Skip to main content
တာခ်ီလိတ္ေလဆိပ္တြင္ ပစၥည္းမ်ားကို X-Ray စက္ျဖင့္စစ္ေဆးစဥ္ ေက်ာက္ရိုင္းတံုးမ်ား ေတြ႕ရွိ
Ads Block

တာခ်ီလိတ္ေလဆိပ္တြင္ ပစၥည္းမ်ားကို X-Ray စက္ျဖင့္စစ္ေဆးစဥ္ ေက်ာက္ရိုင္းတံုးမ်ား ေတြ႕ရွိ

တာခ်ီလိတ္သို႔ ဆိုက္ေရာက္လာသည့္ ေလယာဥ္တစ္စီး၏ Cargo ပစၥည္းမ်ားကို X-Ray စက္ျဖင့္စစ္ေဆးစဥ္ ပတၱျမားေက်ာက္ဟုယူဆရသည့္ ေက်ာက္႐ိုင္းတုံးအေသး ၄၅ ခဲ ႏွင့္ မဟူရာေက်ာက္ဟုယူဆရသည့္ ေက်ာက္႐ိုင္းတုံးအေသး ၁ ခဲတို႔ကို ေတြ႔ရွိခဲ့သျဖင့္ ယူေဆာင္လာသူကို ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ရွမ္းျပည္နယ္၊ တာခ်ီလိတ္ၿမိဳ႕ေလဆိပ္၌ ေလေၾကာင္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာန (တာခ်ီလိတ္)မွ ဝန္ ထမ္းမ်ာႏွင့္ တာခ်ီလိတ္ေလေၾကာင္းရဲတပ္ဖြဲ႔မွ ရဲတပ္ဖြဲ႔ဝင္မ်ားပါဝင္သည့္ ပူေပါင္းအဖြဲ႔တို႔က ဇြန္လ ၁၃ ရက္၊ နံနက္ ၁၁ နာရီ ၄၀ မိနစ္ခန္႔က ဟဲဟိုးမွ တာခ်ီလိတ္သို႔ ဆိုက္ေရာက္လာသည့္ Air KBZ ေလေၾကာင္းလိုင္း ေလယာဥ္အမ်ဳိးအစား ATR-72၊ ေလယာဥ္အမွတ္ XY-AJT၊ ခရီးစဥ္အမွတ္ K7-703 မွ Cargo ပစၥည္းမ်ားကို X-Ray စက္ျဖင့္ စစ္ေဆးခဲ့ေၾကာင္း သိရသည္။
စစ္ေဆးခ်က္အရ မေယ့ရွမ္း(ခ)မအမ္းအမည္ျဖင့္ စကၠဴဖာ ၁ ခုအတြင္း ႏို႔မႈန္႔ ၄ ထုပ္စီပါရွိသည့္ Mead Johnson စာတမ္းပါ စကၠဴဖာ ၂ ခုအတြင္း၌ထည့္ထားေသာ ပတၱျမားေက်ာက္ဟုယူဆရသည့္ ေက်ာက္႐ိုင္းတုံး အေသး ၄၅ ခဲ၊ မဟူရာေက်ာက္ဟုယူဆရသည့္ ေက်ာက္႐ိုင္းတုံးအေသး ၁ ခဲ၊ စုစုေပါင္းအေလးခ်ိန္ ၀.၂၅ ကီလို(တန္ဖိုး-စိစစ္ဆဲ)ကို စစ္ေဆးေတြ႔ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါပစၥည္းမ်ားကို တာခ်ီလိတ္ၿမိဳ႕နယ္ အေကာက္ခြန္ဦးစီးဌာနမွ ပင္လယ္ေၾကာင္းအေကာက္ခြန္ အက္ဥပေဒပုဒ္မ- ၁၆၇ (၈)၊ အမႈတြဲအမွတ္ ၁၁-တခ/၂၀၁၉(၁) ျဖင့္ သိမ္းဆည္းခဲ့ေၾကာင္း သိရသည္။
ထိုပစၥည္းပိုင္ရွင္မွာ တာခ်ီလိတ္ၿမိဳ႕သို႔ေရာက္ရွိေနေသာ မေယ့ရွမ္း(ခ)မအမ္း၊ (၃၉)ႏွစ္ျဖစ္ေၾကာင္း သိရွိရသျဖင့္ မေယ့ရွမ္း(ခ)မအမ္း(ဖမ္းမိ)ကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္း၌ (ပ)၃၂၂/၂၀၁၉၊ ေက်ာက္မ်က္ဥပေဒပုဒ္မ- ၅၁(က) ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။


