Skip to main content
အာရွျဖတ္ေက်ာ္ကားေမာင္းၿပိဳင္ပြဲကို ျမန္မာႏုိင္ငံမွ ပထမဦးဆံုးအႀကိမ္ အိမ္ရွင္အျဖစ္လက္ခံက်င္းပမည္
Ads Block

အာရွျဖတ္ေက်ာ္ကားေမာင္းၿပိဳင္ပြဲကို ျမန္မာႏုိင္ငံမွ ပထမဦးဆံုးအႀကိမ္ အိမ္ရွင္အျဖစ္လက္ခံက်င္းပမည္

၂၀၁၉ ခုႏွစ္အာရွျဖတ္ေက်ာ္ကားေမာင္းၿပိဳင္ပြဲကို ျမန္မာႏုိင္ငံမွ အိမ္ရွင္အျဖစ္ ထိုင္းႏုိင္ငံႏွင့္ ပူးေပါင္း က်င္းပသြားမည္ ျဖစ္ေၾကာင္း သိရသည္။
အဆိုပါၿပိဳင္ပြဲမွာ ျမန္မာႏုိင္ငံကစားသမားမ်ားအတြက္အေတြ႕အႀကံဳပိုင္းရရွိေစရန္ရည္ရြယ္ၿပီး ဆုေၾကးခ်ီးျမင့္မႈ ရွိမည္မဟုတ္ေၾကာင္း MYANMAR MOTOR SPORT ORGANIZATION မွ ဦးေက်ာ္ေက်ာ္၀င္းက ေျပာသည္။
“ ဒီၿပိဳင္ပြဲမွာအဓိကက ျမန္မာနဲ႔ထိုင္းကကစားသမားေတြ အဓိကပါ၀င္ယွဥ္ၿပိဳင္မွာပါ။ ျမန္မာကစားသမားေတြ အတြက္ကေတာ့ အေတြ႕အႀကံဳရရွိဖို႔ပဲေပါ့။ လက္ရွိအေနအထားအရ ဒီအားကစားနဲ႔အလွမ္းေ၀းေနတာကို ၿပိဳင္ပြဲအေတြ႕အႀကံဳေတြရဖို႔ပဲေမွ်ာ္လင့္ပါတယ္။ ဆုေၾကးကိုေတာ့မခ်ီးျမင့္ပါဘူး။ ဒီၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္ဖူးတယ္ ဆိုတဲ့အသိအမွတ္ျပဳမႈေတာ့ ရရွိသြားမွာပါ”ဟု MYANMAR MOTOR SPORT ORGANIZATION ၏ ဥကၠ႒ ဦးေက်ာ္ေက်ာ္၀င္းက ေျပာသည္။
ယခုၿပိဳင္ပြဲသည္ (၂၄)ႀကိမ္ေျမာက္ျဖစ္ၿပီး ႏွစ္စဥ္ၾသဂုတ္လအတြင္းက်င္းပခဲ့ကာ ယခုႏွစ္တြင္မူ ၿပိဳင္ပြဲကို ထိုင္းႏုိင္ငံတြင္ (၃)ရက္၊ ျမန္မာႏုိင္ငံတြင္ (၃)ရက္က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။
“ ၿပိဳင္တဲ့အခါမွာ Stating Point ၊ Ending Point ရွိၿပီးေတာ့ အမွတ္ေပးစည္းမ်ဥ္းရွိပါတယ္။ ၿပိဳင္ပြဲလမ္း တစ္ေလွ်ာက္မေတာ္တဆမႈေတြအတြက္ သက္ဆိုင္ရာနီးစပ္တဲ့ေဆးရုံေတြနဲ႕ခ်ိတ္ဆက္ၿပီးစီစဥ္ထားပါတယ္။ မေတာ္တဆျဖစ္တာကေတာ့ အမ်ိဳးမ်ိဳးရွိႏုိင္တာေပါ့ေလ၊ ဒါေတြအတြက္ ကၽြန္ေတာ္တို႔ ေသခ်ာေလး စီစဥ္ထားပါတယ္”ဟု ဦးေက်ာ္ေက်ာ္၀င္းက ေျပာသည္။
ၿပိဳင္ပြဲကို ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ ၁၁ ရက္၌ ထိုင္းႏုိင္ငံ၊ ပတၱရားတြင္ စတင္မည္ျဖစ္ၿပီး ျမန္မာႏုိင္ငံအတြင္း ၾသဂုတ္လ ၁၄ ရက္တြင္ ျမ၀တီၿမိဳ႕ လမ္းေၾကာင္း၊ ၁၅ ရက္တြင္ ဘားအံလမ္းေၾကာင္း၊ ေနာက္ဆံုးဗိုလ္လုပြဲကို ေနျပည္ေတာ္တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

