Skip to main content
ထိုင်းမှာ လက်နက်တွေ အစုအပြုံလိုက် တွေ့ရှိခဲ့မှု ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးနဲ့ဆက်စပ်နေ   ================  မကြာခင်က ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ဆီဆာကက်နဲ့ ဆူရင်ပြည်နယ်တို့မှာ လက်နက်အစုအပြုံလိုက် တွေ့ရှိခဲ့မှု ဖြစ်စဉ်မှာ Prachuap Khiri Khan  ပြည်နယ်မှ ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦး ပါဝင်ပတ်သက် နေကြောင်းနဲ့အဆိုပါလက်နက်တွေဟာ ရှပ်နီ ဆန္ဒပြလှုပ်ရှားမှုကာလက သုံးခဲ့တဲ့ လက်နက်တွေနဲ့ ဆင်တူကြောင်း ထိုင်း လက်ထောက်ရဲချုပ်က ပြောပါတယ်။  နောက်ပိုင်းမှာ တရားမဝင် သစ်ခုတ်သူတစ်ဦးဖြစ်လာခဲ့တဲ့ အဆိုပါ ရဲတပ်ဖွဲ့ဝင်ဟောင်းကို ယင်းဒေသ တစ်ဝိ
Ads Block

ထုိင္းမွာ လက္နက္ေတြ အစုအၿပဳံလုိက္ ေတြ ့ရွိခဲ့မႈ ရဲတပ္ဖြဲ ့၀င္ေဟာင္းတစ္ဦးနဲ ့ဆက္စပ္ေန

မၾကာခင္က ထိုင္းႏိုင္ငံအေရွ ့ေျမာက္ပိုင္း ဆီဆာကက္နဲ ့ ဆူရင္ျပည္နယ္တုိ ့မွာ လက္နက္အစုအၿပဳံလုိက္ ေတြ ့ရွိခဲ့မႈ ျဖစ္စဥ္မွာ Prachuap Khiri Khan  ျပည္နယ္မွ ရဲတပ္ဖြဲ ့၀င္ေဟာင္းတစ္ဦး ပါ၀င္ပတ္သက္ ေနေၾကာင္းနဲ ့အဆိုပါလက္နက္ေတြဟာ ရွပ္နီ ဆႏၵျပလႈပ္ရွားမႈကာလက သံုးခဲ့တဲ့ လက္နက္ေတြနဲ႔ ဆင္တူေၾကာင္း ထုိင္း လက္ေထာက္ရဲခ်ဳပ္က ေျပာပါတယ္။
ေနာက္ပုိင္းမွာ တရားမ၀င္ သစ္ခုတ္သူတစ္ဦးျဖစ္လာခဲ့တဲ့ အဆိုပါ ရဲတပ္ဖြဲ ့၀င္ေဟာင္းကို ယင္းေဒသ တစ္၀ိုက္မွာ လိုက္လံစံုစမ္းေနၿပီး ေတြ ့ရွိပါက ခ်က္ခ်င္းဖမ္းဆီးဖို႕ ၀န္ႀကီးခ်ဳပ္ ပရာရြတ္ ခ်န္အုိခ်ာက အမိန္႔ေပးထားေၾကာင္းလည္း ထိုင္းေတာ္၀င္ရဲဌာနရဲ႕ လက္ေထာက္ရဲမင္းႀကီးက အဂါၤေန႔ကေျပာခဲ့ပါတယ္။ လက္နက္ေတြက အရမ္းကိုမ်ားၿပီး  တစ္ေယာက္တည္းန႔ဲ လုပ္ႏိုင္တဲ့ကိစၥမဟုတ္တာေၾကာင့္ ေနာက္ထပ္ သံသယရွိသူေတြ ပါ၀င္ႏိုင္တယ္လို႔ ယူဆေၾကာင္း ၄င္းကေျပာထားပါတယ္။
ဆီဆာကက္ျပည္နယ္ ခူခန္ခရုိင္ တူးေျမာင္းတစ္ခုအတြင္းက ေတြ ့ရွိခဲ့တဲ့ လက္နက္ေတြထဲမွာ ဗုံးပစ္ေလာင္ခ်ာ ၂၇ လက္၊ AKA ရိုင္ဖယ္က်ည္ ၇၀၀၊ M79 ဗုံးပစ္ေလာင္ခ်ာ ဗုံးသီး ၂၄ လုံး၊ ေဖာက္ခြဲေရးပစၥည္း ၄၈ ခု တုိ ့ပါ၀င္ကာ ဆူရင္ျပည္နယ္ ဘာခ်က္ခရုိင္ ေရကန္တစ္ခုအတြင္းကေန AKA ရုိင္ဖယ္ ၁၆ လက္နဲ ့က်ည္ကပ္ ၁၃၀ ေတြ ့ရွိခဲ့တာျဖစ္ပါတယ္။ Surin  မွာ သိမ္းဆည္းရမိတဲ့လက္နက္ေတြက ၾကာၾကာသံုးလို႔မရေတာ့ေပမယ့္ Si Sa Ket က လက္နက္ေတြကေတာ့ ေကာင္းေသးတယ္လို႔ သိရပါတယ္။ ၄င္းေနရာႏွစ္ခုဟာ တစ္ေနရာနဲ႔ တစ္ေနရာ ၁၁ ကီလိုမီတာခန္႔သာကြာေ၀းၿပီး ျဖစ္စဥ္ႏွစ္ခုဟာ ဆက္စပ္မႈရွိႏုိင္တယ္လုိ ့ရဲမွဴးခ်ဳပ္က ေျပာပါတယ္။
     ဘန္ေကာက္ၿမိဳ႕မွာ ဇြန္လ ၂၂နဲ႔၂၃ ရက္ေန႔ေတြမွာ အာဆီယံ ထိပ္သီးအစည္းအေ၀း က်င္းပမွာျဖစ္ၿပီး ၿမိဳ႕ေတာ္ကို လံုၿခံဳးေရး တင္းတင္းက်ပ္က်ပ္ခ်ထားဖို႔ ရဲမွဴးခ်ဳပ္က ၿမိဳ႕ေတာ္ရဲဌာနကို အမိန္႔ေပး ညႊန္ၾကားခဲ့ပါတယ္။
Ref : ဘန္ေကာက္ပုိ ့စ္

