Skip to main content
ရန္ကုန္တကၠသုိလ္တြင္ ဆရာဦးေဖေမာင္တင္ရုပ္တုထားရွိေရး ဆုိင္းငံ့ခံထားရ
Ads Block

ရန္ကုန္တကၠသုိလ္တြင္ ဆရာဦးေဖေမာင္တင္ရုပ္တုထားရွိေရး ဆုိင္းငံ့ခံထားရ

ရန္ကုန္တကၠသုိလ္၊ ျမန္မာစာဌာန၊ ေတာင္ငူေဆာင္တြင္ ျမန္မာစာဆရာႀကီးဦးေဖေမာင္တင္ရုပ္တုထားရွိေရးမွာ တိုင္စာတစ္ခုေၾကာင့္ ဆုိင္းငံ့ခံထားရေၾကာင္း ျမန္မာစာဌာနမွပါေမာကၡ ဌာနမွဴး ေဒါက္တာေအာင္ျမင့္ဦးက ေျပာသည္။

ရန္ကုန္တကၠသုိလ္တြင္ ဆရာဦးေဖေမာင္တင္ရုပ္တုထားရွိေရး ဆုိင္းငံ့ခံထားရ

ဇြန္လ ၁၂ ရက္၌ အကုန္သိသတင္းဌာန၏ ဆက္သြယ္ေမးျမန္းမႈအေပၚ ယခုကဲ့သို႔ ျပန္လည္ေျဖၾကားေပးျခင္း ျဖစ္သည္။ “ ဆရာႀကီးဦးေဖေမာင္တင္ရုပ္တုကုိ ေက်ာင္းသားေက်ာင္းသူေဟာင္းေတြကလွဴဒါန္းလုိ႔ ဆရာတုိ႔ ေတာင္ငူေဆာင္က ျမက္ခင္းျပင္မွာထားဖုိ႔ေပါ့။ ဒါကုိပုဂၢဳိလ္တစ္ဦးက ပါေမာကၡခ်ဳပ္ဆီကုိတုိင္စာပုိ႔တယ္။ သူကအဲဒါကုိ ပညာေရး၀န္ႀကီးရုံးေရာ၊ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢဳိလ္ရုံးပါပုိ႔ေတာ့ ဒါကုိ၀န္ႀကီးရုံးက ရွင္းလင္းပါေျပာ။ တုိင္တဲ့သူကုိေခၚယူေဆြးေႏြးပါဆုိလုိ႔ ဆရာတုိ႔ကအဲဒီတုိင္တဲ့ပုဂၢဳိလ္ဆီကုိသြားေတာ့ ရပ္ကြက္မွာသူကမရွိဘူး။ ဖုန္းကလည္းမဟုတ္ဘူး။ ပစ္စာသေဘာမ်ိဳးတုိင္သြားတာ။ ဒါကိုဆရာတုိ႔က ဘယ္သူမွမရွိတာရပ္ကြက္ေထာက္ခံစာျပန္ယူတယ္။ေက်ာင္းသားသမဂၢေတြ၊ ဆရာသမဂၢေတြ သေဘာထားယူတယ္။ဘယ္သူကမွ မကန္႔ကြက္ဘူး။အခုေတာ့ ခဏဆုိင္းငံ့ထားတာေပါ့။ ဒီဇင္ဘာေတာ့ ဖြင့္မွာပါ’’ဟု ရန္ကုန္တကၠသုိလ္ျမန္မာစာဌာနမွ ပါေမာကၡ ေဒါက္တာေအာင္ျမင့္ဦးက ေျပာသည္။ တုိင္ၾကားထားသည္မွာ ဆရာႀကီးဦးေဖေမာင္တင္ရုပ္တုထားရွိလုိက္ပါက က်န္သည့္ပါေမာကၡမ်ားရုပ္တုပါ ထားရွိရန္ ေတာင္းဆုိမႈမ်ားရွိလာႏုိင္ေၾကာင္း၊ ထုိ႔အျပင္မဆုိင္သည့္ ႏုိင္ငံေရးရုပ္တုမ်ားပါရွိလာႏုိင္သည္ဟု ဆုိကာ တုိင္ၾကားထားျခင္းျဖစ္ေၾကာင္းသိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

 

ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာန၊ တောင်ငူဆောင်တွင် မြန်မာစာဆရာကြီးဦးဖေမောင်တင်ရုပ်တုထားရှိရေးမှာ တိုင်စာတစ်ခုကြောင့် ဆိုင်းငံ့ခံထားရကြောင်း  မြန်မာစာဌာနမှပါမောက္ခ ဌာနမှူး ဒေါက်တာအောင်မြင့်ဦးက ပြောသည်။
ဇွန်လ ၁၂ ရက်၌ အကုန်သိသတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုအပေါ် ယခုကဲ့သို့ ပြန်လည်ဖြေကြားပေးခြင်း ဖြစ်သည်။
“ ဆရာကြီးဦးဖေမောင်တင်ရုပ်တုကို ကျောင်းသားကျောင်းသူဟောင်းတွေကလှူဒါန်းလို့ ဆရာတို့ တောင်ငူဆောင်က မြက်ခင်းပြင်မှာထားဖို့ပေါ့။ ဒါကိုပုဂ္ဂိုလ်တစ်ဦးက ပါမောက္ခချုပ်ဆီကိုတိုင်စာပို့တယ်။ သူကအဲဒါကို ပညာရေးဝန်ကြီးရုံးရော၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးပါပို့တော့ ဒါကိုဝန်ကြီးရုံးက ရှင်းလင်းပါပြော။ တိုင်တဲ့သူကိုခေါ်ယူဆွေးနွေးပါဆိုလို့ ဆရာတို့ကအဲဒီတိုင်တဲ့ပုဂ္ဂိုလ်ဆီကိုသွားတော့ ရပ်ကွက်မှာသူကမရှိဘူး။ ဖုန်းကလည်းမဟုတ်ဘူး။ ပစ်စာသဘောမျိုးတိုင်သွားတာ။ ဒါကိုဆရာတို့က ဘယ်သူမှမရှိတာရပ်ကွက်ထောက်ခံစာပြန်ယူတယ်။ကျောင်းသားသမဂ္ဂတွေ၊ ဆရာသမဂ္ဂတွေ သဘောထားယူတယ်။ဘယ်သူကမှ မကန့်ကွက်ဘူး။အခုတော့ ခဏဆိုင်းငံ့ထားတာပေါ့။ ဒီဇင်ဘာတော့ ဖွင့်မှာပါ’’ဟု ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနမှ ပါမောက္ခ ဒေါက်တာအောင်မြင့်ဦးက ပြောသည်။
တိုင်ကြားထားသည်မှာ ဆရာကြီးဦးဖေမောင်တင်ရုပ်တုထားရှိလိုက်ပါက ကျန်သည့်ပါမောက္ခများရုပ်တုပါ ထားရှိရန် တောင်းဆိုမှုများရှိလာနိုင်ကြောင်း၊ ထို့အပြင်မဆိုင်သည့် နိုင်ငံရေးရုပ်တုများပါရှိလာနိုင်သည်ဟု ဆိုကာ တိုင်ကြားထားခြင်းဖြစ်ကြောင်းသိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။