Skip to main content
ေဟာင္ေကာင္ရဲတပ္ဖြဲ ့နဲ ့ဆႏၵျပသူေတြအၾကား ရုန္ ့ရင္းဆန္ခတ္တုိက္ခုိက္မႈေတြျဖစ္ပြားကာ မ်က္ရည္ဗုံး၊ ရာဘာက်ည္ေတြသုံး၍ လူစုခြဲ
Ads Block

ေဟာင္ေကာင္ရဲတပ္ဖြဲ ့နဲ ့ဆႏၵျပသူေတြအၾကား ရုန္ ့ရင္းဆန္ခတ္တုိက္ခုိက္မႈေတြျဖစ္ပြားကာ မ်က္ရည္ဗုံး၊ ရာဘာက်ည္ေတြသုံး၍ လူစုခြဲ

 

တရုတ္သုိ ့တရားခံလႊဲေျပာင္းေရး ဥပေဒၾကမ္းနဲ ့ပတ္သက္ၿပီး အစုိးရအေပၚ အင္အားျပဆန္ ့က်င္ ကန္ ့ကြက္ေနတဲ့ ေဟာင္ေကာင္ဆႏၵျပသူေတြဟာ ဗုဒၶဟူးေန ့(ဇြန္ ၁၂) က အေရးပါတဲ့ လမ္းမႀကီးေတြကုိ ပိတ္ဆုိ ့ထားခဲ့ၾကသလုိ ၿမိဳ႕ရွိ ပါလီမန္အေဆာက္အအုံအတြင္း ၀င္ေရာက္ဖုိ ့ႀကိဳးစားခဲ့တဲ့ ဆႏၵျပသူေတြအား ရဲတပ္ဖြဲ ့က ဟန္ ့တားဖုိ ့လုပ္ခဲ့ရာမွ အၾကမ္းဖက္မႈေတြ ေပၚေပါက္ခဲ့ပါတယ္။
တရုတ္အစုိးရ ေထာက္ခံတဲ့ တရားခံလႊဲေျပာင္းေရး ဥပေဒ ဖ်က္သိမ္းေပးဖုိ ့ အာဏာပုိင္ေတြကုိ ေတာင္းဆုိဆႏၵျုပေနတဲ့ ေက်ာင္းသားနဲ ့လူငယ္အမ်ားစုပါ အနက္ေရာင္အကၤ်ီ၀တ္ ဆႏၵျပလူအုပ္ကုိ ရဲတပ္ဖြဲ ့က ရာဘာက်ည္ေတြ၊ မ်က္ရည္ယုိဗုံးေတြ၊ ငရုပ္ေကာင္း စပေရးေတြ၊ နံပါတ္တုတ္ေတြသုံးကာ လူစုခြဲမႈေတြ လုပ္ခဲ့ပါတယ္။
ယခုအခါ ဆႏၵျပမႈေတြဟာ ဆူပူအုံၾကြမႈအေနအထားျဖစ္လာခဲ့ေၾကာင္း ေဟာင္ေကာင္ရဲခ်ဳပ္က ေျပာဆုိခဲ့ကာ အစုိးရဌာန ဧရိယာေတြကေန ေရွာင္ရွားၾကဖုိ ့လူထုကုိ သတိေပးခဲ့ပါတယ္။ အေရးေပၚ ကားေတြဟာလည္း ဆႏၵျပမႈျဖစ္ပြားရာ ဧရိယာကုိ ဦးတည္သြားေရာက္ေနၾကပါတယ္။
ဆႏၵျပသူေတြက အျငင္းပြားဖြယ္ရာျဖစ္ေနတဲ့ ဥပေဒကုိ ဖ်က္သိမ္းဖုိ ့အစုိးရကုိ ေနာက္ဆုံးအခ်ိန္ သတ္မွတ္ေပးထားတဲ့ ညေန ၃ နာရီ ထုိးၿပီးေနာက္မွာ အခုလုိ ရုန္းရင္းဆန္ခတ္ တုိက္ခုိက္မႈေတြ ေပၚေပါက္လာခဲ့တာပါ။
ဆႏၵျပသူေတြဟာ စုေ၀းဆႏၵျပဖုိ ့အတြက္ ျပင္ဆင္တဲ့အေနနဲ ့ဥပေဒျပဳေကာင္စီ ဧရိယာတ၀ုိက္ နယ္ေျမမွာ အတားအဆီးေတြ ထူေထာင္ခဲ့ပါတယ္။ အက်ပ္အတည္းေတြ ့ေနတဲ့ ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴး ကာရီလမ္ရဲ႕ ရုံးေတြအနီးက အဓိက လမ္းမႀကီးနဲ ့ယင္းတ၀ုိက္ကေန ဆႏၵျပသူေတြ စုစည္းခ်ီတက္ခဲ့ၾကကာ ေသနတ္ေတြ၊ နံပါတ္တုတ္ေတြနဲ ့ပလပ္စတစ္ဒုိင္းေတြ ကုိင္ေဆာင္ထားတဲ့ ရာေပါင္းမ်ားစြာေသာ ရဲတပ္ဖြဲ ့၀င္ ေတြက ေရွ ့ဆက္မတုိးဖုိ ့ သတိေပးတားျမစ္မႈေတြ လုပ္ခဲ့ပါတယ္။
ဥပေဒၾကမ္းအေပၚ ကန္ ့ကြက္သူေတြဟာ ၁၉၉၇ ခုႏွစ္က ေဟာင္ေကာင္ကၽြန္းကုိ ၿဗိတိသွ်ကေန တရုတ္ႏုိင္ငံသုိ ့ လႊဲေျပာင္းေပးခဲ့ၿပီးေနာက္ပုိင္း အႀကီးမားဆုံးျဖစ္ခဲ့တဲ့ အစုိးရဆန္ ့က်င္ေရးဆႏၵျပမႈႀကီးကုိ  တနဂၤေႏြေန ့မွာ စတင္ခဲ့ၾကတာျဖစ္ပါတယ္။
ကုိယ္စားလွယ္ ၇၀ ဦးပါ ဥပေဒျပဳေရးေကာင္စီမွာ ဒီေန ့(ဇြန္ ၁၂) ျပဳလုပ္မယ့္ ယင္း ဥပေဒၾကမ္း အေခ်အတင္ေဆြးေႏြးမႈ အစီအစဥ္ကုိ ေနာက္ထပ္ တစ္စုံတရာ မထုတ္ျပန္ေသးသေရြ ့ ေရႊ ့ဆုိင္း ထားမွာျဖစ္ေၾကာင္း အစုိးရက ထုတ္ျပန္ခဲ့ပါတယ္။

