Skip to main content
ဦးကိုနီလုပ္ၾကံခံရမႈမွ တကၠစီသမား ဦးေနဝင္း၏ သားသမီးမ်ားကို နာကူ(ရန္ကုန္)မွ ဒုတိယအႀကိမ္ ေထာက္ပံ့စရိတ္ ေပးအပ္
Ads Block

ဦးကိုနီလုပ္ၾကံခံရမႈမွ တကၠစီသမား ဦးေနဝင္း၏ သားသမီးမ်ားကို နာကူ(ရန္ကုန္)မွ ဒုတိယအႀကိမ္ ေထာက္ပံ့စရိတ္ ေပးအပ္

ရန္ကုန္ေလဆိပ္တြင္ တရားလႊတ္ေတာ္ေရွ႕ေနဦးကိုနီအား ေသနတ္ျဖင့္လုပ္ႀကံခဲ့သည့္ ၾကည္လင္းကို အုတ္နီ ခဲျဖင့္ ပစ္ေပါက္ဖမ္းဆီးရင္း ေသနတ္ထိမွန္ေသဆုံးသြားေသာ တကၠစီသမားဦးေနဝင္း၏ သားသမီးမ်ားကို နာေရးကူညီမႈအသင္း(ရန္ကုန္)မွ ဒုတိယအႀကိမ္ ေထာက္ပံ့စရိတ္ေပးအပ္ခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ၂၀၁၇ ခုႏွစ္၊ ဇန္န၀ါရီလ ၂၉ ရက္က ရန္ကုန္တိုင္းေဒသႀကီး၊ အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD)ပါတီ၏ ဥပေဒအၾကံေပး တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီသည္ ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံခံရၿပီး ယင္းျဖစ္စဥ္မွာ ေသဆုံးခဲ့ေသာ တကၠစီသမား ဦးေနဝင္းအား နာေရးကူညီမႈအသင္း(ရန္ ကုန္)မွ “သူရဲေကာင္းဦးေနဝင္း” ဟု တင္စားဂုဏ္ျပဳကာ က်န္ရစ္သူမိသားစုသို႔ အလွဴေငြမ်ားအား ေပးအပ္လွဴ ဒါန္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ႏွစ္စဥ္ေက်ာင္းစမဖြင့္ခင္ ကေလးေတြကေတာ့ လာထုတ္ၾကတယ္။ ဒါနဲ႔ဆို ႏွစ္ႀကိမ္ရွိၿပီ။ ေထာက္ပ့ံစရိတ္က ေတာ့ စေနေန႔ကရယ္၊ အဲဒီမတိုင္ခင္ကရယ္ ေပးခဲ့ၿပီးထားပါ။ ဒီေန႔မွ မိဘေတြက ေဆးခန္းျပတဲ့အခါ ဓာတ္ပုံေတြစုၿပီး တင္တဲ့သေဘာပါ။ ကေလးေတြအတြက္ကေတာ့ ပညာသင္စရိတ္ေပါ့။ မိဘေတြကိုေတာ့ ရာသက္ပန္ က်န္းမာေရးအတြက္ ေထာက္ပံ့ေပးခဲ့တယ္” ဟု နာေရးကူညီမႈအသင္း(ရန္ကုန္)မွ တာဝန္ရွိသူ တစ္ဦးက အကုန္သိသတင္းဌာနသို႔ ဇြန္လ ၁၂ ရက္တြင္ ေျပာသည္။
ဦးေနဝင္းတြင္ သားသမီး ၃ ဦးရွိၿပီး တကၠစီေမာင္း၍ မိသားစုကို ဦးေဆာင္ရွာေဖြေကြ်းေမြးခဲ့သူျဖစ္ကာ ေသဆုံးခ်ိန္၌ သမီးႀကီးမွာ တကၠသိုလ္ဝင္တန္း ေျဖဆိုေအာင္ျမင္ခဲ့ေသာေၾကာင့္ ပညာသင္ေထာက္ပံ့စရိတ္ (၁၀)သိန္းက်ပ္တိတိ၊ သားငယ္ ၂ ဦးအတြက္ ပညာသင္ေထာက္ပံ့စရိတ္ ၉၆၀၀၀၀ က်ပ္တိတိအျပင္ မိဘႏွစ္ပါး၏ က်န္းမာေရးေဆးဝါးကူညီမႈ (၁၀၈၀၀၀)က်ပ္တိတိတို႔အား နာေရးကူညီမႈအသင္း(ရန္ကုန္)မွ လွဴဒါန္းခဲ့ေၾကာင္း သိရသည္။
ထို႔အျပင္ ယခုႏွစ္(၂၀၁၉)ခုႏွစ္တြင္ သမီးႀကီးအား တကၠသိုလ္ဒုတိယႏွစ္အတြက္ (၁၀)သိန္းက်ပ္တိတိႏွင့္ သားငယ္ (၂)ဦး၏ ပညာသင္ေထာက္ပံ့စရိတ္အျဖစ္ (၉၆၀၀၀၀)က်ပ္တိတိတို႔ကို ထပ္မံေပးအပ္ခဲ့ေၾကာင္း သိရသည္။
ယင္းအျပင္ မိဘႏွစ္ပါး၏ က်န္းမာေရးေစာင့္ေရွာက္မႈကို နာေရးကူညီမႈအသင္း(ရန္ကုန္)ရွိ သုခကုသိုလ္ျဖစ္ ေဆးခန္းတြင္ သမားေတာ္ပါေမာကၡေဒါက္တာဦးညြန္႔သိန္းမွ ကုသေပးေနေၾကာင္း သိရသည္။
- ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန) | ဓာတ္ပံု-နာေရးကူညီမႈအသင္း(ရန္ကုန္)

