Skip to main content
လ.ဝ.ကမွ အရာရွိ ၈ ဦးကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္အမႈဖြင့္
Ads Block

လ.ဝ.ကမွ အရာရွိ ၈ ဦးကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္အမႈဖြင့္

ႏိုင္ငံသားစိစစ္ေရးကတ္ျပဳလုပ္ျခင္း၊ အိမ္ေထာင္စုဇယားျပဳလုပ္ျခင္းႏွင့္ ေမြး/တိုးစာရင္းျပဳလုပ္ျခင္းတို႔အေပၚ ေငြေၾကးေတာင္းခံရယူခဲ့သည့္ လူဝင္မႈႀကီးၾကပ္ေရးမွ အရာရွိ ၈ ဦးကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ျဖင့္ အမႈဖြင့္ခဲ့ေၾကာင္း သိရသည္။
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လား႐ႈိးခရိုင္၊ လားရႈိးၿမိဳ႕နယ္၊ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္ အားဝန္ႀကီးဌာန(လ.ဝ.က)႐ုံးမွ ၿမိဳ႕နယ္ဦးစီးမွဴး တိုက္နယ္မွဴးမ်ားသည္ နိုင္ငံသားစိစစ္ေရးကတ္ျပဳလုပ္ျခင္း၊ အိမ္ေထာင္စုဇယားျပဳလုပ္ျခင္းႏွင့္ ေမြး/တိုးစာရင္းျပဳလုပ္ျခင္းတို႔အေပၚ ေငြေၾကးေတာင္းခံရယူ ေဆာင္ရြက္ ေပးေနျခင္းအား အေရးယူေပးပါရန္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္သို႔ တိုင္ၾကားခဲ့ေၾကာင္း သိရသည္။
တိုင္ၾကားစာအရ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္းစစ္ေဆးခဲ့ရာ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆိုင္ရာ လားရႈိးၿမိဳ႕နယ္ ဦးစီးမွဴး႐ုံးမွ ၿမိဳ႕နယ္ဦးစီးမွဴး ဦးေက်ာ္ေက်ာ္ လင္းသည္ နိုင္ငံသားစိစစ္ေရးကတ္ျပားျပဳလုပ္ရန္၊ ေမြး/တိုးျပဳလုပ္ရန္ႏွင့္ အသက္(၁၈)ႏွစ္ျပည့္ နိုင္ငံသားစိစစ္ ေရးကတ္ျပားျပဳလုပ္ရန္တို႔အတြက္ စုစုေပါင္းေငြက်ပ္ ၁၂ သိန္း ၈ ေသာင္းကိုလည္းေကာင္း၊ ဒုတိယလူဝင္မႈ ႀကီးၾကပ္ေရးမွဴး ေဒၚၾကည္ၾကည္ညြန႔္သည္ နိုင္ငံသားစိစစ္ေရးကတ္ျပားျပဳလုပ္ရန္အတြက္ ေငြက်ပ္ ၁၀ သိန္းကို လည္းေကာင္း၊ ဒုတိယလူဝင္မႈႀကီးၾကပ္ေရးမွဴး ဦးရန္ဝင္းေအာင္သည္ နိုင္ငံသားစိစစ္ေရးကတ္ျပား လဲလွယ္ရန္ အတြက္ ေငြက်ပ္ ၁၅ သိန္းကို ေတာင္းခံရယူခဲ့ေၾကာင္း ေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔အျပင္ လက္ေထာက္လူဝင္မႈႀကီးၾကပ္ေရးမွဴး ဦးထက္ဝင့္ေအာင္သည္ အိမ္ေထာင္စုစာရင္းျပဳလုပ္ရန္ႏွင့္ နိုင္ ငံသားစိစစ္ေရးကတ္ျပားျပဳလုပ္ရန္တို႔အတြက္ ေငြက်ပ္ ၂၁ သိန္း၊ အက်ဳိး ေဆာင္အျဖစ္ေဆာင္ရြက္သူ ေဒၚမာ ေရွာက္ဆန္းထံမွ နိုင္ငံသားစိစစ္ေရးကတ္ျပား ၁၀ ခု ျပဳလုပ္ေပးျခင္း အတြက္ ေငြက်ပ္ ၅ သိန္းႏွင့္ ေမြး/တိုးျပဳ လုပ္ျခင္းအတြက္ ေငြက်ပ္ ၆.