရ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္းစစ္ေဆးခဲ့ရာ မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ အမွတ္(၃) နယ္ေျမရဲစခန္း (ပ)၃၄၉/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၂၆/၁၁၄ အမႈကိစၥႏွင့္ပတ္သက္၍ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးသိန္းႏိုင္က အမႈကိစၥ အဆင္ေျပေစရန္ တရားခံ၏ဖခင္ထံမွ ေငြက်ပ္(၂)သိန္းကို လည္းေကာင္း၊ စခန္းမွဴး ရဲအုပ္ေက်ာ္သူက တရားခံ ၏ဖခင္ထံမွ အမႈသက္သာေစရန္ ေငြက်ပ္(၂)သိန္းႏွင့္ အိုးဘိုအက်ဥ္းေထာင္မပို႔ရန္ ေငြက်ပ္(၂)သိန္းတို႔ကို လည္းေကာင္း၊ အမႈစစ္ ဒုရဲအုပ္ထြန္းထြန္းလင္းက တရားခံ၏ဖခင္ထံမွ တရားခံအား မၫႇဥ္းပန္းမႏွိပ္စက္ရန္ႏွင့္ အမႈကိစၥအဆင္ေျပရန္ ေငြက်ပ္ ၁၅၀၀၀ဝ ႏွင့္ ဖမ္းဆီးသိမ္းဆည္းထားေသာ ဆိုင္ကယ္ျပန္လည္ရရွိေရး အတြက္ ေငြက်ပ္ ၂၅၀၀၀ဝ တို႔ကိုလည္းေကာင္း လက္ခံရယူခဲ့ျခင္းတို႔သည္ ရာထူးတာဝန္ကို အလြဲသုံးစား ျပဳ၍ အဂတိလိုက္စားမႈက်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္ဟု ေကာ္မရွင္၏ထုတ္ျပန္ခ်က္အရ သိရသည္။
ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ရဲမွဴးသိန္းႏိုင္(ယခုဒုတိယခ႐ိုင္ ရဲတပ္ဖြဲ႕မွဴး ဥတၱရခ႐ိုင္ ရဲတပ္ဖြဲ႕မွဴး႐ုံး)၊ ရဲအုပ္ ေက်ာ္သူ(ယခု ကမၻာလွည့္ ခရီးသြား လုံၿခဳံေရးရဲတပ္ဖြဲ႕)၊ ဒုတိယရဲအုပ္ ထြန္းထြန္းလင္း တို႔အေပၚ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ အရ ခ်မ္းေအးသာစံၿမိဳ႕ နယ္၊ အမွတ္(၃)နယ္ေျမ ရဲစခန္းမတြင္ ၁၄-၆-၂၀၁၉ ရက္ေန႔၌ ပထမသတင္းေပး တိုင္ၾကားခ်က္ဖြင့္လွစ္၍ တရားစြဲဆိုႏိုင္ေရး ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

-  ႏိုင္မင္းလြင ္( အကုန္သိသတင္းဌာန )

Unicode Version

 

အမှုနှင့်သက်ဆိုင်ခြင်းမရှိဘဲ မတရားဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်ကာ ပိုက်ဆံတောင်းခံခဲ့သည့် မြို့နယ်မှူးအပါအဝင် ရဲအရာရှိများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ ဂိမ်းဆိုင်တွင်ဖမ်းဆီးခံခဲ့ရပြီး မသင်္ကာမှုဖြင့် ဖမ်းဆီးခြင်း မဟုတ်ဘဲ ခိုက်ရန်ဖြစ်ပွားသောအမှု၌ ပါဝင်သည်ဟုစွပ်စွဲပြီး ဖမ်းဆီးခံရခြင်း၊ အမှုနှင့်သက်ဆိုင်ခြင်း မရှိဘဲ မတရားဖမ်းဆီးပြီး ညှဉ်းပန်း နှိပ်စက်ကာ ပိုက်ဆံတောင်းခံခဲ့သည့် ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃) နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များအား စိစစ်အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်ရှင်သို့ တိုင်ကြားခဲ့ကြောင်း သိရသည်။
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃) နယ်မြေရဲစခန်း (ပ)၃၄၉/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၁၁၄ အမှုကိစ္စနှင့်ပတ်သက်၍ ချမ်းအေးသာစံမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင်က အမှုကိစ္စ အဆင်ပြေစေရန် တရားခံ၏ဖခင်ထံမှ ငွေကျပ်(၂)သိန်းကို လည်းကောင်း၊ စခန်းမှူး ရဲအုပ်ကျော်သူက တရားခံ ၏ဖခင်ထံမှ အမှုသက်သာစေရန် ငွေကျပ်(၂)သိန်းနှင့် အိုးဘိုအကျဉ်းထောင်မပို့ရန် ငွေကျပ်(၂)သိန်းတို့ကို လည်းကောင်း၊ အမှုစစ် ဒုရဲအုပ်ထွန်းထွန်းလင်းက တရားခံ၏ဖခင်ထံမှ တရားခံအား မညှဉ်းပန်းမနှိပ်စက်ရန်နှင့် အမှုကိစ္စအဆင်ပြေရန် ငွေကျပ် ၁၅၀၀၀ဝ နှင့် ဖမ်းဆီးသိမ်းဆည်းထားသော ဆိုင်ကယ်ပြန်လည်ရရှိရေး အတွက် ငွေကျပ် ၂၅၀၀၀ဝ တို့ကိုလည်းကောင်း လက်ခံရယူခဲ့ခြင်းတို့သည် ရာထူးတာဝန်ကို အလွဲသုံးစား ပြု၍ အဂတိလိုက်စားမှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ကော်မရှင်၏ထုတ်ပြန်ချက်အရ သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ရဲမှူးသိန်းနိုင်(ယခုဒုတိယခရိုင် ရဲတပ်ဖွဲ့မှူး ဥတ္တရခရိုင် ရဲတပ်ဖွဲ့မှူးရုံး)၊ ရဲအုပ် ကျော်သူ(ယခု ကမ္ဘာလှည့် ခရီးသွား လုံခြုံရေးရဲတပ်ဖွဲ့)၊ ဒုတိယရဲအုပ် ထွန်းထွန်းလင်း တို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ချမ်းအေးသာစံမြို့ နယ်၊ အမှတ်(၃)နယ်မြေ ရဲစခန်းမတွင် ၁၄-၆-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

-  နိုင်မင်းလွင ်( အကုန်သိသတင်းဌာန )

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။