Skip to main content
အိႏၵိယတြင္ လုိင္ခ်ီးသီး စားရာမွ ကေလး ၃၁ ဦးထက္မနည္း အဆိပ္သင့္ေသဆုံး
Ads Block

အိႏၵိယတြင္ လုိင္ခ်ီးသီး စားရာမွ ကေလး ၃၁ ဦးထက္မနည္း အဆိပ္သင့္ေသဆုံး

 

အိႏၵိယႏုိင္ငံ ဘီဟားျပည္နယ္တြင္ ကေလးငယ္ ၃၁ ဦးထက္မနည္းဟာ သဘာဝအေလ်ာက္ အဆိပ္အေတာက္ျဖစ္ေနတဲ့ လုိင္ခ်ီးသီးေတြကုိ စားမိရာမွ ေသဆုံးခဲ့ရေၾကာင္း ဇြန္ ၁၃ ရက္ေန႔မွာ သတင္းရရွိပါတယ္။

အိႏၵိယတြင္ လုိင္ခ်ီးသီး စားရာမွ ကေလး ၃၁ ဦးထက္မနည္း အဆိပ္သင့္ေသဆုံး

 

အဆုိပါကေလးငယ္အားလုံးမွာ ဦးေႏွာက္အေႁမွးေရာင္ေရာဂါ လကၡဏာေတြကုိ ေတြ႕ခဲ့ရၿပီး အမ်ားစုဟာလည္း ေသြးတြင္းသၾကားဓာတ္ ႐ုတ္ခ်ည္းက်ဆင္းသြားခဲ့ေၾကာင္း၊ ၁၀ ရက္အတြင္း ၃၁ ဦးထက္မနည္း ေသဆုံးခဲ့ရေၾကာင္း က်န္းမာေရးတာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။

၄င္းတုိ႔နဲ႔ ေရာဂါလကၡဏာတူတဲ့ အျခားကေလးငယ္ ၄၀ ဦးထက္မနည္းကုိလည္း အတြင္းလူနာအျဖစ္ ကုသေပးေနရေၾကာင္း သိရပါတယ္။

ေန႔အပူခ်ိန္ ၄၀ ဒီဂရီဆဲစီးယပ္ေက်ာ္လာေလ့ရွိၿပီး လုိင္ခ်ီးသီး ေပါမ်ားတဲ့ ေႏြရာသီတုိင္းမွာ မူဇက္ဖာပူနဲ႔အနီးတစ္ဝုိက္ရွိ ခ႐ုိင္မ်ားတြင္ ထုိသုိ႔ ျဖစ္ပ်က္၊ ေသဆုံးၾကေလ့ရွိပါတယ္။ ၁၉၉၅ ခုႏွစ္ကတည္းက ထုိသုိ႔ ႏွစ္စဥ္ျဖစ္ပြားလာခဲ့ရာ ၂၀၁၄ ခုႏွစ္မွာဆုိလွ်င္ လူ ၁၅၀ ဦးအထိ ေသဆုံးခဲ့ရပါတယ္။

၂၀၁၅ ခုႏွစ္မွာေတာ့ အေမရိကန္သုေတသီေတြဟာ ထုိေဒသထြက္ လုိင္ခ်ီးသီးေတြမွာ ပါဝင္တဲ့ သဘာဝအဆိပ္ဓာတ္တစ္မ်ိဳးနဲ႔ ၄င္းဦးေႏွာက္အေႁမွးေရာင္ေရာဂါလကၡဏာတုိ႔ ဆက္စပ္ေနေၾကာင္းကုိ စတင္ေတြ႕ရွိခဲ့ပါတယ္။

၄င္းအဆိပ္ဟာ ေသြးတြင္းသၾကားဓာတ္ကုိ က်ဆင္းေစေၾကာင္း၊ မရင့္မွည့္ေသးတဲ့ လုိင္ခ်ီးသီးေတြမွာ အာနိသင္ပုိျပင္းေၾကာင္း၊ ကေလးငယ္ေတြမွာ အစာမခံပဲ စားမိပါက ေသေစႏုိင္သည္အထိ ျပင္းထန္ႏုိင္ေၾကာင္းမွ်သာ ေတြ႕ရွိထားေသးၿပီး ဆက္လက္သုေတသနျပဳဖုိ႔ လုိေနပါေသးတယ္။

