Skip to main content
ထုိင္းေျမာက္ပုိင္းမွာ ေရာဂါေ၀ဒနာေတြ ေပ်ာက္တယ္ဆုိတဲ့ power card ေတြ ထြက္ေပၚ ပ်ံ ့ႏွံ ့ေန
Ads Block

ထုိင္းေျမာက္ပုိင္းမွာ ေရာဂါေ၀ဒနာေတြ ေပ်ာက္တယ္ဆုိတဲ့ power card ေတြ ထြက္ေပၚ ပ်ံ ့ႏွံ ့ေန

ေရာဂါေ၀ဒနာေတြ ေပ်ာက္ကင္း သက္သာတယ္ဆုိတဲ့ အစြမ္းထက္ power card ဆုိတာေတြကုိ ထုိင္းႏုိင္ငံေျမာက္ပုိင္း ေဒသေတြက ေဒသခံေတြအား တစ္ကတ္ကုိ ဘတ္ ၁၅၀၀ နဲ ့ ေရာင္းခ်ေနေၾကာင္း ဘန္ေကာက္ပုိ ့စ္သတင္းတစ္ပုဒ္မွာ ေဖာ္ျပပါတယ္။
ဒီကတ္ေတြကုိ နာက်င္မႈေ၀ဒနာခံစားရတဲ့ ေနရာေပၚ တင္ထားလုိက္မယ္ဆုိရင္ နာက်င္တာေတြ ေပ်ာက္ကင္းမွာ ျဖစ္ေၾကာင္း ကတ္ေရာင္းသူေတြက ေျပာဆုိစည္းရုံး ေရာင္းခ်ၾကပါတယ္။ ဒါ့အျပင္ အျခား ဖ်ားနာမႈေ၀ဒနာေတြအတြက္ ေသာက္ေရထဲကုိ ကတ္နဲ ့ေမႊၿပီး ေသာက္ျခင္း ဒါမွမဟုတ္ ကတ္ေပၚမွာ ေရခြက္တင္ၿပီးမွ ေသာက္ျခင္းလုပ္ရင္ သက္သာေပ်ာက္ကင္းႏုိင္တယ္လုိ ့ ကတ္ေရာင္းသူေတြက ဆုိပါတယ္။ အယုံအၾကည္ရွိသူေတြကေတာ့ ယင္းကတ္ေတြကုိ ဘတ္ ၁၁၀၀ ကေန ၁၅၀၀ ၾကားေပးၿပီး ၀ယ္ယူေနၾကတယ္ လုိ ့ သိရပါတယ္။
ဥေဘာလ္ရတနာေဆးရုံမွ ေဆးေရာင္းသူ ပီတြန္ခ်မ္၀မ္၀ါပီနဲ ့ ဥေဘာ္ရတနာခရုိင္မွ က်န္းမာေရး အရာရွိေတြဟာ ဗုဒၶဟူးေန ့က Srisuk Samran ၿမိဳ႕ ဘန္ဆလာဒင္ေက်းရြာကုိ သြားေရာက္ကာ ATM ကတ္အရြယ္ရွိတဲ့ ယင္း power ကတ္ဆုိတာေတြကုိ စစ္ေဆးခဲ့ၾကပါတယ္။ မိမိတုိ ့အျမင္အရေတာ့ ဖ်ားနာတာေတြ ဒါမွမဟုတ္ နာက်င္ေ၀ဒနာေတြ သက္သာေပ်ာက္ကင္းတဲ့ အစြမ္းရွိတယ္လုိ ့ မထင္ေၾကာင္း၊ ကတ္ေတြထုတ္တဲ့ မူရင္းေနရာ၊ ကတ္နဲ ့ပတ္သက္တဲ့ အခ်က္အလက္ေတြ ဒါမွမဟုတ္ ဒါေတြကုိ ေရာင္းခ်သူ ဘယ္သူဆုိတာ ေဖာ္ျပထားျခင္းမရွိေၾကာင္း၊ ကတ္ေတြကုိ အြန္လုိင္းကေန တုိက္ရုိက္ေရာင္းခ်ပုံရေၾကာင္း မစၥတာ ပီတြန္က ေျပာဆုိခဲ့ပါတယ္။
