Skip to main content
၅ ႏွစ္အ႐ြယ္ကေလးက မီးျခစ္ေဆာ့ကစားရာမွ ေနအိမ္မီးေလာင္ရာ ၂ ႏွစ္အ႐ြယ္ကေလးတစ္ဦး ေသဆုံး
Ads Block

၅ ႏွစ္အ႐ြယ္ကေလးက မီးျခစ္ေဆာ့ကစားရာမွ ေနအိမ္မီးေလာင္ရာ ၂ ႏွစ္အ႐ြယ္ကေလးတစ္ဦး ေသဆုံး

ပခုကၠဴၿမိဳ႕နယ္တြင္ မိဘမ်ားအလုပ္သြားေနစဥ္ က်န္ရွိခဲ့သည့္သား ၂ ဦးအနက္ ၅ ႏွစ္အ႐ြယ္ကေလးက မီးျခစ္ေဆာ့ကစားရာမွ ေနအိမ္မီးေလာင္ၿပီး ၂ ႏွစ္အ႐ြယ္ကေလးတစ္ဦး ေသဆုံးသြားေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ မေကြးတိုင္းေဒသႀကီး၊ ပခုကၠဴၿမိဳ႕နယ္၊ အရာေတာ္ေက်း႐ြာေန ေဇယ်ာၿဖိဳး၊ (၂၅)ႏွစ္ႏွင့္ ဇနီးျဖစ္သူတို႔သည္ ဇြန္ လ ၁၂ ရက္၊ ေန႔လယ္ ၂ နာရီခန္႔က ေနစားအလုပ္သြားေရာက္လုပ္ကိုင္ေနစဥ္ ေနအိမ္တြင္က်န္ရွိသည့္ ၎တို႔ ၏သား ၂ ဦးအနက္ ေမာင္မင္းဘုန္းခန္႔၊ (၅)ႏွစ္မွ မီးျခစ္ကိုေဆာ့ကစားသျဖင့္ အိပ္ယာခင္းမွတစ္ဆင့္ ေနအိမ္ ၁ လုံး မီးေလာင္ဆုံးရႈံးခဲ့ၿပီး ေန႔လယ္ ၂ နာရီ ၄၀ မိနစ္ခန္႔တြင္မီးၿငိမ္းခဲ့ေၾကာင္း ရဲတပ္ဖြဲ႔၏ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါမီးေလာင္မႈေၾကာင့္ သားငယ္ျဖစ္သူ ေမာင္ၿဖိဳးသီဟေက်ာ္၊ (၂)ႏွစ္မွာ မီးေလာင္ဒဏ္ရာမ်ားရရွိၿပီး ေသဆုံးသြားခဲ့သျဖင့္ ျမစ္ေျခတိုက္နယ္ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ဖခင္ျဖစ္သူ ေဇယ်ာၿဖိဳး၊ (၂၅)ႏွစ္ကို ျမစ္ေျခနယ္ေျမရဲစခန္း၌ (ပ)၅၆/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ- ၃၀၄-က/ ၂၈၅(ေပါ့ေလ်ာ့မႈေၾကာင့္ လူေသေစမႈ/ မီးေပါ့ဆမႈ)ျဖင့္ အမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္ ( အကုန္သိသတင္းဌာန )

Unicode Version

 

ပခုက္ကူမြို့နယ်တွင် မိဘများအလုပ်သွားနေစဉ် ကျန်ရှိခဲ့သည့်သား ၂ ဦးအနက် ၅ နှစ်အရွယ်ကလေးက မီးခြစ်ဆော့ကစားရာမှ နေအိမ်မီးလောင်ပြီး ၂ နှစ်အရွယ်ကလေးတစ်ဦး သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ အရာတော်ကျေးရွာနေ ဇေယျာဖြိုး၊ (၂၅)နှစ်နှင့် ဇနီးဖြစ်သူတို့သည် ဇွန် လ ၁၂ ရက်၊ နေ့လယ် ၂ နာရီခန့်က နေစားအလုပ်သွားရောက်လုပ်ကိုင်နေစဉ် နေအိမ်တွင်ကျန်ရှိသည့် ၎င်းတို့ ၏သား ၂ ဦးအနက် မောင်မင်းဘုန်းခန့်၊ (၅)နှစ်မှ မီးခြစ်ကိုဆော့ကစားသဖြင့် အိပ်ယာခင်းမှတစ်ဆင့် နေအိမ် ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး နေ့လယ် ၂ နာရီ ၄၀ မိနစ်ခန့်တွင်မီးငြိမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါမီးလောင်မှုကြောင့် သားငယ်ဖြစ်သူ မောင်ဖြိုးသီဟကျော်၊ (၂)နှစ်မှာ မီးလောင်ဒဏ်ရာများရရှိပြီး သေဆုံးသွားခဲ့သဖြင့် မြစ်ခြေတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖခင်ဖြစ်သူ ဇေယျာဖြိုး၊ (၂၅)နှစ်ကို မြစ်ခြေနယ်မြေရဲစခန်း၌ (ပ)၅၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ- ၃၀၄-က/ ၂၈၅(ပေါ့လျော့မှုကြောင့် လူသေစေမှု/ မီးပေါ့ဆမှု)ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

- နိုင်မင်းလွင် ( အကုန်သိသတင်းဌာန )

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။