၈ သိန္းတို႔ကိုလည္းေကာင္း၊ လက္ေထာက္လူဝင္မႈႀကီးၾကပ္ေရးမွဴး ေဒၚအိအိမြန္ ေအာင္သည္ အိမ္ေထာင္စုစာရင္းျပဳလုပ္ျခင္း၊ ေမြး/တိုးျပဳလုပ္ျခင္း၊ နိုင္ငံသားစိစစ္ေရးကတ္ျပားျပဳလုပ္ျခင္းတို႔ အတြက္ ေငြက်ပ္ ၁၄ သိန္း၊ ေမြး/တိုးျပဳလုပ္ျခင္းအတြက္ ေငြက်ပ္ ၂ သိန္းတို႔ကိုလည္းေကာင္း၊ လက္ေထာက္ လူဝင္မႈႀကီးၾကပ္ေရးမွဴး ေဒၚခင္ေမထြန္းသည္ အိမ္ေထာင္စုစာရင္း အမည္ျပင္ဆင္ျခင္း၊ နိုင္ငံသားစိစစ္ေရးကတ္ ျပား ျပဳလုပ္ျခင္းတို႔အတြက္ ေငြက်ပ္ ၉ သိန္းကိုလည္းေကာင္း ေတာင္းခံရယူခဲ့ျခင္းတို႔သည္ ရာထူးတာဝန္ကို အလြဲသုံးစားျပဳ၍ အဂတိလိုက္စားမႈ က်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ယင္းအျပင္ လက္ေထာက္လူဝင္မႈႀကီးၾကပ္ေရးမွဴး ဉီးေက်ာ္သူဟိန္းသည္ ၿမိဳ႕နယ္ဦးစီးမွဴး ဦးေက်ာ္ေက်ာ္လင္း အိမ္ေထာင္စုခြဲျခင္း၊ ေမြး/တိုးျပဳလုပ္ျခင္း၊ နိုင္ငံသားစိစစ္ေရးကတ္ျပား ျပဳလုပ္ျခင္းတို႔အတြက္ ေတာင္းခံထား သည့္ ေငြက်ပ္ ၁၂ သိန္း ၈ ေသာင္းကို လက္ခံရယူေပးခဲ့ျခင္း၊ နိုင္ငံသားစိစစ္ေရးကတ္ျပား ၁၀ ခု ျပဳလုပ္ျခင္း အတြက္ ေဒၚမာေရွာက္ဆန္းက ဦးထက္ဝင့္ေအာင္ထံမွ ေငြက်ပ္တစ္သိန္း လက္ခံရယူခဲ့ျခင္းျဖင့္ ပူးေပါင္းႀကံ စည္ျခင္း၊ အားေပးကူညီခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆိုင္ရာ လားရႈိးၿမိဳ႕နယ္ ဦးစီးမွဴး႐ုံးမွ ၿမိဳ႕နယ္ဦးစီးမွဴး (လဝက-၁၆၅၃၂) ဦးစီးအရာရွိ ဦးေက်ာ္ေက်ာ္လင္း၊ ဒုတိယလူဝင္မႈ ႀကီးၾကပ္ေရးမွဴး (လဝက-၆၉၃၅) ေဒၚၾကည္ၾကည္ညြန႔္၊ ဒုတိယလူဝင္မႈႀကီးၾကပ္ေရးမွဴး (လဝက-၇၁၂၆) ဦးရန္ဝင္းေအာင္၊ လက္ေထာက္ လူဝင္မႈႀကီးၾကပ္ေရးမွဴး (လဝက-၁၆၆၈၆) ဦးထက္ဝင့္ေအာင္၊ လက္ေထာက္လူဝင္မႈ ႀကီးၾကပ္ေရးမွဴး (လဝက-၁၅၇၅၉)ေဒၚအိအိမြန္ေအာင္ ႏွင့္ လက္ေထာက္လူဝင္မႈႀကီးၾကပ္ေရးမွဴး (လဝက-၁၅၇၉၁) ေဒၚခင္ေမထြန္းတို႔ အေပၚ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ- ၅၆ အရလည္းေကာင္း၊ လက္ေထာက္လူဝင္မႈႀကီးၾကပ္ေရး မွဴး (လဝက-၁၆၄၆၁) ဉီးေက်ာ္သူဟိန္းႏွင့္ ေဒၚမာေရွာက္ဆန္းတို႔အေပၚ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ- ၅၆/၆၃ အရလည္းေကာင္း ရွမ္းျပည္နယ္၊ လားရႈိးၿမိဳ႕မရဲစခန္းတြင္ ဇြန္လ ၁၂ ရက္၌ ပထမသတင္းေပး တိုင္ၾကားခ်က္ဖြင့္လွစ္၍ တရားစြဲဆို အေရးယူနိုင္ေရး ေဆာင္ရြက္ေနေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)