ခြန္ခန္တိရိစာၦန္ရုံမွာ ကတ္ေရာင္းသူတစ္ဦးက စီစဥ္တဲ့ ႏွစ္ရက္ၾကာ သင္တန္းကုိ သူ တက္ေရာက္ခဲ့ ေၾကာင္း အသက္ ၅၇ ႏွစ္အရြယ္ ေဒသခံတစ္ဦးျဖစ္သူ သာ၀ီးပိုင္အင္က ေျပာဆုိပါတယ္။ မိမိ ကတ္ ၁၀ ခုကုိ ဘတ္ ၄၄၀၀ နဲ ့၀ယ္ခဲ့ေၾကာင္းနဲ ့ ကတ္ေတြကုိ ၁၀ ႏွစ္အထိ အသုံးျပဳလုိ ့ရေၾကာင္း ကုမၸဏီက ေျပာဆုိခဲ့ တယ္လုိ ့ ၄င္းက ဆုိပါတယ္။ ကတ္တစ္ခုကုိ မိမိေက်ာေပၚ တင္ထားၾကည့္ရာမွာ နာတာရွည္ခံစားေနရတဲ့ ေက်ာနာေ၀ဒနာ ေပ်ာက္ကင္းသက္သာသြားေၾကာင္း၊ ဒီအေၾကာင္း မိမိသူငယ္ခ်င္းကုိ ေျပာျပကာ သူ ့ကုိ ကတ္တစ္ခုျပန္ေရာင္းေပးခဲ့ေၾကာင္း ၄င္းက ဆက္လက္ေျပာဆုိခဲ့ပါတယ္။
ဘန္ဆာလာဒင္ေက်းရြာသူႀကီးကေတာ့ မိမိတုိ ့ရြာနဲ ့ပတ္၀န္းက်င္ ေက်းရြာေတြမွာ ဒီကတ္ေတြ ပ်ံ ့ႏွံ ့ ေနတာ ႏွစ္လေလာက္ရွိၿပီျဖစ္ေၾကာင္း ဆုိခဲ့ပါတယ္။ ကုမၸဏီ ကုိယ္စားလွယ္ေတြဟာ ရြာသားေတြကုိ ကတ္အေရာင္း ကုိယ္စားလွယ္ေတြအျဖစ္ စည္းရုံးေရာင္းခ်ေစေၾကာင္း၊ ေက်းရြာေတြမွာ သင္တန္းေတြ စီစဥ္ေပးေၾကာင္းနဲ ့ ေဒသခံအေတာ္မ်ားမ်ား စိတ္ပါ၀င္စားေနၾကေၾကာင္း ေျပာဆုိခဲ့ပါတယ္။ ေရာဂါေ၀ဒနာေတြ ေပ်ာက္ကင္းတာက တစ္ပုိင္းအျပင္ ကတ္ေရာင္းသူေတြအတြက္ အေထြေထြစရိတ္စက ၀င္ေငြေလးေတြ ရေနေၾကာင္းလည္း သူႀကီးကဆုိပါတယ္။ မိမိ ဇနီးသည္လည္း သင္တန္းသားတစ္ဦးျဖစ္တဲ့ ရြာသားတစ္ဦးထံ ကေန ကတ္တစ္ကတ္ ၀ယ္ခဲ့ကာ သူ လက္နာ၊ ေျခနာတာေတြနဲ ့ကေလးေတြ ၀မ္းခ်ဳပ္တာေတြကုိ ယင္း ကတ္သုံးကာ ကုသခဲ့ရာမွာ ေရာဂါလကၡဏာေတြ ေပ်ာက္ကင္းသြားေၾကာင္း ၄င္းက ေျပာဆုိခဲ့ပါတယ္။
ခြန္ခန္အုပ္ခ်ဳပ္ေရးမွဴး ဆြမ္ဆက္ ဂ်န္ထရာကူလ္ကေတာ့ ဒီကတ္ေတြဟာ အတုအေယာင္ ေတြသာျဖစ္ေၾကာင္း ၾကာသပေတးေန ့(ဇြန္ ၁၃) မွာ ေျပာဆုိခဲ့ပါတယ္။
“ဒီကိစၥကုိ စုံစမ္းစစ္ေဆးဖုိ ့နဲ ့ သံသယရွိသူေတြကုိ ရွာေဖြဖုိ ့ ရဲတပ္ဖြဲ ့ကုိ ကၽြန္ေတာ္ ညႊန္ၾကား ခဲ့ပါတယ္။ သူတုိ ့ေတြထဲက တစ္ဦးကုိေတာ့ ေဖာ္ထုတ္ေတြ ့ရွိခဲ့ၿပီျဖစ္ကာ စစ္ေဆးေမးျမန္းမႈေတြ လုပ္ၿပီး ဥပေဒအရ အေရးယူေဆာင္ရြက္မႈေတြ လုပ္သြားမွာပါ”လုိ ့ အုပ္ခ်ဳပ္ေရးမွဴးက ေျပာဆုိခဲ့ပါတယ္။