Unicode Version

 

မကြာခင်က ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ဆီဆာကက်နဲ့ ဆူရင်ပြည်နယ်တို့မှာ လက်နက်အစုအပြုံလိုက် တွေ့ရှိခဲ့မှု ဖြစ်စဉ်မှာ Prachuap Khiri Khan  ပြည်နယ်မှ ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦး ပါဝင်ပတ်သက် နေကြောင်းနဲ့အဆိုပါလက်နက်တွေဟာ ရှပ်နီ ဆန္ဒပြလှုပ်ရှားမှုကာလက သုံးခဲ့တဲ့ လက်နက်တွေနဲ့ ဆင်တူကြောင်း ထိုင်း လက်ထောက်ရဲချုပ်က ပြောပါတယ်။
နောက်ပိုင်းမှာ တရားမဝင် သစ်ခုတ်သူတစ်ဦးဖြစ်လာခဲ့တဲ့ အဆိုပါ ရဲတပ်ဖွဲ့ဝင်ဟောင်းကို ယင်းဒေသ တစ်ဝိုက်မှာ လိုက်လံစုံစမ်းနေပြီး တွေ့ရှိပါက ချက်ချင်းဖမ်းဆီးဖို့ ဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာက အမိန့်ပေးထားကြောင်းလည်း ထိုင်းတော်ဝင်ရဲဌာနရဲ့ လက်ထောက်ရဲမင်းကြီးက အဂါၤနေ့ကပြောခဲ့ပါတယ်။ လက်နက်တွေက အရမ်းကိုများပြီး  တစ်ယောက်တည်းနဲ့ လုပ်နိုင်တဲ့ကိစ္စမဟုတ်တာကြောင့် နောက်ထပ် သံသယရှိသူတွေ ပါဝင်နိုင်တယ်လို့ ယူဆကြောင်း ၎င်းကပြောထားပါတယ်။
ဆီဆာကက်ပြည်နယ် ခူခန်ခရိုင် တူးမြောင်းတစ်ခုအတွင်းက တွေ့ရှိခဲ့တဲ့ လက်နက်တွေထဲမှာ ဗုံးပစ်လောင်ချာ ၂၇ လက်၊ AKA ရိုင်ဖယ်ကျည် ၇၀၀၊ M79 ဗုံးပစ်လောင်ချာ ဗုံးသီး ၂၄ လုံး၊ ဖောက်ခွဲရေးပစ္စည်း ၄၈ ခု တို့ပါဝင်ကာ ဆူရင်ပြည်နယ် ဘာချက်ခရိုင် ရေကန်တစ်ခုအတွင်းကနေ AKA ရိုင်ဖယ် ၁၆ လက်နဲ့ကျည်ကပ် ၁၃၀ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ Surin  မှာ သိမ်းဆည်းရမိတဲ့လက်နက်တွေက ကြာကြာသုံးလို့မရတော့ပေမယ့် Si Sa Ket က လက်နက်တွေကတော့ ကောင်းသေးတယ်လို့ သိရပါတယ်။ ၎င်းနေရာနှစ်ခုဟာ တစ်နေရာနဲ့ တစ်နေရာ ၁၁ ကီလိုမီတာခန့်သာကွာဝေးပြီး ဖြစ်စဉ်နှစ်ခုဟာ ဆက်စပ်မှုရှိနိုင်တယ်လို့ရဲမှူးချုပ်က ပြောပါတယ်။
     ဘန်ကောက်မြို့မှာ ဇွန်လ ၂၂နဲ့၂၃ ရက်နေ့တွေမှာ အာဆီယံ ထိပ်သီးအစည်းအဝေး ကျင်းပမှာဖြစ်ပြီး မြို့တော်ကို လုံခြုံးရေး တင်းတင်းကျပ်ကျပ်ချထားဖို့ ရဲမှူးချုပ်က မြို့တော်ရဲဌာနကို အမိန့်ပေး ညွှန်ကြားခဲ့ပါတယ်။


 Ref : ဘန်ကောက်ပို့စ်

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။