Skip to main content
အိႏၵိယတြင္ IS ေထာက္ခံသူေတြကုိ အၾကမ္းဖက္တုိက္ဖ်က္ေရး ရဲမ်ား လုိက္လံေဖာ္ထုတ္ ဖမ္းဆီး
Ads Block

အိႏၵိယတြင္ IS ေထာက္ခံသူေတြကုိ အၾကမ္းဖက္တုိက္ဖ်က္ေရး ရဲမ်ား လုိက္လံေဖာ္ထုတ္ ဖမ္းဆီး

အိႏၵိယမွာ Islamic States အစြန္းေရာက္အဖြဲ႕အား ေထာက္ခံအားေပးသူေတြကုိ အၾကမ္းဖက္ တုိက္ဖ်က္ေရး ရဲေတြက ရွာေဖြေဖာ္ထုတ္ၿပီး ဇြန္လ ၁၂ ရက္ေန႔ ႏုိင္ငံေတာင္ပုိင္း ေနရာ ၇ ေနရာမွာ စီးနင္းဖမ္းဆီးခဲ့ၾကပါတယ္။

အဆုိပါဖမ္းဆီးပြဲေတြအနက္ အမ်ားစုကုိ မဒရပ္ျပည္နယ္ ကုိအင္ဘေတာၿမိဳ႕မွာ ျပဳလုပ္ခဲ့ၾကၿပီး ၄င္းဟာ သီရိလကၤာမွာ ျဖစ္ပြားခဲ့တဲ့ အီစတာေန႔ အၾကမ္းဖက္တုိက္ခုိက္မႈနဲ႔ ဆက္ႏြယ္ေနပါတယ္။

ကုိအင္ဘေတာမွာ ဖမ္းမိခဲ့သူေတြအနက္ အဓိကစြပ္စြဲခံ မုိဟာမက္အဇာ႐ူဒင္ ဟာ အီစတာေန႔ဗုံးခြဲမႈရဲ႕ အဓိကလက္သည္ ဇာရန္းဟာရွင္နဲ႔ Facebook Friend ေတြ ျဖစ္ေနၾကေၾကာင္း အမ်ိဳးသား စုံစမ္းစစ္ေဆးေရးေအဂ်င္စီ (NIA) ထုတ္ျပန္ထားပါတယ္။ ၄င္းၿမိဳ႕မွာအျပင္ အျခားေဒသမွ ေနရာအခ်ိဳ႕ကုိလည္း စီးနင္းရွာေဖြခဲ့ရာ ၅ ဦး ဖမ္းဆီးရမိခဲ့ပါတယ္။

ဖမ္းမိသူေတြဟာ ISIS အၾကမ္းဖက္အဖြဲ႕ကုိ ေထာက္ခံ၊ ဝါဒျဖန္႔ေပးေနသူေတြ ျဖစ္ၾကၿပီး လူငယ္ ေတြကုိ အစြန္းေရာက္ဝါဒမႈိင္းတုိက္ စည္း႐ုံးၿပီး အိႏၵိယေတာင္ပုိင္းမွာ အၾကမ္းဖက္တုိက္ခုိက္ၾကရန္ ရည္႐ြယ္ထားၾကေၾကာင္း ရဲတပ္ဖြဲ႕က ဆုိပါတယ္။

အဓိကစြပ္စြဲခံ အာဇာ႐ူဒင္ဟာလည္း IS ဝါဒကုိ Facebook page တစ္ခုမွတစ္ဆင့္ ျဖန္႔ေဝေနၿပီး အျခားဖမ္းမိသူေတြကေတာ့ ဇာရန္းဟာရွင္နဲ႔ပတ္သက္တဲ့ အစြန္းေရာက္ပုိ႔စ္ေတြကို Share ေနခဲ့ၾကပါတယ္။