ဘဂၤလားေဒ့ရွ္နဲ႔ဗီယက္နမ္တုိ႔မွာလည္း လုိင္ခ်ီးသီးရာသီေရာက္လွ်င္ စုိက္ပ်ိဳးရာေဒသေတြမွာ ထုိသုိ႔ေသာ ဦးေႏွာက္နဲ႔အာ႐ုံေၾကာ ေရာဂါလကၡဏာမ်ားျဖင့္ ေသဆုံးရမႈေတြ ျဖစ္ပြားေလ့ရွိေၾကာင္း သိရပါတယ္။

(Ref : AFP)

Unicode Version

အိန္ဒိယနိုင်ငံ ဘီဟားပြည်နယ်တွင် ကလေးငယ် ၃၁ ဦးထက်မနည်းဟာ သဘာဝအလျောက် အဆိပ်အတောက်ဖြစ်နေတဲ့ လိုင်ချီးသီးတွေကို စားမိရာမှ သေဆုံးခဲ့ရကြောင်း ဇွန် ၁၃ ရက်နေ့မှာ သတင်းရရှိပါတယ်။

အဆိုပါကလေးငယ်အားလုံးမှာ ဦးနှောက်အမြှေးရောင်ရောဂါ လက္ခဏာတွေကို တွေ့ခဲ့ရပြီး အများစုဟာလည်း သွေးတွင်းသကြားဓာတ် ရုတ်ချည်းကျဆင်းသွားခဲ့ကြောင်း၊ ၁၀ ရက်အတွင်း ၃၁ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

၎င်းတို့နဲ့ ရောဂါလက္ခဏာတူတဲ့ အခြားကလေးငယ် ၄၀ ဦးထက်မနည်းကိုလည်း အတွင်းလူနာအဖြစ် ကုသပေးနေရကြောင်း သိရပါတယ်။

နေ့အပူချိန် ၄၀ ဒီဂရီဆဲစီးယပ်ကျော်လာလေ့ရှိပြီး လိုင်ချီးသီး ပေါများတဲ့ နွေရာသီတိုင်းမှာ မူဇက်ဖာပူနဲ့အနီးတစ်ဝိုက်ရှိ ခရိုင်များတွင် ထိုသို့ ဖြစ်ပျက်၊ သေဆုံးကြလေ့ရှိပါတယ်။ ၁၉၉၅ ခုနှစ်ကတည်းက ထိုသို့ နှစ်စဉ်ဖြစ်ပွားလာခဲ့ရာ ၂၀၁၄ ခုနှစ်မှာဆိုလျှင် လူ ၁၅၀ ဦးအထိ သေဆုံးခဲ့ရပါတယ်။

၂၀၁၅ ခုနှစ်မှာတော့ အမေရိကန်သုတေသီတွေဟာ ထိုဒေသထွက် လိုင်ချီးသီးတွေမှာ ပါဝင်တဲ့ သဘာဝအဆိပ်ဓာတ်တစ်မျိုးနဲ့ ၎င်းဦးနှောက်အမြှေးရောင်ရောဂါလက္ခဏာတို့ ဆက်စပ်နေကြောင်းကို စတင်တွေ့ရှိခဲ့ပါတယ်။

၎င်းအဆိပ်ဟာ သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေကြောင်း၊ မရင့်မှည့်သေးတဲ့ လိုင်ချီးသီးတွေမှာ အာနိသင်ပိုပြင်းကြောင်း၊ ကလေးငယ်တွေမှာ အစာမခံပဲ စားမိပါက သေစေနိုင်သည်အထိ ပြင်းထန်နိုင်ကြောင်းမျှသာ တွေ့ရှိထားသေးပြီး ဆက်လက်သုတေသနပြုဖို့ လိုနေပါသေးတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ဗီယက်နမ်တို့မှာလည်း လိုင်ချီးသီးရာသီရောက်လျှင် စိုက်ပျိုးရာဒေသတွေမှာ ထိုသို့သော ဦးနှောက်နဲ့အာရုံကြော ရောဂါလက္ခဏာများဖြင့် သေဆုံးရမှုတွေ ဖြစ်ပွားလေ့ရှိကြောင်း သိရပါတယ်။

(Ref : AFP)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။