- ထက္ေ၀လင္း ( အကုန္သိသတင္းဌာန )

Unicode Version

 

၂၀၁၉ ခုနှစ်အာရှဖြတ်ကျော်ကားမောင်းပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ထိုင်းနိုင်ငံနှင့် ပူးပေါင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲမှာ မြန်မာနိုင်ငံကစားသမားများအတွက်အတွေ့အကြုံပိုင်းရရှိစေရန်ရည်ရွယ်ပြီး ဆုကြေးချီးမြင့်မှု ရှိမည်မဟုတ်ကြောင်း MYANMAR MOTOR SPORT ORGANIZATION မှ ဦးကျော်ကျော်ဝင်းက ပြောသည်။
“ ဒီပြိုင်ပွဲမှာအဓိကက မြန်မာနဲ့ထိုင်းကကစားသမားတွေ အဓိကပါဝင်ယှဉ်ပြိုင်မှာပါ။ မြန်မာကစားသမားတွေ အတွက်ကတော့ အတွေ့အကြုံရရှိဖို့ပဲပေါ့။ လက်ရှိအနေအထားအရ ဒီအားကစားနဲ့အလှမ်းဝေးနေတာကို ပြိုင်ပွဲအတွေ့အကြုံတွေရဖို့ပဲမျှော်လင့်ပါတယ်။ ဆုကြေးကိုတော့မချီးမြင့်ပါဘူး။ ဒီပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖူးတယ် ဆိုတဲ့အသိအမှတ်ပြုမှုတော့ ရရှိသွားမှာပါ”ဟု MYANMAR MOTOR SPORT ORGANIZATION ၏ ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းက ပြောသည်။
ယခုပြိုင်ပွဲသည် (၂၄)ကြိမ်မြောက်ဖြစ်ပြီး နှစ်စဉ်သြဂုတ်လအတွင်းကျင်းပခဲ့ကာ ယခုနှစ်တွင်မူ ပြိုင်ပွဲကို ထိုင်းနိုင်ငံတွင် (၃)ရက်၊ မြန်မာနိုင်ငံတွင် (၃)ရက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
“ ပြိုင်တဲ့အခါမှာ Stating Point ၊ Ending Point ရှိပြီးတော့ အမှတ်ပေးစည်းမျဉ်းရှိပါတယ်။ ပြိုင်ပွဲလမ်း တစ်လျှောက်မတော်တဆမှုတွေအတွက် သက်ဆိုင်ရာနီးစပ်တဲ့ဆေးရုံတွေနဲ့ချိတ်ဆက်ပြီးစီစဉ်ထားပါတယ်။ မတော်တဆဖြစ်တာကတော့ အမျိုးမျိုးရှိနိုင်တာပေါ့လေ၊ ဒါတွေအတွက် ကျွန်တော်တို့ သေချာလေး စီစဉ်ထားပါတယ်”ဟု ဦးကျော်ကျော်ဝင်းက ပြောသည်။
ပြိုင်ပွဲကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်၌ ထိုင်းနိုင်ငံ၊ ပတ္တရားတွင် စတင်မည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း သြဂုတ်လ ၁၄ ရက်တွင် မြဝတီမြို့ လမ်းကြောင်း၊ ၁၅ ရက်တွင် ဘားအံလမ်းကြောင်း၊ နောက်ဆုံးဗိုလ်လုပွဲကို နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

- ထက်ဝေလင်း ( အကုန်သိသတင်းဌာန )

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။