Skip to main content
မီးဖြားအၿပီး နာရီ၀က္အၾကာမွာပဲ ေဆးရုံမွာ စာေမးပြဲေျဖခဲ့တဲ့ အမ်ဳိးသမီး
Ads Block

မီးဖြားအၿပီး နာရီ၀က္အၾကာမွာပဲ ေဆးရုံမွာ စာေမးပြဲေျဖခဲ့တဲ့ အမ်ဳိးသမီး


အီသီယိုးပီးယားႏိုင္ငံမွာ အမ်ိဳးသမီးတစ္ေယာက္ဟာ မီးဖြားၿပီး နာရီ၀က္အၾကာမွာပဲ သူရဲ႕ေဆးရံုကတင္ေပၚမွာ အလယ္တန္းစာေမးပြဲကို ေျဖခဲ့ရပါတယ္။
အသက္ ၂၁ ႏွစ္အရြယ္ Almaz Derese ဟာ ကိုယ္၀န္ေဆာင္ေနရင္းနဲ႔ ေက်ာင္းဆက္ တက္ခဲ့တာျဖစ္ၿပီး တနလၤာေန႔မွ စေျဖရမယ့္ ေနာက္ဆံုးစာေမးပြဲမွာေျဖဆိုႏိုင္ဖို႔ စာေမးပြဲမေျဖမီ ရက္အနည္းငယ္အလိုကတည္းက သူႀကိဳးစား ေလ့လာခဲ့ပါတယ္။
အီသိုယိုးပီးယားႏိုင္ငံ အေနာက္ပိုင္း အိုရိုမီယာ ေဒသမွာရွိတဲ့ ေဆးရံု ကုတင္ေပၚမွာတင္ Almaz Derese ဟာ သခၤ်ာ၊ အဂၤလိပ္ နဲ႔ အီသီယိုးပီးယား စာေတြကို တစ္ဆက္တည္း ေျဖဆိုခဲ့ပါတယ္။
သူဟာ အလယ္တန္းေနာက္ဆံုးႏွစ္ စာေမးပြဲေျဖဖို႔ ေနာက္တစ္ႏွစ္ထပ္မေစာင့္ဘူးလို႔ ဆံုးျဖတ္ခဲ့ၿပီး သားေလးေမြးၿပီး နာရီ၀က္အၾကာမွာပဲ ထိုကဲ့သို႕စာေမးပြဲ ေျဖခဲ့ တာျဖစ္ပါတယ္။ အစက စာေမးပြဲေျဖၿပီးမွ မီးဖြားဖို႔အခ်ိန္ရလိမ့္မယ္လို႔ ေမွ်ာ္လင့္ထား ေပမယ့္ ရာမာဒန္ဥပုသ္ပြဲေၾကာင့္ စာေမးပြဲရက္ ေနာက္က်ခဲ့တာျဖစ္ပါတယ္။
အေကာင္းဆံုးေျဖဆိုခဲ့ၿပီး ေနာက္ထပ္က်န္တဲ့ဘာသာေတြကိုေတာ့ စာေမးပြဲ က်င္းပရာဌာနမွာ သြားေရာက္ေျဖဆိုဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ သူက ေျပာထားပါတယ္။
သူရဲ႕ ခင္ပြန္းကတာ့ ေဆးရံုတက္ရင္း စားေမးပြဲေျဖမေနဘဲ ေက်ာင္းကိုလည္း လက္ေလွ်ာ့ဖို႔ ေဖ်ာင္းျဖခဲ့ေပမယ့္ သူႀကိဳးစားထားတာေတြ အရာထင္ခ်င္တာေၾကာင့္ စာေမးပြဲကို အခုလို အသဲအသန္ေျဖခဲ့တာျဖစ္တယ္လို႔ ေျပာပါတယ္။
အီသီယိုပီးဟာႏိုင္ငံမွာ ေက်ာင္းေနရြယ္ ဆယ္ေက်ာ္သက္အမ်ိဳးသမီးတစ္ခ်ိဳ႕ဟာ ယခုလိုကိစၥမ်ဳိးျဖစ္ရင္ ေက်ာင္းနားလိုက္ၾကၿပီး ေနာက္မွ ေက်ာင္းျပန္တက္ကာ စာေမးပြဲေျဖၾကတာျဖစ္ပါတယ္။ မိခင္ျဖစ္သြားၿပီးျဖစ္တဲ့ Almaz Derese ကေတာ့ တကၠသိုလ္ဆက္တက္္ဖို႔ ရည္ရြယ္ထားၿပီး ေနာက္ထပ္ေက်ာင္းဆက္တက္ဖို႔ အခုဆိုရင္ စာေမးပြဲကိုႀကိဳးစားပမ္းစားေျဖေနပါတယ္။

