Skip to main content
“လက္ေဆာင္”ကဗ်ာ ကို စနစ္သစ္ဒႆမတန္းတြင္ ထည့္သြင္းသင္ၾကားမည္
Ads Block

“လက္ေဆာင္”ကဗ်ာ ကို စနစ္သစ္ဒႆမတန္းတြင္ ထည့္သြင္းသင္ၾကားမည္

 

စာဆုိေတာ္ မယ္ေခြေရးသားေသာ “လက္ေဆာင္” ကဗ်ာကို စနစ္သစ္ဒႆမတန္းသင္ရုိးတြင္ ထည့္သြင္း သင္ၾကားမည္ျဖစ္ေၾကာင္း ပညာေရး၀န္ႀကီးဌာနမွထုတ္ျပန္ခ်က္အရ သိရသည္။
ပညာေရး၀န္ႀကီးဌာန၏ Facebook စာမ်က္ႏွာတြင္ ဇြန္လ ၁၂ ရက္ညပုိင္းက မယ္ေခြ၏ “လက္ေဆာင္” ကဗ်ာ ျပန္လည္သင္ၾကားမည္ျဖစ္ေၾကာင္းသတင္းထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
အဆုိပါ သတင္းထုတ္ျပန္ခ်က္ႏွင့္ပတ္သက္၍ ဇြန္လ ၁၃ ရက္၌ အေျခခံပညာဦးစီးဌာနညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးကုိေလး၀င္း၏လက္ကုိင္ဖုန္းသုိ႔ အကုန္သိသတင္းဌာနမွ အႀကိမ္ႀကိမ္ ဆက္သြယ္ေမးျမန္းေသာ္လည္း ဖုန္းပိတ္ထားေၾကာင္း သိရသည္။
ပညာေရး၀န္ႀကီးဌာန၏ သတင္းထုတ္ျပန္ခ်က္တြင္ စာဆုိမယ္ေခြ၏ “လက္ေဆာင္”ကဗ်ာကုိ အေျခခံပညာ အထက္တန္းဒႆမတန္းျမန္မာစာတြင္ အေျခခံပညာ ျမန္မာစာဘာသာရပ္ သင္ရုိးညႊန္းတမ္း ေကာ္မတီ၀င္မ်ား၏သေဘာတူညီမႈျဖင့္ ထည့္သြင္းျပ႒ာန္းသြားမည္ျဖစ္ေၾကာင္း ေဖာ္ျပပါရွိသည္။
“လက္ေဆာင္” ကဗ်ာတြင္ ေဆးလိပ္အေၾကာင္းအရာပါ၀င္သျဖင့္ ေက်ာင္းသားေက်ာင္းသူမ်ား အတုယူ လြဲမွားကာလုိက္လံေသာက္သုံးမည္စုိးသျဖင့္ဟု ေနျပည္ေတာ္ရွိေဆးရုံႀကီးမွ အထူးကုဆရာ၀န္တစ္ဦးက  ပညာေရး၀န္ႀကီးဌာနညႊန္ခ်ဳပ္တစ္ဦးထံ ႏႈတ္ျဖင့္ေျပာျပရာမွ အ႒မတန္းပါ “လက္ေဆာင္”ကဗ်ာကို ျဖဳတ္ခ်ခဲ့ျခင္း ျဖစ္သည္။

 

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

 

စာဆိုတော် မယ်ခွေရေးသားသော “လက်ဆောင်” ကဗျာကို စနစ်သစ်ဒဿမတန်းသင်ရိုးတွင် ထည့်သွင်း သင်ကြားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှထုတ်ပြန်ချက်အရ သိရသည်။
ပညာရေးဝန်ကြီးဌာန၏ Facebook စာမျက်နှာတွင် ဇွန်လ ၁၂ ရက်ညပိုင်းက မယ်ခွေ၏ “လက်ဆောင်” ကဗျာ ပြန်လည်သင်ကြားမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ သတင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဇွန်လ ၁၃ ရက်၌ အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၏လက်ကိုင်ဖုန်းသို့ အကုန်သိသတင်းဌာနမှ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းပိတ်ထားကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် စာဆိုမယ်ခွေ၏ “လက်ဆောင်”ကဗျာကို အခြေခံပညာ အထက်တန်းဒဿမတန်းမြန်မာစာတွင် အခြေခံပညာ မြန်မာစာဘာသာရပ် သင်ရိုးညွှန်းတမ်း ကော်မတီဝင်များ၏သဘောတူညီမှုဖြင့် ထည့်သွင်းပြဋ္ဌာန်းသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
“လက်ဆောင်” ကဗျာတွင် ဆေးလိပ်အကြောင်းအရာပါဝင်သဖြင့် ကျောင်းသားကျောင်းသူများ အတုယူ လွဲမှားကာလိုက်လံသောက်သုံးမည်စိုးသဖြင့်ဟု နေပြည်တော်ရှိဆေးရုံကြီးမှ အထူးကုဆရာဝန်တစ်ဦးက  ပညာရေးဝန်ကြီးဌာနညွှန်ချုပ်တစ်ဦးထံ နှုတ်ဖြင့်ပြောပြရာမှ အဋ္ဌမတန်းပါ “လက်ဆောင်”ကဗျာကို ဖြုတ်ချခဲ့ခြင်း ဖြစ်သည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။