Skip to main content
ေဆာ္ဒီ အရပ္ဖက္ေလဆိပ္တစ္ခုကုိ ဟူသီသူပုန္တုိ ့ ဒုံးက်ည္နဲ ့ပစ္ ယင္းလုပ္ရပ္အတြက္ လက္တုံ႔ျပန္သြားမည္ဟု ညြန္ ့ေပါင္းတပ္ ေျပာ
Ads Block

ေဆာ္ဒီ အရပ္ဖက္ေလဆိပ္တစ္ခုကုိ ဟူသီသူပုန္တုိ ့ ဒုံးက်ည္နဲ ့ပစ္ ယင္းလုပ္ရပ္အတြက္ လက္တုံ႔ျပန္သြားမည္ဟု ညြန္ ့ေပါင္းတပ္ ေျပာ

ေဆာ္ဒီအာေရဗ်ႏုိင္ငံ ေတာင္ပုိင္းရွိ အရပ္ဖက္ေလဆိပ္တစ္ခုကုိ ဗုဒၶဟူးေန ့မွာ ဟူသီသူပုန္အဖြဲ ့က ဒုံးက်ည္တစ္စင္းပစ္လႊတ္တုိက္ခုိက္ခဲ့တာေၾကာင့္ လူ ၂၆ ဦး ဒဏ္ရာရခဲ့ၿပီး ယင္းလုပ္ရပ္အတြက္ အခုိင္အမာ လက္တုံ႔ျပန္သြားမွာျဖစ္ေၾကာင္း ေဆာ္ဒီဦးေဆာင္တဲ့ စစ္ေရးညြန္ ့ေပါင္းအဖြဲ ့က ေျပာဆုိခဲ့ပါတယ္။

ေဆာ္ဒီ အရပ္ဖက္ေလဆိပ္တစ္ခုကုိ ဟူသီသူပုန္တုိ ့ ဒုံးက်ည္နဲ ့ပစ္ ယင္းလုပ္ရပ္အတြက္ လက္တုံ႔ျပန္သြားမည္ဟု ညြန္ ့ေပါင္းတပ္ ေျပာ

ယခုတုိက္ခုိက္မႈဟာ အီရန္ရဲ႕ အေထာက္အပံ့ပါေနတယ္ဆုိတဲ့ အေထာက္အထားျဖစ္ၿပီး နယ္စပ္ျဖတ္ေက်ာ္ အၾကမ္းဖက္မႈျဖစ္ေၾကာင္း ယီမင္မွာ အီရန္မဟာမိတ္ ဟူသီသူပုန္အဖြဲ ့နဲ ့ စစ္ခင္းေနတဲ့ အေနာက္တုိင္း ေက်ာေထာက္ေနာက္ခံျပဳ ဆြန္နီမြတ္ဆလင္ ညြန္ ့ေပါင္းအဖြဲ ့က ဇြန္ ၁၃ ရက္ မနက္ပုိင္းမွာ ေျပာဆုိခဲ့ပါတယ္။ ဒုံးက်ည္ဟာ Abha ေလဆိပ္ဆုိက္ေရာက္ခန္းမကုိ ထိမွန္ခဲ့ကာ ထိခုိက္ပ်က္စီးမႈေတြရွိခဲ့ေၾကာင္း ညြန္ ့ေပါင္းအဖြဲ ့က ေျပာပါတယ္။ ဒဏ္ရာရသူေတြဟာ ေဆာ္ဒီ၊ ယီမင္နဲ ့ အိႏၵိယႏုိင္ငံသားေတြျဖစ္ၿပီး အမ်ဳိးသမီး သုံးဦး၊ ကေလးႏွစ္ဦးတုိ ့လည္းပါ၀င္ေၾကာင္း ၄င္းတုိ ့ရဲ႕ ထုတ္ျပန္ခ်က္မွာ ေျပာျပပါတယ္။ ယီမင္နယ္စပ္ကေန ၁၂၅ မုိင္ေ၀းတဲ့ Abha ေလဆိပ္ကုိ ခရုစ္ဒုံးက်ည္တစ္စင္းနဲ ့ပစ္ခတ္ခဲ့ေၾကာင္း ဟူသီ အဖြဲ ့က ၄င္းတုိ ့ရဲ႕ ရုပ္သံလုိင္းေတြကေန ေဖာ္ျပခဲ့ပါတယ္။ ယင္းေလဆိပ္ဟာ ျပည္တြင္းနဲ ့ေဒသတြင္း ေလေၾကာင္းခရီးစဥ္ေတြ ပ်ံသန္းေျပးဆြဲေနတဲ့ ေလဆိပ္ျဖစ္ပါတယ္။ “ Abha ေလဆိပ္ကုိ ပစ္မွတ္ထားခဲ့တဲ့ လက္နက္ဟာ အီရန္ေတာ္လွန္ေရး အေစာင့္တပ္က ဟူသီအဖြဲ ့ကုိ ေထာက္ပံ့ေပးထားတယ္ဆုိတဲ့ အေထာက္အထားျဖစ္ပါတယ္ ” လုိ ့ ေဆာ္ဒီႏုိင္ငံပုိင္ Al Arabiya TV က ေဖာ္ျပခဲ့ပါတယ္။ ယခုလုိေျပာဆုိမႈနဲ ့ပတ္သက္ၿပီး အီရန္ကေတာ့ လတ္တေလာမွာ တုံ႔ျပန္မွတ္ခ်က္ ေပးျခင္း မရွိေသးပါဘူး။