၄င္းတုိ႔အားလုံးရဲ႕ ဖုန္း၊ ဆင္းမ္ကဒ္၊ ကြန္ျပဴတာနဲ႔ စာ႐ြက္စာတမ္းေတြ အားလုံးကုိ သိမ္းဆည္းခဲ့ၿပီး လူကုိလည္း စစ္ေၾကာေမးျမန္းေနေၾကာင္း NIA က ေျပာၾကားခဲ့ပါတယ္။ ဒါေပမဲ့ စြဲခ်က္တင္ထားျခင္း ရွိမရွိကုိေတာ့ ထုတ္ေဖာ္ေျပာၾကားျခင္း မျပဳခဲ့ပါဘူး။

(Ref : AFP)

Unicode Version

 

အိန္ဒိယမှာ Islamic States အစွန်းရောက်အဖွဲ့အား ထောက်ခံအားပေးသူတွေကို အကြမ်းဖက် တိုက်ဖျက်ရေး ရဲတွေက ရှာဖွေဖော်ထုတ်ပြီး ဇွန်လ ၁၂ ရက်နေ့ နိုင်ငံတောင်ပိုင်း နေရာ ၇ နေရာမှာ စီးနင်းဖမ်းဆီးခဲ့ကြပါတယ်။

အဆိုပါဖမ်းဆီးပွဲတွေအနက် အများစုကို မဒရပ်ပြည်နယ် ကိုအင်ဘတောမြို့မှာ ပြုလုပ်ခဲ့ကြပြီး ၎င်းဟာ သီရိလင်္ကာမှာ ဖြစ်ပွားခဲ့တဲ့ အီစတာနေ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဆက်နွယ်နေပါတယ်။

ကိုအင်ဘတောမှာ ဖမ်းမိခဲ့သူတွေအနက် အဓိကစွပ်စွဲခံ မိုဟာမက်အဇာရူဒင် ဟာ အီစတာနေ့ဗုံးခွဲမှုရဲ့ အဓိကလက်သည် ဇာရန်းဟာရှင်နဲ့ Facebook Friend တွေ ဖြစ်နေကြကြောင်း အမျိုးသား စုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) ထုတ်ပြန်ထားပါတယ်။ ၎င်းမြို့မှာအပြင် အခြားဒေသမှ နေရာအချို့ကိုလည်း စီးနင်းရှာဖွေခဲ့ရာ ၅ ဦး ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းမိသူတွေဟာ ISIS အကြမ်းဖက်အဖွဲ့ကို ထောက်ခံ၊ ဝါဒဖြန့်ပေးနေသူတွေ ဖြစ်ကြပြီး လူငယ် တွေကို အစွန်းရောက်ဝါဒမှိုင်းတိုက် စည်းရုံးပြီး အိန္ဒိယတောင်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်ကြရန် ရည်ရွယ်ထားကြကြောင်း ရဲတပ်ဖွဲ့က ဆိုပါတယ်။

အဓိကစွပ်စွဲခံ အာဇာရူဒင်ဟာလည်း IS ဝါဒကို Facebook page တစ်ခုမှတစ်ဆင့် ဖြန့်ဝေနေပြီး အခြားဖမ်းမိသူတွေကတော့ ဇာရန်းဟာရှင်နဲ့ပတ်သက်တဲ့ အစွန်းရောက်ပို့စ်တွေကို Share နေခဲ့ကြပါတယ်။

၎င်းတို့အားလုံးရဲ့ ဖုန်း၊ ဆင်းမ်ကဒ်၊ ကွန်ပြူတာနဲ့ စာရွက်စာတမ်းတွေ အားလုံးကို သိမ်းဆည်းခဲ့ပြီး လူကိုလည်း စစ်ကြောမေးမြန်းနေကြောင်း NIA က ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ စွဲချက်တင်ထားခြင်း ရှိမရှိကိုတော့ ထုတ်ဖော်ပြောကြားခြင်း မပြုခဲ့ပါဘူး။

(Ref : AFP)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။