 Ref : CNA

Unicode Version

 

တရုတ်သို့တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းနဲ့ပတ်သက်ပြီး အစိုးရအပေါ် အင်အားပြဆန့်ကျင် ကန့်ကွက်နေတဲ့ ဟောင်ကောင်ဆန္ဒပြသူတွေဟာ ဗုဒ္ဓဟူးနေ့(ဇွန် ၁၂) က အရေးပါတဲ့ လမ်းမကြီးတွေကို ပိတ်ဆို့ထားခဲ့ကြသလို မြို့ရှိ ပါလီမန်အဆောက်အအုံအတွင်း ဝင်ရောက်ဖို့ကြိုးစားခဲ့တဲ့ ဆန္ဒပြသူတွေအား ရဲတပ်ဖွဲ့က ဟန့်တားဖို့လုပ်ခဲ့ရာမှ အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
တရုတ်အစိုးရ ထောက်ခံတဲ့ တရားခံလွှဲပြောင်းရေး ဥပဒေ ဖျက်သိမ်းပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုဆန္ဒြုပနေတဲ့ ကျောင်းသားနဲ့လူငယ်အများစုပါ အနက်ရောင်အင်္ကျီဝတ် ဆန္ဒပြလူအုပ်ကို ရဲတပ်ဖွဲ့က ရာဘာကျည်တွေ၊ မျက်ရည်ယိုဗုံးတွေ၊ ငရုပ်ကောင်း စပရေးတွေ၊ နံပါတ်တုတ်တွေသုံးကာ လူစုခွဲမှုတွေ လုပ်ခဲ့ပါတယ်။
ယခုအခါ ဆန္ဒပြမှုတွေဟာ ဆူပူအုံကြွမှုအနေအထားဖြစ်လာခဲ့ကြောင်း ဟောင်ကောင်ရဲချုပ်က ပြောဆိုခဲ့ကာ အစိုးရဌာန ဧရိယာတွေကနေ ရှောင်ရှားကြဖို့လူထုကို သတိပေးခဲ့ပါတယ်။ အရေးပေါ် ကားတွေဟာလည်း ဆန္ဒပြမှုဖြစ်ပွားရာ ဧရိယာကို ဦးတည်သွားရောက်နေကြပါတယ်။
ဆန္ဒပြသူတွေက အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ ဥပဒေကို ဖျက်သိမ်းဖို့အစိုးရကို နောက်ဆုံးအချိန် သတ်မှတ်ပေးထားတဲ့ ညနေ ၃ နာရီ ထိုးပြီးနောက်မှာ အခုလို ရုန်းရင်းဆန်ခတ် တိုက်ခိုက်မှုတွေ ပေါ်ပေါက်လာခဲ့တာပါ။
ဆန္ဒပြသူတွေဟာ စုဝေးဆန္ဒပြဖို့အတွက် ပြင်ဆင်တဲ့အနေနဲ့ဥပဒေပြုကောင်စီ ဧရိယာတဝိုက် နယ်မြေမှာ အတားအဆီးတွေ ထူထောင်ခဲ့ပါတယ်။ အကျပ်အတည်းတွေ့နေတဲ့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်ရဲ့ ရုံးတွေအနီးက အဓိက လမ်းမကြီးနဲ့ယင်းတဝိုက်ကနေ ဆန္ဒပြသူတွေ စုစည်းချီတက်ခဲ့ကြကာ သေနတ်တွေ၊ နံပါတ်တုတ်တွေနဲ့ပလပ်စတစ်ဒိုင်းတွေ ကိုင်ဆောင်ထားတဲ့ ရာပေါင်းများစွာသော ရဲတပ်ဖွဲ့ဝင် တွေက ရှေ့ဆက်မတိုးဖို့ သတိပေးတားမြစ်မှုတွေ လုပ်ခဲ့ပါတယ်။
ဥပဒေကြမ်းအပေါ် ကန့်ကွက်သူတွေဟာ ၁၉၉၇ ခုနှစ်က ဟောင်ကောင်ကျွန်းကို ဗြိတိသျှကနေ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ပြီးနောက်ပိုင်း အကြီးမားဆုံးဖြစ်ခဲ့တဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုကြီးကို  တနင်္ဂနွေနေ့မှာ စတင်ခဲ့ကြတာဖြစ်ပါတယ်။
ကိုယ်စားလှယ် ၇၀ ဦးပါ ဥပဒေပြုရေးကောင်စီမှာ ဒီနေ့(ဇွန် ၁၂) ပြုလုပ်မယ့် ယင်း ဥပဒေကြမ်း အချေအတင်ဆွေးနွေးမှု အစီအစဉ်ကို နောက်ထပ် တစ်စုံတရာ မထုတ်ပြန်သေးသရွေ့ ရွှေ့ဆိုင်း ထားမှာဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။


  Ref : CNA

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။