Unicode Version

 

ရန်ကုန်လေဆိပ်တွင် တရားလွှတ်တော်ရှေ့နေဦးကိုနီအား သေနတ်ဖြင့်လုပ်ကြံခဲ့သည့် ကြည်လင်းကို အုတ်နီ ခဲဖြင့် ပစ်ပေါက်ဖမ်းဆီးရင်း သေနတ်ထိမှန်သေဆုံးသွားသော တက္ကစီသမားဦးနေဝင်း၏ သားသမီးများကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဒုတိယအကြိမ် ထောက်ပံ့စရိတ်ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံရပြီး ယင်းဖြစ်စဉ်မှာ သေဆုံးခဲ့သော တက္ကစီသမား ဦးနေဝင်းအား နာရေးကူညီမှုအသင်း(ရန် ကုန်)မှ “သူရဲကောင်းဦးနေဝင်း” ဟု တင်စားဂုဏ်ပြုကာ ကျန်ရစ်သူမိသားစုသို့ အလှူငွေများအား ပေးအပ်လှူ ဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“နှစ်စဉ်ကျောင်းစမဖွင့်ခင် ကလေးတွေကတော့ လာထုတ်ကြတယ်။ ဒါနဲ့ဆို နှစ်ကြိမ်ရှိပြီ။ ထောက်ပံ့စရိတ်က တော့ စနေနေ့ကရယ်၊ အဲဒီမတိုင်ခင်ကရယ် ပေးခဲ့ပြီးထားပါ။ ဒီနေ့မှ မိဘတွေက ဆေးခန်းပြတဲ့အခါ ဓာတ်ပုံတွေစုပြီး တင်တဲ့သဘောပါ။ ကလေးတွေအတွက်ကတော့ ပညာသင်စရိတ်ပေါ့။ မိဘတွေကိုတော့ ရာသက်ပန် ကျန်းမာရေးအတွက် ထောက်ပံ့ပေးခဲ့တယ်” ဟု နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တာဝန်ရှိသူ တစ်ဦးက အကုန်သိသတင်းဌာနသို့ ဇွန်လ ၁၂ ရက်တွင် ပြောသည်။
ဦးနေဝင်းတွင် သားသမီး ၃ ဦးရှိပြီး တက္ကစီမောင်း၍ မိသားစုကို ဦးဆောင်ရှာဖွေကျွေးမွေးခဲ့သူဖြစ်ကာ သေဆုံးချိန်၌ သမီးကြီးမှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ခဲ့သောကြောင့် ပညာသင်ထောက်ပံ့စရိတ် (၁၀)သိန်းကျပ်တိတိ၊ သားငယ် ၂ ဦးအတွက် ပညာသင်ထောက်ပံ့စရိတ် ၉၆၀၀၀၀ ကျပ်တိတိအပြင် မိဘနှစ်ပါး၏ ကျန်းမာရေးဆေးဝါးကူညီမှု (၁၀၈၀၀၀)ကျပ်တိတိတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့အပြင် ယခုနှစ်(၂၀၁၉)ခုနှစ်တွင် သမီးကြီးအား တက္ကသိုလ်ဒုတိယနှစ်အတွက် (၁၀)သိန်းကျပ်တိတိနှင့် သားငယ် (၂)ဦး၏ ပညာသင်ထောက်ပံ့စရိတ်အဖြစ် (၉၆၀၀၀၀)ကျပ်တိတိတို့ကို ထပ်မံပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းအပြင် မိဘနှစ်ပါး၏ ကျန်းမာရေးစောင့်ရှောက်မှုကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ် ဆေးခန်းတွင် သမားတော်ပါမောက္ခဒေါက်တာဦးညွန့်သိန်းမှ ကုသပေးနေကြောင်း သိရသည်။
- နိုင်မင်းလွင်(အကုန်သိသတင်းဌာန) | ဓာတ်ပုံ-နာရေးကူညီမှုအသင်း(ရန်ကုန်)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။