Unicode Version

 

နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ခြင်း၊ အိမ်ထောင်စုဇယားပြုလုပ်ခြင်းနှင့် မွေး/တိုးစာရင်းပြုလုပ်ခြင်းတို့အပေါ် ငွေကြေးတောင်းခံရယူခဲ့သည့် လူဝင်မှုကြီးကြပ်ရေးမှ အရာရှိ ၈ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန(လ.ဝ.က)ရုံးမှ မြို့နယ်ဦးစီးမှူး တိုက်နယ်မှူးများသည် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ခြင်း၊ အိမ်ထောင်စုဇယားပြုလုပ်ခြင်းနှင့် မွေး/တိုးစာရင်းပြုလုပ်ခြင်းတို့အပေါ် ငွေကြေးတောင်းခံရယူ ဆောင်ရွက် ပေးနေခြင်းအား အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း သိရသည်။
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လားရှိုးမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော် လင်းသည် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရန်၊ မွေး/တိုးပြုလုပ်ရန်နှင့် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ် ရေးကတ်ပြားပြုလုပ်ရန်တို့အတွက် စုစုပေါင်းငွေကျပ် ၁၂ သိန်း ၈ သောင်းကိုလည်းကောင်း၊ ဒုတိယလူဝင်မှု ကြီးကြပ်ရေးမှူး ဒေါ်ကြည်ကြည်ညွန့်သည် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရန်အတွက် ငွေကျပ် ၁၀ သိန်းကို လည်းကောင်း၊ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး ဦးရန်ဝင်းအောင်သည် နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်ရန် အတွက် ငွေကျပ် ၁၅ သိန်းကို တောင်းခံရယူခဲ့ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဦးထက်ဝင့်အောင်သည် အိမ်ထောင်စုစာရင်းပြုလုပ်ရန်နှင့် နိုင် ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရန်တို့အတွက် ငွေကျပ် ၂၁ သိန်း၊ အကျိုး ဆောင်အဖြစ်ဆောင်ရွက်သူ ဒေါ်မာ ရှောက်ဆန်းထံမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၀ ခု ပြုလုပ်ပေးခြင်း အတွက် ငွေကျပ် ၅ သိန်းနှင့် မွေး/တိုးပြု လုပ်ခြင်းအတွက် ငွေကျပ် ၆.၈ သိန်းတို့ကိုလည်းကောင်း၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်အိအိမွန် အောင်သည် အိမ်ထောင်စုစာရင်းပြုလုပ်ခြင်း၊ မွေး/တိုးပြုလုပ်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ခြင်းတို့ အတွက် ငွေကျပ် ၁၄ သိန်း၊ မွေး/တိုးပြုလုပ်ခြင်းအတွက် ငွေကျပ် ၂ သိန်းတို့ကိုလည်းကောင်း၊ လက်ထောက် လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်ခင်မေထွန်းသည် အိမ်ထောင်စုစာရင်း အမည်ပြင်ဆင်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ် ပြား ပြုလုပ်ခြင်းတို့အတွက် ငွေကျပ် ၉ သိန်းကိုလည်းကောင်း တောင်းခံရယူခဲ့ခြင်းတို့သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဉီးကျော်သူဟိန်းသည် မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လင်း အိမ်ထောင်စုခွဲခြင်း၊ မွေး/တိုးပြုလုပ်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခြင်းတို့အတွက် တောင်းခံထား သည့် ငွေကျပ် ၁၂ သိန်း ၈ သောင်းကို လက်ခံရယူပေးခဲ့ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၀ ခု ပြုလုပ်ခြင်း အတွက် ဒေါ်မာရှောက်ဆန်းက ဦးထက်ဝင့်အောင်ထံမှ ငွေကျပ်တစ်သိန်း လက်ခံရယူခဲ့ခြင်းဖြင့် ပူးပေါင်းကြံ စည်ခြင်း၊ အားပေးကူညီခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လားရှိုးမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး (လဝက-၁၆၅၃၂) ဦးစီးအရာရှိ ဦးကျော်ကျော်လင်း၊ ဒုတိယလူဝင်မှု ကြီးကြပ်ရေးမှူး (လဝက-၆၉၃၅) ဒေါ်ကြည်ကြည်ညွန့်၊ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး (လဝက-၇၁၂၆) ဦးရန်ဝင်းအောင်၊ လက်ထောက် လူဝင်မှုကြီးကြပ်ရေးမှူး (လဝက-၁၆၆၈၆) ဦးထက်ဝင့်အောင်၊ လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူး (လဝက-၁၅၇၅၉)ဒေါ်အိအိမွန်အောင် နှင့် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး (လဝက-၁၅၇၉၁) ဒေါ်ခင်မေထွန်းတို့ အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၆ အရလည်းကောင်း၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေး မှူး (လဝက-၁၆၄၆၁) ဉီးကျော်သူဟိန်းနှင့် ဒေါ်မာရှောက်ဆန်းတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ- ၅၆/၆၃ အရလည်းကောင်း ရှမ်းပြည်နယ်၊ လားရှိုးမြို့မရဲစခန်းတွင် ဇွန်လ ၁၂ ရက်၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

- နိုင်မင်းလွင်(အကုန်သိသတင်းဌာန)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။