Skip to main content
အေထာက္အထားမဲ့ ျမန္မာလုပ္သား ၂၀ ေက်ာ္ကုိ ထုိင္းက ျမန္မာဘက္ ျပန္လႊဲေပး
Ads Block

အေထာက္အထားမဲ့ ျမန္မာလုပ္သား ၂၀ ေက်ာ္ကုိ ထုိင္းက ျမန္မာဘက္ ျပန္လႊဲေပး

စာရြက္စာတမ္း အေထာက္အထား မျပည့္စုံမႈေတြေၾကာင့္ ထုိင္းႏုိင္ငံမွာ ဖမ္းဆီးခံခဲ့ရတဲ့ ျမန္မာလုပ္သား ၂၂ ဦးကုိ ခ်င္းရုိင္ျပည္နယ္ မယ္ဆုိင္ လူ၀င္မႈႀကီးၾကပ္ေရးက အဂၤါေန ့မွာ တာခ်ီလိတ္ၿမိဳ႕ တာ၀န္ရွိသူေတြထံ လႊဲေျပာင္းေပးခဲ့ေၾကာင္း သိရပါတယ္။
ထိုင္းႏုိင္ငံ ေျမာက္ပုိင္း ခ်င္းရုိင္ျပည္နယ္ရွိ မယ္ဆုိင္နဲ ့တာခ်ီလိတ္ၿမိဳ႕တုိ ့အၾကား ဆက္သြယ္ထားတဲ့ ျမန္မာ-ထုိင္း ခ်စ္ၾကည္ေရးတံတားေပၚမွာ အဂၤါေန ့ညေန ၃ နာရီက ယင္း အလုပ္သမားေတြကုိ လႊဲေပး ခဲ့တာျဖစ္ပါတယ္။ လႊဲေပးခဲ့သူေတြထဲမွာ အမ်ဳိးသား ၁၇ ဦး၊ အမ်ဳိးသမီး ၅ ဦး ပါ၀င္ေၾကာင္း သတင္းရင္းျမစ္ ေတြက ေျပာပါတယ္။ နယ္စပ္ျဖတ္သန္းခြင့္ ရက္ေက်ာ္ေနမႈ၊ အလုပ္လုပ္ခြင့္ ပါမစ္မရွိဘဲ ထုိင္းႏုိင္ငံမွာ လုပ္ကုိင္ေနမႈ၊ အလုပ္လုပ္ခြင့္ရွိတဲ့ ပါမစ္ပါ ေနရာထက္ နယ္ေက်ာ္အလုပ္လုပ္မႈ သုိ ့မဟုတ္ အလုပ္ရွင္ေျပာင္း လုပ္ကုိင္မႈစတဲ့ အေထာက္အထားမွတ္တမ္းဆုိင္ရာ ခ်ဳိးေဖာက္မႈေတြနဲ ့ ၄င္းတုိ ့ကုိ ဖမ္းဆီးထားခဲ့တာ ျဖစ္ေၾကာင္း သိရပါတယ္။
အလုပ္သမားေရးရာ တက္ၾကြလႈပ္ရွားသူေတြရဲ႕ အဆုိအရ ၿပီးခဲ့တဲ့ ရက္ေတြအတြင္း ခ်င္းရုိင္ျပည္နယ္မွာ ဖမ္းဆီးခံရတဲ့ ေရႊ ့ေျပာင္းအလုပ္သမားဦးေရ တုိးလာေနေၾကာင္း သိရပါတယ္။ ထုိင္းႏုိင္ငံမွာ ဖမ္းဆီးခံခဲ့ရတဲ့ ေရႊ ့ေျပာင္းလုပ္သားအမ်ားစုဟာ ပတ္စ္ပုိ ့မရွိမႈ သုိ ့မဟုတ္ အျခား တရား၀င္ခရီးသြား စာရြက္စာတမ္းေတြ မရွိမႈေၾကာင့္ျဖစ္ေၾကာင္း သတင္းမွာ ေဖာ္ျပပါတယ္။

Ref : Chiang Rai Times

 

Unicode Version

 

စာရွက်စာတမ်း အထောက်အထား မပြည့်စုံမှုတွေကြောင့် ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာလုပ်သား ၂၂ ဦးကို ချင်းရိုင်ပြည်နယ် မယ်ဆိုင် လူဝင်မှုကြီးကြပ်ရေးက အင်္ဂါနေ့မှာ တာချီလိတ်မြို့ တာဝန်ရှိသူတွေထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်ပြည်နယ်ရှိ မယ်ဆိုင်နဲ့တာချီလိတ်မြို့တို့အကြား ဆက်သွယ်ထားတဲ့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားပေါ်မှာ အင်္ဂါနေ့ညနေ ၃ နာရီက ယင်း အလုပ်သမားတွေကို လွှဲပေး ခဲ့တာဖြစ်ပါတယ်။ လွှဲပေးခဲ့သူတွေထဲမှာ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၅ ဦး ပါဝင်ကြောင်း သတင်းရင်းမြစ် တွေက ပြောပါတယ်။ နယ်စပ်ဖြတ်သန်းခွင့် ရက်ကျော်နေမှု၊ အလုပ်လုပ်ခွင့် ပါမစ်မရှိဘဲ ထိုင်းနိုင်ငံမှာ လုပ်ကိုင်နေမှု၊ အလုပ်လုပ်ခွင့်ရှိတဲ့ ပါမစ်ပါ နေရာထက် နယ်ကျော်အလုပ်လုပ်မှု သို့မဟုတ် အလုပ်ရှင်ပြောင်း လုပ်ကိုင်မှုစတဲ့ အထောက်အထားမှတ်တမ်းဆိုင်ရာ ချိုးဖောက်မှုတွေနဲ့ ၎င်းတို့ကို ဖမ်းဆီးထားခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
အလုပ်သမားရေးရာ တက်ကြွလှုပ်ရှားသူတွေရဲ့ အဆိုအရ ပြီးခဲ့တဲ့ ရက်တွေအတွင်း ချင်းရိုင်ပြည်နယ်မှာ ဖမ်းဆီးခံရတဲ့ ရွှေ့ပြောင်းအလုပ်သမားဦးရေ တိုးလာနေကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံခဲ့ရတဲ့ ရွှေ့ပြောင်းလုပ်သားအများစုဟာ ပတ်စ်ပို့မရှိမှု သို့မဟုတ် အခြား တရားဝင်ခရီးသွား စာရွက်စာတမ်းတွေ မရှိမှုကြောင့်ဖြစ်ကြောင်း သတင်းမှာ ဖော်ပြပါတယ်။

Ref : Chiang Rai Times

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။