Ref : Reuters

Unicode Version

 

ဆော်ဒီအာရေဗျနိုင်ငံ တောင်ပိုင်းရှိ အရပ်ဖက်လေဆိပ်တစ်ခုကို ဗုဒ္ဓဟူးနေ့မှာ ဟူသီသူပုန်အဖွဲ့က ဒုံးကျည်တစ်စင်းပစ်လွှတ်တိုက်ခိုက်ခဲ့တာကြောင့် လူ ၂၆ ဦး ဒဏ်ရာရခဲ့ပြီး ယင်းလုပ်ရပ်အတွက် အခိုင်အမာ လက်တုံ့ပြန်သွားမှာဖြစ်ကြောင်း ဆော်ဒီဦးဆောင်တဲ့ စစ်ရေးညွန့်ပေါင်းအဖွဲ့က ပြောဆိုခဲ့ပါတယ်။
ယခုတိုက်ခိုက်မှုဟာ အီရန်ရဲ့ အထောက်အပံ့ပါနေတယ်ဆိုတဲ့ အထောက်အထားဖြစ်ပြီး နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုဖြစ်ကြောင်း  ယီမင်မှာ အီရန်မဟာမိတ် ဟူသီသူပုန်အဖွဲ့နဲ့ စစ်ခင်းနေတဲ့ အနောက်တိုင်း ကျောထောက်နောက်ခံပြု ဆွန်နီမွတ်ဆလင် ညွန့်ပေါင်းအဖွဲ့က ဇွန် ၁၃ ရက် မနက်ပိုင်းမှာ ပြောဆိုခဲ့ပါတယ်။
ဒုံးကျည်ဟာ Abha လေဆိပ်ဆိုက်ရောက်ခန်းမကို ထိမှန်ခဲ့ကာ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ကြောင်း ညွန့်ပေါင်းအဖွဲ့က ပြောပါတယ်။ ဒဏ်ရာရသူတွေဟာ ဆော်ဒီ၊ ယီမင်နဲ့ အိန္ဒိယနိုင်ငံသားတွေဖြစ်ပြီး အမျိုးသမီး သုံးဦး၊ ကလေးနှစ်ဦးတို့လည်းပါဝင်ကြောင်း ၎င်းတို့ရဲ့ ထုတ်ပြန်ချက်မှာ ပြောပြပါတယ်။ ယီမင်နယ်စပ်ကနေ ၁၂၅ မိုင်ဝေးတဲ့ Abha လေဆိပ်ကို ခရုစ်ဒုံးကျည်တစ်စင်းနဲ့ပစ်ခတ်ခဲ့ကြောင်း ဟူသီ အဖွဲ့က ၎င်းတို့ရဲ့ ရုပ်သံလိုင်းတွေကနေ ဖော်ပြခဲ့ပါတယ်။ ယင်းလေဆိပ်ဟာ ပြည်တွင်းနဲ့ဒေသတွင်း လေကြောင်းခရီးစဉ်တွေ ပျံသန်းပြေးဆွဲနေတဲ့ လေဆိပ်ဖြစ်ပါတယ်။
“ Abha လေဆိပ်ကို ပစ်မှတ်ထားခဲ့တဲ့ လက်နက်ဟာ အီရန်တော်လှန်ရေး အစောင့်တပ်က ဟူသီအဖွဲ့ကို ထောက်ပံ့ပေးထားတယ်ဆိုတဲ့ အထောက်အထားဖြစ်ပါတယ် ” လို့ ဆော်ဒီနိုင်ငံပိုင် Al Arabiya TV က ဖော်ပြခဲ့ပါတယ်။ ယခုလိုပြောဆိုမှုနဲ့ပတ်သက်ပြီး အီရန်ကတော့ လတ်တလောမှာ တုံ့ပြန်မှတ်ချက် ပေးခြင်း မရှိသေးပါဘူး။

Ref : Reuters

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။