Skip to main content
ေအာင္ဘာလသိန္းဆုတြင္ အျမင့္ဆံုးဆုကို က်ပ္သိန္းႏွစ္ေသာင္းအထိတိုးျမွင့္မည္ဆုိသည့္သတင္း မဟုတ္မွန္
Ads Block

ေအာင္ဘာလသိန္းဆုတြင္ အျမင့္ဆံုးဆုကို က်ပ္သိန္းႏွစ္ေသာင္းအထိတိုးျမွင့္မည္ဆုိသည့္သတင္း မဟုတ္မွန္

ေအာင္ဘာေလသိန္းဆုအျမင့္ဆံုးဆုေငြအျဖစ္ က်ပ္သိန္းတစ္ေသာင္းခြဲသာခ်ီးျမွင့္မည္ျဖစ္ေၾကာင္း ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးမင္းထြဋ္က ေျပာသည္။
ဇူလိုင္လ ၁ ရက္၌ထြက္ရွိမည့္ ၅ ႀကိမ္ေျမာက္ က်ပ္ ၁၀၀၀ တန္ေအာင္ဘာေလသိန္းဆုဖြင့္ပြဲတြင္ အျမင့္ဆံုးဆုအျဖစ္ က်ပ္သိန္းႏွစ္ေသာင္းခ်ီးျမွင့္ေပးမည္ဟုသတင္းမ်ားထြက္ေပၚမႈအေပၚ ယခုကဲ့သို႔ ျငင္းဆိုလိုက္ျခင္း ျဖစ္သည္။
“ ဒီသိန္းႏွစ္ေသာင္းဆုက လတုိင္းလုိလုိေမးၾကတာရွိတယ္။ ဒီသတင္းကမဟုတ္ပါဘူး။ အျမင့္ဆံုးဆုက က်ပ္သိန္းတစ္ေသာင္းခြဲဆုကအျမင့္ဆံုးပါ။ သူ႔ေအာက္မွာဒုတိယဆုအျဖစ္ က်ပ္သိန္းတစ္ေသာင္းဆုကို ၿပီးခဲ့လကလုိပဲထုတ္ေပးမွာပါ” ဟု ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးမင္းထြဋ္က ေျပာသည္။
က်ပ္ ၁၀၀၀ တန္ထီသို႔ေျပာင္းလဲလုိက္ၿပီးေနာက္ပိုင္းတြင္ ထီကိုယ္စားလွယ္မ်ားအေနျဖင့္ ေရာင္းအား တျဖည္းျဖည္းက်ဆင္းလာသည့္အတြက္ မွာယူထားသည့္ ထီစာအုပ္မ်ားကိုမထုတ္ေတာ့သည့္ ကုိယ္စားလွယ္အမ်ားအျပားရွိေၾကာင္းသိရသည္။
က်ပ္ ၂၀၀ တန္ထီလက္မွတ္မ်ားကို ၂၀၁၇ ခုႏွစ္၊ ဇြန္လတြင္ရပ္နားခဲ့ၿပီး က်ပ္ ၅၀၀ တန္ထီလက္မွတ္မ်ားကို ေမလကုန္တြင္ရပ္နားခဲ့ေၾကာင္း သိရသည္။

- ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

Unicode Version

 

အောင်ဘာလေသိန်းဆုအမြင့်ဆုံးဆုငွေအဖြစ် ကျပ်သိန်းတစ်သောင်းခွဲသာချီးမြှင့်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။
ဇူလိုင်လ ၁ ရက်၌ထွက်ရှိမည့် ၅ ကြိမ်မြောက် ကျပ် ၁၀၀၀ တန်အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် အမြင့်ဆုံးဆုအဖြစ် ကျပ်သိန်းနှစ်သောင်းချီးမြှင့်ပေးမည်ဟုသတင်းများထွက်ပေါ်မှုအပေါ် ယခုကဲ့သို့ ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။
“ ဒီသိန်းနှစ်သောင်းဆုက လတိုင်းလိုလိုမေးကြတာရှိတယ်။ ဒီသတင်းကမဟုတ်ပါဘူး။ အမြင့်ဆုံးဆုက ကျပ်သိန်းတစ်သောင်းခွဲဆုကအမြင့်ဆုံးပါ။ သူ့အောက်မှာဒုတိယဆုအဖြစ် ကျပ်သိန်းတစ်သောင်းဆုကို ပြီးခဲ့လကလိုပဲထုတ်ပေးမှာပါ” ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောသည်။
ကျပ် ၁၀၀၀ တန်ထီသို့ပြောင်းလဲလိုက်ပြီးနောက်ပိုင်းတွင် ထီကိုယ်စားလှယ်များအနေဖြင့် ရောင်းအား တဖြည်းဖြည်းကျဆင်းလာသည့်အတွက် မှာယူထားသည့် ထီစာအုပ်များကိုမထုတ်တော့သည့် ကိုယ်စားလှယ်အများအပြားရှိကြောင်းသိရသည်။
ကျပ် ၂၀၀ တန်ထီလက်မှတ်များကို ၂၀၁၇ ခုနှစ်၊ ဇွန်လတွင်ရပ်နားခဲ့ပြီး ကျပ် ၅၀၀ တန်ထီလက်မှတ်များကို မေလကုန်တွင်ရပ်နားခဲ့ကြောင်း သိရသည်။

- ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။