Skip to main content
မၾကာမီတည္ေဆာက္မည့္ သန္လ်င္တံတားအမွတ္(၃)၏ ၾကံ႕ခိုင္မႈသက္တမ္းကို မေျပာႏိုင္ေသးဟု ဆို
Ads Block

မၾကာမီတည္ေဆာက္မည့္ သန္လ်င္တံတားအမွတ္(၃)၏ ၾကံ႕ခိုင္မႈသက္တမ္းကို မေျပာႏိုင္ေသးဟု ဆို

ယခု ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လတြင္ စတင္တည္ေဆာက္မည့္ သန္လ်င္တံတားအမွတ္(၃)၏ ၾကံ႕ခိုင္မႈသက္တမ္းကို မေျပာႏိုင္ေသးေၾကာင္း အဆိုပါတံတားစီမံကိန္းႏွင့္ပတ္သက္၍ေျပာေရးဆိုခြင့္ရွိသူ PMU Group မွ စီမံကိန္းဒါရိုက္တာ ဦးေဌးဦးက ေျပာသည္။
အခ်ိန္ကာလ ၃၂ လၾကာျမင့္မည့္ သန္လ်င္တံတားအမွတ္(၃)ကိုဂ်ပန္နည္းပညာျဖင့္ တည္ေဆာက္သြားမည္ ျဖစ္ၿပီး အဆိုပါစီမံကိန္းကိုအပိုင္း ၃ ပိုင္းခြဲ၍ ေဆာင္ရြက္သြားမည္ျဖစ္ကာ Phase 3 မွ စတင္ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။
“ အႀကိဳအင္ဂ်င္နီယာလုပ္ငန္းေတြေတာ့ စတင္ေဆာင္ရြက္ေနၿပီ။ ဘာမွေတာ့ အခက္အခဲမရွိဘူး။ ၿပီးေတာ့ ဘယ္ေလာက္သက္တမ္းခံမလဲဆိုတာကိုေတာ့ မေျပာႏိုင္ေသးဘူး။ ဂ်ပန္ဘက္က ေပးခဲ့တဲ့သက္တမ္းကိုပဲ ယူရမွာေပါ့။ တံတားတစ္ခုလံုး ၿပီးသြားရင္ေတာ့ တံတားအေဟာင္းကို ဆက္သံုးမလား၊ မသံုးဘူးလားဆိုတာ ေဆာက္လုပ္ေရးဝန္ႀကီးဌာနရဲ႕မူဝါဒနဲ႔ပဲ သက္ဆိုင္ပါတယ္”ဟု သံလ်င္တံတားအမွတ္(၃)စီမံကိန္းႏွင့္ ပတ္သက္၍ေျပာေရးဆိုခြင့္ရွိသူ PMU Group မွ စီမံကိန္းဒါရိုက္တာ ဦးေဌးဦးက ေျပာသည္။
လက္ရွိတြင္ တံတားစီမံကိန္းႏွင့္ပတ္သက္၍ အႀကိဳအင္ဂ်င္နီယာလုပ္ငန္းမ်ား စတင္ေဆာင္ရြက္ေနၿပီး ယခု ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လတြင္ တံတားတည္ေဆာက္ေရးလုပ္ငန္းမ်ား စတင္ေဆာင္ရြက္သြားမည္ျဖစ္ကာ တံတား တည္ေဆာက္ေနစဥ္နည္းပညာမ်ားကို ျမန္မာအင္ဂ်င္နီယာမ်ားထံ လက္ဆင့္ကမ္းေပးခဲ့မည္ျဖစ္ေၾကာင္း သိရသည္။
လက္ရွိအသံုးျပဳေနသည့္ သန္လ်င္အမွတ္(၁) တံတားေပၚတြင္ ေန႔စဥ္ယာဥ္အစီးေရ ၅၀၀၀ ဝန္းက်င္ ျဖတ္သန္းသြားလ်က္ရွိၿပီးခံႏိုင္ဝန္အားနည္းေနသည့္အတြက္ ယင္းတံတားႏွင့္ကပ္လ်က္ သန္လ်င္တံတား အမွတ္(၃) တံတားသစ္တည္ေဆာက္ရန္ စီစဥ္ျခင္းျဖစ္ေၾကာင္းသိရသည္။
သန္လ်င္တံတားအမွတ္(၃) တံတားသစ္တြင္ ၄၄၈ မီတာရွည္ေသာ ႀကိဳးဆိုင္းတံတား၊ ၁၀၃၃ မီတာရွည္ေသာ သံေဘာင္ယက္မတံတားႏွင့္ ၅၅၀ မီတာရွည္ေသာ PC ယက္မတံတား စသည့္ အဓိကအစိတ္အပိုင္း ၃ ခု ပါဝင္ၿပီး တံတားအစိတ္အပိုင္းအားလံုး၏ စုစုေပါင္းအရွည္မွာ ၂၀၃၁ မီတာရွည္လ်ားမည္ျဖစ္ေၾကာင္း သိရသည္။