Ref : ဘန္ေကာက္ပုိ ့စ္

Unicode Version

ရောဂါဝေဒနာတွေ ပျောက်ကင်း သက်သာတယ်ဆိုတဲ့ အစွမ်းထက် power card ဆိုတာတွေကို ထိုင်းနိုင်ငံမြောက်ပိုင်း ဒေသတွေက ဒေသခံတွေအား တစ်ကတ်ကို ဘတ် ၁၅၀၀ နဲ့ ရောင်းချနေကြောင်း ဘန်ကောက်ပို့စ်သတင်းတစ်ပုဒ်မှာ ဖော်ပြပါတယ်။
ဒီကတ်တွေကို နာကျင်မှုဝေဒနာခံစားရတဲ့ နေရာပေါ် တင်ထားလိုက်မယ်ဆိုရင် နာကျင်တာတွေ ပျောက်ကင်းမှာ ဖြစ်ကြောင်း ကတ်ရောင်းသူတွေက ပြောဆိုစည်းရုံး ရောင်းချကြပါတယ်။ ဒါ့အပြင် အခြား ဖျားနာမှုဝေဒနာတွေအတွက် သောက်ရေထဲကို ကတ်နဲ့မွှေပြီး သောက်ခြင်း ဒါမှမဟုတ် ကတ်ပေါ်မှာ ရေခွက်တင်ပြီးမှ သောက်ခြင်းလုပ်ရင် သက်သာပျောက်ကင်းနိုင်တယ်လို့ ကတ်ရောင်းသူတွေက ဆိုပါတယ်။ အယုံအကြည်ရှိသူတွေကတော့ ယင်းကတ်တွေကို ဘတ် ၁၁၀၀ ကနေ ၁၅၀၀ ကြားပေးပြီး ဝယ်ယူနေကြတယ် လို့ သိရပါတယ်။
ဥဘောလ်ရတနာဆေးရုံမှ ဆေးရောင်းသူ ပီတွန်ချမ်ဝမ်ဝါပီနဲ့ ဥဘော်ရတနာခရိုင်မှ ကျန်းမာရေး အရာရှိတွေဟာ ဗုဒ္ဓဟူးနေ့က Srisuk Samran မြို့ ဘန်ဆလာဒင်ကျေးရွာကို သွားရောက်ကာ ATM ကတ်အရွယ်ရှိတဲ့ ယင်း power ကတ်ဆိုတာတွေကို စစ်ဆေးခဲ့ကြပါတယ်။ မိမိတို့အမြင်အရတော့ ဖျားနာတာတွေ ဒါမှမဟုတ် နာကျင်ဝေဒနာတွေ သက်သာပျောက်ကင်းတဲ့ အစွမ်းရှိတယ်လို့ မထင်ကြောင်း၊ ကတ်တွေထုတ်တဲ့ မူရင်းနေရာ၊ ကတ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ ဒါမှမဟုတ် ဒါတွေကို ရောင်းချသူ ဘယ်သူဆိုတာ ဖော်ပြထားခြင်းမရှိကြောင်း၊ ကတ်တွေကို အွန်လိုင်းကနေ တိုက်ရိုက်ရောင်းချပုံရကြောင်း မစ္စတာ ပီတွန်က ပြောဆိုခဲ့ပါတယ်။
ခွန်ခန်တိရိစ္ဆာန်ရုံမှာ ကတ်ရောင်းသူတစ်ဦးက စီစဉ်တဲ့ နှစ်ရက်ကြာ သင်တန်းကို သူ တက်ရောက်ခဲ့ ကြောင်း အသက် ၅၇ နှစ်အရွယ် ဒေသခံတစ်ဦးဖြစ်သူ သာဝီးပိုင်အင်က ပြောဆိုပါတယ်။ မိမိ ကတ် ၁၀ ခုကို ဘတ် ၄၄၀၀ နဲ့ဝယ်ခဲ့ကြောင်းနဲ့ ကတ်တွေကို ၁၀ နှစ်အထိ အသုံးပြုလို့ရကြောင်း ကုမ္ပဏီက