Skip to main content
၃ ဘီးဆုိင္ကယ္ယာဥ္ေမာင္းအားသတ္ၿပီး လုယက္မႈျဖစ္ပြား
Ads Block

၃ ဘီးဆုိင္ကယ္ယာဥ္ေမာင္းအားသတ္ၿပီး လုယက္မႈျဖစ္ပြား

မႏၱေလးတုိင္းေဒသႀကီး၊ အမရပူရၿမိဳ႕နယ္တြင္ ညအခ်ိန္၌  ၃ ဘီးဆိုင္ကယ္ယာဥ္ေမာင္းအားသတ္ၿပီး ဖုန္းႏွင့္ပိုက္ဆံလုယက္မႈ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

၃ ဘီးဆုိင္ကယ္ယာဥ္ေမာင္းအားသတ္ၿပီး လုယက္မႈျဖစ္ပြား


ျဖစ္စဥ္မွာ အမရပူရၿမိဳ႕နယ္၊ ျမစ္ငယ္နယ္ေျမရဲစခန္းပိုင္ ျမစိမ္းေရာင္ခန္းမေရွ႕၌ ဇြန္လ ၁၂ ရက္၊ ယမန္႔ေန႔ ည ၈ နာရီခန္႔က ရပ္နားထားေသာသံုးဘီးဆိုင္ကယ္ေမာင္းသူမွာဒဏ္ရာမ်ားျဖင့္လဲက်ေနသျဖင့္ တာ၀န္ရွိသူမ်ားက သြားေရာက္စစ္ေဆးခဲ့ၾကသည္။
စစ္ေဆးခ်က္အရ ညာဘက္ရင္အံု၌ထိုးသြင္းဒဏ္ရာတစ္ခ်က္ျဖင့္ ေသဆံုးေနၿပီျဖစ္ေသာ အသက္ ၃၀ ေက်ာ္ရွိသံုးဘီးယာဥ္ေမာင္း(အမည္စိစစ္ဆဲ)ကို ေတြ႕ရွိရသျဖင့္ ညိမ္းလူမႈကူညီေရးအသင္းမွ အေလာင္းကို ရင္ခြဲရံုသို႔ တင္ပို႔ေပးခဲ့ၾကသည္။
အခင္းမျဖစ္မီ ကြ်ဲဆည္ကန္ကားႀကီးကြင္းမွ ခရီးသည္ ၄ ဦးသည္ ျမစ္ငယ္ၿမိဳ႕ကိုသြားေရာက္ရန္ယင္း ၃ ဘီး ဆိုင္ကယ္ကိုငွားခဲ့ေၾကာင္း၊ ထို႔ေနာက္ နတ္ေရကန္ စက္မႈ(၂)ထိပ္ႏွင့္မတၱလာေကာလိပ္ၾကားအေရာက္တြင္ ခရီးသည္ ၄ ဦးကဆိုင္ကယ္သမားအား ဓားျဖင့္ထိုးသတ္၍ ဖုန္းႏွင့္ေငြက်ပ္ ၅ ေသာင္းကိုလုယက္ ထြက္ေျပးသြားျခင္းျဖစ္ေၾကာင္း ေဒသခံတစ္ဦး၏ေျပာျပခ်က္အရ သိရသည္။
“ ဒီျဖစ္စဥ္ကေတာ့ အမႈႀကီးထဲမွာပါတယ္ဗ်။လက္ရွိအခ်ိန္မွာ ျပစ္မႈက်ဴးလြန္သူေတြကို စံုစမ္းရွာေဖြေနဆဲပါ။ ျဖစ္စဥ္အျပည့္အစံုကေတာ့ အမႈစစ္ဆီကိုတိုက္ရိုက္ေမးၾကည့္တာ ပိုေကာင္းပါတယ္။ ကြ်န္ေတာ္တို႔က်ေတာ့ အခုမွဂ်ဴတီ၀င္တဲ့သူေတြျဖစ္ေနလို႔ပါ။စခန္းကိုလာရင္ပိုအဆင္ေျပတယ္” ဟု ျမစ္ငယ္နယ္ေျမရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။
ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ျမစ္ငယ္နယ္ေျမရဲစခန္း၌ အမႈဖြင့္လွစ္ၿပီး ျပစ္မႈက်ဴးလြန္သူမ်ားကို ဖမ္းဆီးႏုိင္ေရး စံုစမ္းရွာေဖြေနေၾကာင္း သတင္းရရွိသည္။


- ဒါးဇ(အကုန္သိသတင္းဌာန) | Photo - Apple Apple

Unicode Version

 

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ညအချိန်၌  ၃ ဘီးဆိုင်ကယ်ယာဉ်မောင်းအားသတ်ပြီး ဖုန်းနှင့်ပိုက်ဆံလုယက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အမရပူရမြို့နယ်၊ မြစ်ငယ်နယ်မြေရဲစခန်းပိုင် မြစိမ်းရောင်ခန်းမရှေ့၌ ဇွန်လ ၁၂ ရက်၊ ယမန့်နေ့ ည ၈ နာရီခန့်က ရပ်နားထားသောသုံးဘီးဆိုင်ကယ်မောင်းသူမှာဒဏ်ရာများဖြင့်လဲကျနေသဖြင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြသည်။
စစ်ဆေးချက်အရ ညာဘက်ရင်အုံ၌ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေပြီဖြစ်သော အသက် ၃၀ ကျော်ရှိသုံးဘီးယာဉ်မောင်း(အမည်စိစစ်ဆဲ)ကို တွေ့ရှိရသဖြင့် ညိမ်းလူမှုကူညီရေးအသင်းမှ အလောင်းကို ရင်ခွဲရုံသို့ တင်ပို့ပေးခဲ့ကြသည်။
အခင်းမဖြစ်မီ ကျွဲဆည်ကန်ကားကြီးကွင်းမှ ခရီးသည် ၄ ဦးသည် မြစ်ငယ်မြို့ကိုသွားရောက်ရန်ယင်း ၃ ဘီး ဆိုင်ကယ်ကိုငှားခဲ့ကြောင်း၊ ထို့နောက် နတ်ရေကန် စက်မှု(၂)ထိပ်နှင့်မတ္တလာကောလိပ်ကြားအရောက်တွင် ခရီးသည် ၄ ဦးကဆိုင်ကယ်သမားအား ဓားဖြင့်ထိုးသတ်၍ ဖုန်းနှင့်ငွေကျပ် ၅ သောင်းကိုလုယက် ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦး၏ပြောပြချက်အရ သိရသည်။
“ ဒီဖြစ်စဉ်ကတော့ အမှုကြီးထဲမှာပါတယ်ဗျ။လက်ရှိအချိန်မှာ ပြစ်မှုကျူးလွန်သူတွေကို စုံစမ်းရှာဖွေနေဆဲပါ။ ဖြစ်စဉ်အပြည့်အစုံကတော့ အမှုစစ်ဆီကိုတိုက်ရိုက်မေးကြည့်တာ ပိုကောင်းပါတယ်။ ကျွန်တော်တို့ကျတော့ အခုမှဂျူတီဝင်တဲ့သူတွေဖြစ်နေလို့ပါ။စခန်းကိုလာရင်ပိုအဆင်ပြေတယ်” ဟု မြစ်ငယ်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မြစ်ငယ်နယ်မြေရဲစခန်း၌ အမှုဖွင့်လှစ်ပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးနိုင်ရေး စုံစမ်းရှာဖွေနေကြောင်း သတင်းရရှိသည်။


- ဒါးဇ(အကုန်သိသတင်းဌာန) | Photo - Apple Apple

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။