Ref  : Independent

Unicode Version


အီသီယိုးပီးယားနိုင်ငံမှာ အမျိုးသမီးတစ်ယောက်ဟာ မီးဖွားပြီး နာရီဝက်အကြာမှာပဲ သူရဲ့ဆေးရုံကတင်ပေါ်မှာ အလယ်တန်းစာမေးပွဲကို ဖြေခဲ့ရပါတယ်။
အသက် ၂၁ နှစ်အရွယ် Almaz Derese ဟာ ကိုယ်ဝန်ဆောင်နေရင်းနဲ့ ကျောင်းဆက် တက်ခဲ့တာဖြစ်ပြီး တနင်္လာနေ့မှ စဖြေရမယ့် နောက်ဆုံးစာမေးပွဲမှာဖြေဆိုနိုင်ဖို့ စာမေးပွဲမဖြေမီ ရက်အနည်းငယ်အလိုကတည်းက သူကြိုးစား လေ့လာခဲ့ပါတယ်။
အီသိုယိုးပီးယားနိုင်ငံ အနောက်ပိုင်း အိုရိုမီယာ ဒေသမှာရှိတဲ့ ဆေးရုံ ကုတင်ပေါ်မှာတင် Almaz Derese ဟာ သင်္ချာ၊ အင်္ဂလိပ် နဲ့ အီသီယိုးပီးယား စာတွေကို တစ်ဆက်တည်း ဖြေဆိုခဲ့ပါတယ်။
သူဟာ အလယ်တန်းနောက်ဆုံးနှစ် စာမေးပွဲဖြေဖို့ နောက်တစ်နှစ်ထပ်မစောင့်ဘူးလို့ ဆုံးဖြတ်ခဲ့ပြီး သားလေးမွေးပြီး နာရီဝက်အကြာမှာပဲ ထိုကဲ့သို့စာမေးပွဲ ဖြေခဲ့ တာဖြစ်ပါတယ်။ အစက စာမေးပွဲဖြေပြီးမှ မီးဖွားဖို့အချိန်ရလိမ့်မယ်လို့ မျှော်လင့်ထား ပေမယ့် ရာမာဒန်ဥပုသ်ပွဲကြောင့် စာမေးပွဲရက် နောက်ကျခဲ့တာဖြစ်ပါတယ်။
အကောင်းဆုံးဖြေဆိုခဲ့ပြီး နောက်ထပ်ကျန်တဲ့ဘာသာတွေကိုတော့ စာမေးပွဲ ကျင်းပရာဌာနမှာ သွားရောက်ဖြေဆိုဖို့ မျှော်လင့်ထားတယ်လို့ သူက ပြောထားပါတယ်။
သူရဲ့ ခင်ပွန်းကတာ့ ဆေးရုံတက်ရင်း စားမေးပွဲဖြေမနေဘဲ ကျောင်းကိုလည်း လက်လျှော့ဖို့ ဖျောင်းဖြခဲ့ပေမယ့် သူကြိုးစားထားတာတွေ အရာထင်ချင်တာကြောင့် စာမေးပွဲကို အခုလို အသဲအသန်ဖြေခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
အီသီယိုပီးဟာနိုင်ငံမှာ ကျောင်းနေရွယ် ဆယ်ကျော်သက်အမျိုးသမီးတစ်ချို့ဟာ ယခုလိုကိစ္စမျိုးဖြစ်ရင် ကျောင်းနားလိုက်ကြပြီး နောက်မှ ကျောင်းပြန်တက်ကာ စာမေးပွဲဖြေကြတာဖြစ်ပါတယ်။ မိခင်ဖြစ်သွားပြီးဖြစ်တဲ့ Almaz Derese ကတော့ တက္ကသိုလ်ဆက်တက်ဖို့ ရည်ရွယ်ထားပြီး နောက်ထပ်ကျောင်းဆက်တက်ဖို့ အခုဆိုရင် စာမေးပွဲကိုကြိုးစားပမ်းစားဖြေနေပါတယ်။

Ref : Independent

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။