-  စုသက္ႏွင္း ( အကုန္သိသတင္းဌာန ) 

Unicode Version

 

ယခု ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် စတင်တည်ဆောက်မည့် သန်လျင်တံတားအမှတ်(၃)၏ ကြံ့ခိုင်မှုသက်တမ်းကို မပြောနိုင်သေးကြောင်း အဆိုပါတံတားစီမံကိန်းနှင့်ပတ်သက်၍ပြောရေးဆိုခွင့်ရှိသူ PMU Group မှ စီမံကိန်းဒါရိုက်တာ ဦးဌေးဦးက ပြောသည်။
အချိန်ကာလ ၃၂ လကြာမြင့်မည့် သန်လျင်တံတားအမှတ်(၃)ကိုဂျပန်နည်းပညာဖြင့် တည်ဆောက်သွားမည် ဖြစ်ပြီး အဆိုပါစီမံကိန်းကိုအပိုင်း ၃ ပိုင်းခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ကာ Phase 3 မှ စတင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
“ အကြိုအင်ဂျင်နီယာလုပ်ငန်းတွေတော့ စတင်ဆောင်ရွက်နေပြီ။ ဘာမှတော့ အခက်အခဲမရှိဘူး။ ပြီးတော့ ဘယ်လောက်သက်တမ်းခံမလဲဆိုတာကိုတော့ မပြောနိုင်သေးဘူး။ ဂျပန်ဘက်က ပေးခဲ့တဲ့သက်တမ်းကိုပဲ ယူရမှာပေါ့။ တံတားတစ်ခုလုံး ပြီးသွားရင်တော့ တံတားအဟောင်းကို ဆက်သုံးမလား၊ မသုံးဘူးလားဆိုတာ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့မူဝါဒနဲ့ပဲ သက်ဆိုင်ပါတယ်”ဟု သံလျင်တံတားအမှတ်(၃)စီမံကိန်းနှင့် ပတ်သက်၍ပြောရေးဆိုခွင့်ရှိသူ PMU Group မှ စီမံကိန်းဒါရိုက်တာ ဦးဌေးဦးက ပြောသည်။
လက်ရှိတွင် တံတားစီမံကိန်းနှင့်ပတ်သက်၍ အကြိုအင်ဂျင်နီယာလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီး ယခု ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် တံတားတည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်သွားမည်ဖြစ်ကာ တံတား တည်ဆောက်နေစဉ်နည်းပညာများကို မြန်မာအင်ဂျင်နီယာများထံ လက်ဆင့်ကမ်းပေးခဲ့မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအသုံးပြုနေသည့် သန်လျင်အမှတ်(၁) တံတားပေါ်တွင် နေ့စဉ်ယာဉ်အစီးရေ ၅၀၀၀ ဝန်းကျင် ဖြတ်သန်းသွားလျက်ရှိပြီးခံနိုင်ဝန်အားနည်းနေသည့်အတွက် ယင်းတံတားနှင့်ကပ်လျက် သန်လျင်တံတား အမှတ်(၃) တံတားသစ်တည်ဆောက်ရန် စီစဉ်ခြင်းဖြစ်ကြောင်းသိရသည်။
သန်လျင်တံတားအမှတ်(၃) တံတားသစ်တွင် ၄၄၈ မီတာရှည်သော ကြိုးဆိုင်းတံတား၊ ၁၀၃၃ မီတာရှည်သော သံဘောင်ယက်မတံတားနှင့် ၅၅၀ မီတာရှည်သော PC ယက်မတံတား စသည့် အဓိကအစိတ်အပိုင်း ၃ ခု ပါဝင်ပြီး တံတားအစိတ်အပိုင်းအားလုံး၏ စုစုပေါင်းအရှည်မှာ ၂၀၃၁ မီတာရှည်လျားမည်ဖြစ်ကြောင်း သိရသည်။

-  စုသက်နှင်း ( အကုန်သိသတင်းဌာန )

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။