Skip to main content
လိင်တူ ညစ်ညမ်းဗီဒီယို ထွက်ပေါ်လာခြင်းဟာ နိုင်ငံရေးအရ နာမည်ဖျက်ခြင်းဟု မလေးရှားဝန်ကြီးချုပ် မဟာသီယာ ပြော
Ads Block
လိင်တူ ညစ်ညမ်းဗီဒီယို ထွက်ပေါ်လာခြင်းဟာ နိုင်ငံရေးအရ နာမည်ဖျက်ခြင်းဟု မလေးရှားဝန်ကြီးချုပ် မဟာသီယာ ပြော
လိင်တူ ညစ်ညမ်းဗီဒီယို ထွက်ပေါ်လာခြင်းဟာ နိုင်ငံရေးအရ နာမည်ဖျက်ခြင်းဟု မလေးရှားဝန်ကြီးချုပ် မဟာသီယာ ပြော
ဒါ့ပြင် အလိုမတူပဲ ချောင်းရိုက် ရိုက်ကူးခံရသူတွေဟာ ဖွင့်ဟဝန်ခံရန် ရှက်ရွံ့လေ့ရှိကြပေမယ့် ယခု ဗီဒီယိုတွေမှာတော့ ဝန်ကြီးနဲ့အတူ ပါဝင်ခဲ့သည်ဆိုတဲ့ အမျိုးသားဟာ ၄င်းပါဝင်ခဲ့ကြောင်း ရည်ရွယ်ချက်ရှိရှိ ထုတ်ဖေါ်ဝန်ခံခဲ့ရာ ၄င်းရဲ့ရည်ရွယ်ချက်ကိုလည်း မဟာသီယာက မေးခွန်းထုတ် ခဲ့ပါတယ်။
ဗီဒီယိုတွေ ထွက်ပေါ်ပျံ့နှံ့အပြီးမှာ ၄င်း စီးပွားရေးဝန်ကြီး မိုဟာမက်အက်ဇ်မင်အလီနဲ့ တွေ့ဆုံပြောဆို ခဲ့ခြင်းရှိမရှိ မေးမြန်းခဲ့ကြရာ အစိုးရအဖွဲ့တွင်း အစည်းအဝေးများ ပုံမှန်ပြုလုပ်လျက်ရှိကြောင်း ဖြေကြား ခဲ့ပါတယ်။
(Ref : Bernama)
Unicode Version
မလေးရှားတွင် စီးပွားရေးဝန်ကြီး ပါဝင်နေပုံရတဲ့ အမျိုးသားလိင်တူ ချောင်းရိုက်ဗီဒီယိုတစ်ကား ထွက်ပေါ်ပျံ့နှံ့နေခြင်းမှာ နိုင်ငံရေးပယောဂတွေ ပါနေနိုင်ကြောင်း ဝန်ကြီးချုပ်မဟာသီယာက ဇွန် ၁၂ ရက်နေ့မှာ တုံ့ပြန်ပြောကြားခဲ့ပါတယ်။
အဆိုပါဗီဒီယိုနဲ့စပ်လျဉ်းပြီး သတင်းထောက်တွေက မေးမြန်းခဲ့ကြရာ ထိုသို့သော ဓါတ်ပုံနဲ့ဗီဒီယိုတွေကို လုပ်ကြံတည်းဖြတ်၊ ဖန်တီးလို့ ရနိုင်တဲ့အတွက် ယခုဗီဒီယိုတွေရဲ့ စစ်မှန်မှုဟာ မေးခွန်းထုတ်ဖွယ် ဖြစ်နေကြောင်း မဟာသီယာက ဖြေကြားခဲ့ပါတယ်။
“အဲ့ဒီ ဗီဒီယိုတွေက တကယ့်အစစ်တွေလို့ ကျုပ်တော့ မထင်ဘူး။ ဒါဟာ တစ်စုံတစ်ယောက်ရဲ့ နိုင်ငံရေးပယောဂပဲ ဖြစ်ရမယ်။ ကိုယ်က ရှုံးပြီး သူများကကျ နိုင်တော့မယ်ဆိုတော့ ညစ်ညမ်း ဗီဒီယိုတွေ ဖြန့်ပြီလေ။ အခု ဒီဝန်ကြီးပြီးရင် ကျုပ်ရဲ့ဗီဒီယိုဆိုပြီး ထွက်လာနိုင်သေးတယ်။ အောက်တန်းမကျကြစမ်းပါနဲ့။ နိုင်ငံရေးကို သန့်သန့်ရှင်းရှင်း လုပ်ကြပါ”ဟု ဝန်ကြီးချုပ်က ပြောပါတယ်။
ဒါ့ပြင် အလိုမတူပဲ ချောင်းရိုက် ရိုက်ကူးခံရသူတွေဟာ ဖွင့်ဟဝန်ခံရန် ရှက်ရွံ့လေ့ရှိကြပေမယ့် ယခု ဗီဒီယိုတွေမှာတော့ ဝန်ကြီးနဲ့အတူ ပါဝင်ခဲ့သည်ဆိုတဲ့ အမျိုးသားဟာ ၎င်းပါဝင်ခဲ့ကြောင်း ရည်ရွယ်ချက်ရှိရှိ ထုတ်ဖေါ်ဝန်ခံခဲ့ရာ ၎င်းရဲ့ရည်ရွယ်ချက်ကိုလည်း မဟာသီယာက မေးခွန်းထုတ် ခဲ့ပါတယ်။
ဗီဒီယိုတွေ ထွက်ပေါ်ပျံ့နှံ့အပြီးမှာ ၎င်း စီးပွားရေးဝန်ကြီး မိုဟာမက်အက်ဇ်မင်အလီနဲ့ တွေ့ဆုံပြောဆို ခဲ့ခြင်းရှိမရှိ မေးမြန်းခဲ့ကြရာ အစိုးရအဖွဲ့တွင်း အစည်းအဝေးများ ပုံမှန်ပြုလုပ်လျက်ရှိကြောင်း ဖြေကြား ခဲ့ပါတယ်။
ဇွန် ၁၁ ရက်နေ့မှာ ထိုဗီဒီယိုတွေ စတင်ထွက်ပေါ်ခဲ့ကာ ဇွန် ၁၂ ရက်နေ့မှာတော့ စီးပွားရေးဝန်ကြီးဟာ အခိုင်အမာ စတင်ငြင်းဆိုခဲ့ပါတယ်။ ဗီဒီယိုတွေ ထွက်ပေါ်ပျံ့နှံ့လာခြင်းဟာ ၎င်းကို နိုင်ငံရေးအရ လုပ်ကြံ ၊ နာမည်ဖျက်ခြင်းဖြစ်ကြောင်းလည်း ချေပထားပါတယ်။
(Ref : Bernama)
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။