ပြောဆိုခဲ့ တယ်လို့ ၎င်းက ဆိုပါတယ်။ ကတ်တစ်ခုကို မိမိကျောပေါ် တင်ထားကြည့်ရာမှာ နာတာရှည်ခံစားနေရတဲ့ ကျောနာဝေဒနာ ပျောက်ကင်းသက်သာသွားကြောင်း၊ ဒီအကြောင်း မိမိသူငယ်ချင်းကို ပြောပြကာ သူ့ကို ကတ်တစ်ခုပြန်ရောင်းပေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့ပါတယ်။
ဘန်ဆာလာဒင်ကျေးရွာသူကြီးကတော့ မိမိတို့ရွာနဲ့ပတ်ဝန်းကျင် ကျေးရွာတွေမှာ ဒီကတ်တွေ ပျံ့နှံ့ နေတာ နှစ်လလောက်ရှိပြီဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ကုမ္ပဏီ ကိုယ်စားလှယ်တွေဟာ ရွာသားတွေကို ကတ်အရောင်း ကိုယ်စားလှယ်တွေအဖြစ် စည်းရုံးရောင်းချစေကြောင်း၊ ကျေးရွာတွေမှာ သင်တန်းတွေ စီစဉ်ပေးကြောင်းနဲ့ ဒေသခံအတော်များများ စိတ်ပါဝင်စားနေကြကြောင်း ပြောဆိုခဲ့ပါတယ်။ ရောဂါဝေဒနာတွေ ပျောက်ကင်းတာက တစ်ပိုင်းအပြင် ကတ်ရောင်းသူတွေအတွက် အထွေထွေစရိတ်စက ဝင်ငွေလေးတွေ ရနေကြောင်းလည်း သူကြီးကဆိုပါတယ်။ မိမိ ဇနီးသည်လည်း သင်တန်းသားတစ်ဦးဖြစ်တဲ့ ရွာသားတစ်ဦးထံ ကနေ ကတ်တစ်ကတ် ဝယ်ခဲ့ကာ သူ လက်နာ၊ ခြေနာတာတွေနဲ့ကလေးတွေ ဝမ်းချုပ်တာတွေကို ယင်း ကတ်သုံးကာ ကုသခဲ့ရာမှာ ရောဂါလက္ခဏာတွေ ပျောက်ကင်းသွားကြောင်း ၎င်းက ပြောဆိုခဲ့ပါတယ်။
ခွန်ခန်အုပ်ချုပ်ရေးမှူး ဆွမ်ဆက် ဂျန်ထရာကူလ်ကတော့ ဒီကတ်တွေဟာ အတုအယောင် တွေသာဖြစ်ကြောင်း ကြာသပတေးနေ့(ဇွန် ၁၃) မှာ ပြောဆိုခဲ့ပါတယ်။
“ဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့နဲ့ သံသယရှိသူတွေကို ရှာဖွေဖို့ ရဲတပ်ဖွဲ့ကို ကျွန်တော် ညွှန်ကြား ခဲ့ပါတယ်။ သူတို့တွေထဲက တစ်ဦးကိုတော့ ဖော်ထုတ်တွေ့ရှိခဲ့ပြီဖြစ်ကာ စစ်ဆေးမေးမြန်းမှုတွေ လုပ်ပြီး ဥပဒေအရ အရေးယူဆောင်ရွက်မှုတွေ လုပ်သွားမှာပါ”လို့ အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့ပါတယ်။

Ref : ဘန်ကောက်ပို့စ်

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။