Skip to main content
ပတၱရားမွာ ခါးပုိက္ႏႈိက္ မိန္းမလ်ာသုံးဦး ဖမ္းဆီးရမိ
Ads Block

ပတၱရားမွာ ခါးပုိက္ႏႈိက္ မိန္းမလ်ာသုံးဦး ဖမ္းဆီးရမိ

ထုိင္းႏုိင္ငံမွာ ယခုလအေစာပုိင္းက အိႏၵိယခရီးသြားႏွစ္ဦးထံက ပုိက္ဆံအိတ္ေတြနဲ ့ ေရႊဆြဲႀကဳိးေတြ ခါးပုိက္ႏႈိက္သြားခဲ့တဲ့ မိန္းမလ်ာသုံးဦးကုိ ဗုဒၶဟူးေန ့က ပတၱရားၿမိဳ ့မွာ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရပါတယ္။  
၄င္းတုိ ့ေတြ ခါးပုိက္ႏႈိက္ခံခဲ့ရေၾကာင္း ဇြန္လ ၆ ရက္ေန ့မွာ အိႏၵိယခရီးသြားႏွစ္ဦးက တုိင္ၾကားထား ခဲ့တာျဖစ္ေၾကာင္းနဲ ့သံသယရွိသူ သုံးဦးကုိ ဖမ္းဆီးရမိခဲ့ၿပီျဖစ္ေၾကာင္း ပတၱရားရဲခ်ဳပ္ ရဲမွဴးႀကီး ေ၀ါင္မန္နီသက္ က ေျပာဆုိခဲ့ပါတယ္။ ခါးပုိက္ႏႈိက္သုံးဦးမွာ ၀ီခ်ဳိင္း ခ်ဴပရာေဆာင္(၂၄ ႏွစ္)၊ ၀င္ႏုိင္အင္ဆ၀မ္(၃၂ ႏွစ္) နဲ ့ ဒါရြန္ဆးခြန္( ၃၄ ႏွစ္) တုိ ့ျဖစ္ေၾကာင္း ရဲက ထုတ္ျပန္ပါတယ္။
၄င္းတုိ ့ေတြ Khao Phra Tamnak ကၽြန္းေပၚက ဟုိတယ္အျပင္မွာ ညပုိင္လမ္းေလွ်ာက္ေနၾကခ်ိန္ အဆုိပါသုံးဦး အနားေရာက္လာကာ ေပြ ့ဖက္ခဲ့ၾကေၾကာင္း ယင္းေနာက္ သူတုိ ့သုံးဦး ဆုိင္ကယ္ေတြနဲ ့ ထြက္သြားခဲ့ၾကေၾကာင္း အိႏၵိယအမ်ဳိးသားခရီးသြားႏွစ္ဦးက ေျပာဆုိပါတယ္။ ေနာက္ပုိင္းမွာ ဘတ္ေငြ ၃၀၀၀၀ ေသာင္းပါ ၄င္းတုိ ့ပုိက္ဆံအိတ္ေတြနဲ ့ေရႊဆြဲႀကိဳးေတြ မရွိေတာ့တာကုိ သတိထားမိခဲ့ေၾကာင္း ခရီးသြားႏွစ္ဦးက ဆက္လက္ေျပာဆုိခဲ့ပါတယ္။
အခင္းျဖစ္ေနရာက စီစီတီဗီေတြစစ္ေဆးကာ သံသယရွိသူေတြကုိ ေဖာ္ထုတ္ႏုိင္ခဲ့ၿပီး ၄င္းတုိ ့ကုိ ပတၱရားေတာင္ပုိင္းေဒသက အငွားတုိက္ခန္းေတြမွာ ဖမ္းဆီးရမိခဲ့တာျဖစ္ေၾကာင္း ထုိင္း ရဲတပ္ဖြဲ ့က ေျပာဆုိခဲ့ပါတယ္။

Ref : The Nation

Unicode Version

ထိုင်းနိုင်ငံမှာ ယခုလအစောပိုင်းက အိန္ဒိယခရီးသွားနှစ်ဦးထံက ပိုက်ဆံအိတ်တွေနဲ့ ရွှေဆွဲကြိုးတွေ ခါးပိုက်နှိုက်သွားခဲ့တဲ့ မိန်းမလျာသုံးဦးကို ဗုဒ္ဓဟူးနေ့က ပတ္တရားမြို့မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။  
၎င်းတို့တွေ ခါးပိုက်နှိုက်ခံခဲ့ရကြောင်း ဇွန်လ ၆ ရက်နေ့မှာ အိန္ဒိယခရီးသွားနှစ်ဦးက တိုင်ကြားထား ခဲ့တာဖြစ်ကြောင်းနဲ့သံသယရှိသူ သုံးဦးကို ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း ပတ္တရားရဲချုပ် ရဲမှူးကြီး ဝေါင်မန်နီသက် က ပြောဆိုခဲ့ပါတယ်။ ခါးပိုက်နှိုက်သုံးဦးမှာ ဝီချိုင်း ချူပရာဆောင်(၂၄ နှစ်)၊ ဝင်နိုင်အင်ဆဝမ်(၃၂ နှစ်) နဲ့ ဒါရွန်ဆးခွန်( ၃၄ နှစ်) တို့ဖြစ်ကြောင်း ရဲက ထုတ်ပြန်ပါတယ်။
၎င်းတို့တွေ Khao Phra Tamnak ကျွန်းပေါ်က ဟိုတယ်အပြင်မှာ ညပိုင်လမ်းလျှောက်နေကြချိန် အဆိုပါသုံးဦး အနားရောက်လာကာ ပွေ့ဖက်ခဲ့ကြကြောင်း ယင်းနောက် သူတို့သုံးဦး ဆိုင်ကယ်တွေနဲ့ ထွက်သွားခဲ့ကြကြောင်း အိန္ဒိယအမျိုးသားခရီးသွားနှစ်ဦးက ပြောဆိုပါတယ်။ နောက်ပိုင်းမှာ ဘတ်ငွေ ၃၀၀၀၀ သောင်းပါ ၎င်းတို့ပိုက်ဆံအိတ်တွေနဲ့ရွှေဆွဲကြိုးတွေ မရှိတော့တာကို သတိထားမိခဲ့ကြောင်း ခရီးသွားနှစ်ဦးက ဆက်လက်ပြောဆိုခဲ့ပါတယ်။
အခင်းဖြစ်နေရာက စီစီတီဗီတွေစစ်ဆေးကာ သံသယရှိသူတွေကို ဖော်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့ကို ပတ္တရားတောင်ပိုင်းဒေသက အငှားတိုက်ခန်းတွေမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း ထိုင်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့ပါတယ်။

Ref : The Nation
           


           

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။