Skip to main content
အခ်ဳပ္တရားခံ ခင္ပြန္းကိုလာေတြ႔သည့္ ဇနီးျဖစ္သူ၏ မိန္းမကိုယ္အတြင္းမွ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ
Ads Block

အခ်ဳပ္တရားခံ ခင္ပြန္းကိုလာေတြ႔သည့္ ဇနီးျဖစ္သူ၏ မိန္းမကိုယ္အတြင္းမွ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ

အင္းစိန္ၿမိဳ႕နယ္တြင္ အခ်ဳပ္တရားခံျဖစ္ေသာခင္ပြန္းကိုဧည့္လာေတြ႔သည့္ ဇနီးျဖစ္သူ၏မိန္းမကိုယ္အတြင္းမွ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

အခ်ဳပ္တရားခံ ခင္ပြန္းကိုလာေတြ႔သည့္ ဇနီးျဖစ္သူ၏ မိန္းမကိုယ္အတြင္းမွ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ


ျဖစ္စဥ္မွာ ရန္ကုန္တိုင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕နယ္၊ ရန္ကုန္ေျမာက္ပိုင္းခရိုင္တရားရုံးရွိ CRO ရုံးတြင္ ဇြန္လ ၁၂ ရက္၊ ေန႔လယ္ ၁ နာရီ ၁၅ မိနစ္ခန္႔က ပုဒ္မ-၃၉၅ ျဖင့္ တရားရုံးထုတ္လာသည့္ အခ်ဳပ္တရားခံ ထြန္းဝင္းႏိုင္ (ခ)ႏိုင္ဦး (ခ)ကုလားႀကီးအား ဧည့္ေတြ႔လာေသာ ဇနီးျဖစ္သူ မစန္းရီ၊ (၄၀)ႏွစ္၏ မိန္းမကိုယ္အတြင္းမွ WY မူးယစ္ေဆးဝါးမ်ား ရွာေဖြေတြ႔ရွိခဲ့ေၾကာင္း အင္းစိန္ၿမိဳ႕မရဲစခန္းမွ သိရသည္။
“ရုံးထုတ္တရားခံျဖစ္တဲ့ သူ႔ေယာက္်ားကယူလာေပးပါလို႔ မွာလိုက္တဲ့အတြက္ သူက မိန္းမကိုယ္ထဲထည့္ၿပီး ယူလာခဲ့တာေပါ့။ ဒီေရာက္ေတာ့ ဧည့္ေတြ႔လာတာမို႔လို႔ သူ႔ကိုရဲေမေတြကစစ္တယ္။ စစ္တဲ့အခါ ပလတ္စတစ္ထဲ ထည့္ၿပီး အရွည္ကလက္ညိဳးလုံးခန္႔ ၁ လက္မခြဲေလာက္ရွိမွာေပါ့။ အထုပ္ေလးလုပ္ၿပီး မိန္းမကိုယ္ထဲ ထည့္လာတာကိုစစ္ေဆးတဲ့ရဲေမေတြက ေတြ႔ခဲ့တာပါ” ဟု အင္းစိန္ၿမိဳ႕မရဲစခန္းမွ ရဲအရာရွိတစ္ဦးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။
မိန္းမကိုယ္အတြင္း သိုဝွက္သယ္ေဆာင္လာေသာ WY စာတန္းပါ ပန္းေရာင္စိတ္ၾကြရူးသြပ္ေဆးျပား (၉၈)ျပား ႏွင့္ အစိမ္း(၁)ျပား၊ စုစုေပါင္း(၉၉)ျပားကို ဖမ္းဆီးရမိခဲ့သျဖင့္ အခ်ဳပ္တရားခံ ထြန္းဝင္းႏိုင္(ခ)ႏိုင္ဦး (ခ)ကုလား ႀကီးႏွင့္ ဇနီးျဖစ္သူ မစန္းရီ၊ (၄၀)ႏွစ္ကို အင္းစိန္ၿမိဳ႕မရဲစခန္း၌ မယ(ပ) ၁၁၇/၂၀၁၉၊ မူးစိတ္ပုဒ္မ-၁၉(က)/၂၁ ျဖင့္ ဖမ္းဆီးအမႈဖြင့္ထားေၾကာင္း သိရသည္။
 

- ႏိုင္မင္းလြင္  ( အကုန္သိ သတင္းဌာန ) | ဓာတ္ပုံ-Ko Toot Pe

Unicode Version

 

အင်းစိန်မြို့နယ်တွင် အချုပ်တရားခံဖြစ်သောခင်ပွန်းကိုဧည့်လာတွေ့သည့် ဇနီးဖြစ်သူ၏မိန်းမကိုယ်အတွင်းမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးရှိ CRO ရုံးတွင် ဇွန်လ ၁၂ ရက်၊ နေ့လယ် ၁ နာရီ ၁၅ မိနစ်ခန့်က ပုဒ်မ-၃၉၅ ဖြင့် တရားရုံးထုတ်လာသည့် အချုပ်တရားခံ ထွန်းဝင်းနိုင် (ခ)နိုင်ဦး (ခ)ကုလားကြီးအား ဧည့်တွေ့လာသော ဇနီးဖြစ်သူ မစန်းရီ၊ (၄၀)နှစ်၏ မိန်းမကိုယ်အတွင်းမှ WY မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိခဲ့ကြောင်း အင်းစိန်မြို့မရဲစခန်းမှ သိရသည်။
“ရုံးထုတ်တရားခံဖြစ်တဲ့ သူ့ယောက်ျားကယူလာပေးပါလို့ မှာလိုက်တဲ့အတွက် သူက မိန်းမကိုယ်ထဲထည့်ပြီး ယူလာခဲ့တာပေါ့။ ဒီရောက်တော့ ဧည့်တွေ့လာတာမို့လို့ သူ့ကိုရဲမေတွေကစစ်တယ်။ စစ်တဲ့အခါ ပလတ်စတစ်ထဲ ထည့်ပြီး အရှည်ကလက်ညိုးလုံးခန့် ၁ လက်မခွဲလောက်ရှိမှာပေါ့။ အထုပ်လေးလုပ်ပြီး မိန်းမကိုယ်ထဲ ထည့်လာတာကိုစစ်ဆေးတဲ့ရဲမေတွေက တွေ့ခဲ့တာပါ” ဟု အင်းစိန်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။
မိန်းမကိုယ်အတွင်း သိုဝှက်သယ်ဆောင်လာသော WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၉၈)ပြား နှင့် အစိမ်း(၁)ပြား၊ စုစုပေါင်း(၉၉)ပြားကို ဖမ်းဆီးရမိခဲ့သဖြင့် အချုပ်တရားခံ ထွန်းဝင်းနိုင်(ခ)နိုင်ဦး (ခ)ကုလား ကြီးနှင့် ဇနီးဖြစ်သူ မစန်းရီ၊ (၄၀)နှစ်ကို အင်းစိန်မြို့မရဲစခန်း၌ မယ(ပ) ၁၁၇/၂၀၁၉၊ မူးစိတ်ပုဒ်မ-၁၉(က)/၂၁ ဖြင့် ဖမ်းဆီးအမှုဖွင့်ထားကြောင်း သိရသည်။
- နိုင်မင်းလွင်  ( အကုန်သိ သတင်းဌာန ) | ဓာတ်ပုံ-Ko Toot Pe

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။