Skip to main content
မူဆယ္သူ ခရီးသည္တင္ မွန္လုံယာဥ္တစ္စီး တိမ္းေမွာက္မႈေၾကာင့္ ခရီးသည္ ၂ ဦးေသဆုံး ဒဏ္ရာရရိွသူ အမ်ားအျပား႐ွိ
Ads Block

မူဆယ္သူ ခရီးသည္တင္ မွန္လုံယာဥ္တစ္စီး တိမ္းေမွာက္မႈေၾကာင့္ ခရီးသည္ ၂ ဦးေသဆုံး ဒဏ္ရာရရိွသူ အမ်ားအျပား႐ွိ

မႏၱေလး - မူဆယ္သြား မူဆယ္သူ ခရီးသည္တင္မွန္လုံယာဥ္လိုင္းမွ ယာဥ္တစ္စီး ဘရိတ္ေပါက္ တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေပၚပါ ခရီးသည္ ၂ ဦးေသဆုံးကာ ဒဏ္ရာရ႐ွိသူ အမ်ားအျပား႐ွိခဲ့ေၾကာင္း သိရသည္။

မူဆယ္သူ ခရီးသည္တင္ မွန္လုံယာဥ္တစ္စီး တိမ္းေမွာက္မႈေၾကာင့္ ခရီးသည္ ၂ ဦးေသဆုံး ဒဏ္ရာရရိွသူ အမ်ားအျပား႐ွိ


႐ွမ္းျပည္နယ္၊ မူဆယ္ခ႐ိုင္၊ မူဆယ္ၿမိဳ႕နယ္၊ မိုင္တိုင္အမွတ္ ၂၇၈-၁/၂ ၾကား၊ ေအာက္တုံခံတြင္ ဇြန္လ ၁၄ ရက္၊ နံနက္ ၈ နာရီ ၅ မိနစ္ခန္႔က မႏၱေလး - မူဆယ္သြား မူဆယ္သူခရီးသည္တင္ မွန္လုံယာဥ္တစ္စီးသည္ ဘရိတ္ေပါက္ကာ လမ္းေခ်ာ္တိမ္းေမွာက္ခ့ဲ ေၾကာင္း မူဆယ္ၿမိဳ႕နယ္ ယာဥ္ထိန္းရဲတပ္ဖြဲ႔႐ုံးမွ သိရသည္။
"ဘရိတ္ေပါက္ၿပီး လမ္းေခ်ာ္တိမ္းေမွာက္သြားတာပါ။ ေလာေလာဆယ္ေတာ့ ၂ ဦးေသဆုံးသြားတယ္။ ဒဏ္ရာရ႐ွိသူေတြကိုေတာ့ စိစစ္ေနတုန္းပါပဲ။ ယာဥ္ေမာင္းကိုလည္း ဖမ္းမိထားပါတယ္" ဟု မူဆယ္ၿမိဳ႕နယ္ ယာဥ္ထိန္းရဲတပ္ဖြဲ႔႐ုံးမွ ယာဥ္မႈစစ္ရဲအုပ္ ေအာင္ ကိုထက္က အကုန္သိ သတင္းဌာနသို႔ ဇြန္လ ၁၄ ရက္ နံနက္ ၁၀ နာရီ ၁၀ မိနစ္ခန္႔က ေျပာသည္။
အဆိုပါ ယာဥ္တိမ္းေမွာက္မႈေၾကာင့္ တိုးဝင္းထြန္း(ခ)ေဝယံ၊ (၂၆)ႏွစ္ အပါအဝင္ အမ်ဳိးသား ၂ ဦးသည္ ဒဏ္ရာမ်ားရ႐ွိ၍ အခင္း ျဖစ္ေနရာတြင္ ေသဆုံးသြားၿပီး မစိုးရိမ္ရ ဒဏ္ရာရ႐ွိသူ အမ်ားအျပား႐ွိကာ ၄င္းတို႔ကို မူဆယ္ေဆး႐ုံသို႔ ပို႔ေဆာင္ေနေၾကာင္း သိရ သည္။
ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ယာဥ္ေမာင္းျဖစ္သူ ေဇာ္မင္းသိန္း၊ (၃၄)ႏွစ္၊ အမွတ္(၂)ရပ္ကြက္၊ ေတာင္ငူၿမိဳ႕နယ္ေနသူကို ဖမ္းဆီး ကာ အမႈဖြင့္ႏိုင္ေရး ေဆာင္ရြက္ေနေၾကာင္း သိရသည္။


- ႏိုင္မင္းလြင္  ( အကုန္သိ သတင္းဌာန ) | ဓာတ္ပုံ- Thaung Tun က႐ုဏာ မူဆယ္

Unicode Version

 

မန္တလေး - မူဆယ်သွား မူဆယ်သူ ခရီးသည်တင်မှန်လုံယာဉ်လိုင်းမှ ယာဉ်တစ်စီး ဘရိတ်ပေါက် တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် ၂ ဦးသေဆုံးကာ ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မိုင်တိုင်အမှတ် ၂၇၈-၁/၂ ကြား၊ အောက်တုံခံတွင် ဇွန်လ ၁၄ ရက်၊ နံနက် ၈ နာရီ ၅ မိနစ်ခန့်က မန္တလေး - မူဆယ်သွား မူဆယ်သူခရီးသည်တင် မှန်လုံယာဉ်တစ်စီးသည် ဘရိတ်ပေါက်ကာ လမ်းချော်တိမ်းမှောက်ခဲ့ ကြောင်း မူဆယ်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ သိရသည်။
"ဘရိတ်ပေါက်ပြီး လမ်းချော်တိမ်းမှောက်သွားတာပါ။ လောလောဆယ်တော့ ၂ ဦးသေဆုံးသွားတယ်။ ဒဏ်ရာရရှိသူတွေကိုတော့ စိစစ်နေတုန်းပါပဲ။ ယာဉ်မောင်းကိုလည်း ဖမ်းမိထားပါတယ်" ဟု မူဆယ်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ ယာဉ်မှုစစ်ရဲအုပ် အောင် ကိုထက်က အကုန်သိ သတင်းဌာနသို့ ဇွန်လ ၁၄ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်က ပြောသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် တိုးဝင်းထွန်း(ခ)ဝေယံ၊ (၂၆)နှစ် အပါအဝင် အမျိုးသား ၂ ဦးသည် ဒဏ်ရာများရရှိ၍ အခင်း ဖြစ်နေရာတွင် သေဆုံးသွားပြီး မစိုးရိမ်ရ ဒဏ်ရာရရှိသူ အများအပြားရှိကာ ၎င်းတို့ကို မူဆယ်ဆေးရုံသို့ ပို့ဆောင်နေကြောင်း သိရ သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ ဇော်မင်းသိန်း၊ (၃၄)နှစ်၊ အမှတ်(၂)ရပ်ကွက်၊ တောင်ငူမြို့နယ်နေသူကို ဖမ်းဆီး ကာ အမှုဖွင့်နိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။


- နိုင်မင်းလွင်  ( အကုန်သိ သတင်းဌာန ) | ဓာတ်ပုံ- Thaung Tun ကရုဏာ မူဆယ်

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။