-  ႏိုင္မင္းလြင္ ( အကုန္သိ သတင္းဌာန )  | ဓာတ္ပုံ-ျပည္ထဲေရး

Unicode Version

 

တာချီလိတ်သို့ ဆိုက်ရောက်လာသည့် လေယာဉ်တစ်စီး၏ Cargo ပစ္စည်းများကို X-Ray စက်ဖြင့်စစ်ဆေးစဉ် ပတ္တမြားကျောက်ဟုယူဆရသည့် ကျောက်ရိုင်းတုံးအသေး ၄၅ ခဲ နှင့် မဟူရာကျောက်ဟုယူဆရသည့် ကျောက်ရိုင်းတုံးအသေး ၁ ခဲတို့ကို တွေ့ရှိခဲ့သဖြင့် ယူဆောင်လာသူကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့လေဆိပ်၌ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (တာချီလိတ်)မှ ဝန် ထမ်းမျာနှင့် တာချီလိတ်လေကြောင်းရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူပေါင်းအဖွဲ့တို့က ဇွန်လ ၁၃ ရက်၊ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်က ဟဲဟိုးမှ တာချီလိတ်သို့ ဆိုက်ရောက်လာသည့် Air KBZ လေကြောင်းလိုင်း လေယာဉ်အမျိုးအစား ATR-72၊ လေယာဉ်အမှတ် XY-AJT၊ ခရီးစဉ်အမှတ် K7-703 မှ Cargo ပစ္စည်းများကို X-Ray စက်ဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်အရ မယေ့ရှမ်း(ခ)မအမ်းအမည်ဖြင့် စက္ကူဖာ ၁ ခုအတွင်း နို့မှုန့် ၄ ထုပ်စီပါရှိသည့် Mead Johnson စာတမ်းပါ စက္ကူဖာ ၂ ခုအတွင်း၌ထည့်ထားသော ပတ္တမြားကျောက်ဟုယူဆရသည့် ကျောက်ရိုင်းတုံး အသေး ၄၅ ခဲ၊ မဟူရာကျောက်ဟုယူဆရသည့် ကျောက်ရိုင်းတုံးအသေး ၁ ခဲ၊ စုစုပေါင်းအလေးချိန် ဝ.၂၅ ကီလို(တန်ဖိုး-စိစစ်ဆဲ)ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါပစ္စည်းများကို တာချီလိတ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှ ပင်လယ်ကြောင်းအကောက်ခွန် အက်ဥပဒေပုဒ်မ- ၁၆၇ (၈)၊ အမှုတွဲအမှတ် ၁၁-တခ/၂၀၁၉(၁) ဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ထိုပစ္စည်းပိုင်ရှင်မှာ တာချီလိတ်မြို့သို့ရောက်ရှိနေသော မယေ့ရှမ်း(ခ)မအမ်း၊ (၃၉)နှစ်ဖြစ်ကြောင်း သိရှိရသဖြင့် မယေ့ရှမ်း(ခ)မအမ်း(ဖမ်းမိ)ကို တာချီလိတ်မြို့မရဲစခန်း၌ (ပ)၃၂၂/၂၀၁၉၊ ကျောက်မျက်ဥပဒေပုဒ်မ- ၅၁(က) ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။


-  နိုင်မင်းလွင် ( အကုန်သိ သတင်းဌာန ) | ဓာတ်ပုံ-ပြည်ထဲရေး

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။