Skip to main content
သခ်ႋဳင္းကုန္းအနီးေတြ႔ရွိေသာအမ်ဳိးသားကို ေခၚယူေမးျမန္းရာမွ ဘဂၤါလီ ၂ ဦးႏွင့္ပို႔ေဆာင္ေပးသူကို ဖမ္းဆီးရမိ
Ads Block

သခ်ႋဳင္းကုန္းအနီးေတြ႔ရွိေသာအမ်ဳိးသားကို ေခၚယူေမးျမန္းရာမွ ဘဂၤါလီ ၂ ဦးႏွင့္ပို႔ေဆာင္ေပးသူကို ဖမ္းဆီးရမိ


ပန္းေတာင္းၿမိဳ႕နယ္တြင္ တရားရုံးထုတ္ျပန္လာသည့္ရဲတပ္သားမ်ားက သခ်ႋဳင္းကုန္းအနီးေတြ႔ရွိေသာ အမ်ဳိးသားကို ေခၚယူေမးျမန္းရာမွ ဘဂၤါလီ ၂ ဦးႏွင့္ပို႔ေဆာင္ေပးသူတို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

သခ်ႋဳင္းကုန္းအနီးေတြ႔ရွိေသာအမ်ဳိးသားကို ေခၚယူေမးျမန္းရာမွ ဘဂၤါလီ ၂ ဦးႏွင့္ပို႔ေဆာင္ေပးသူကို ဖမ္းဆီးရမိ

သခ်ႋဳင္းကုန္းအနီးေတြ႔ရွိေသာအမ်ဳိးသားကို ေခၚယူေမးျမန္းရာမွ ဘဂၤါလီ ၂ ဦးႏွင့္ပို႔ေဆာင္ေပးသူကို ဖမ္းဆီးရမိ


ျဖစ္စဥ္မွာ ပဲခူးတိုင္းေဒသႀကီး၊ ျပည္ခရိုင္၊ ပန္းေတာင္းၿမိဳ႕နယ္၊ ဥသွ်စ္ပင္နယ္ေျမရဲစခန္းကြပ္ကဲမႈေအာက္ရွိ က်ီးပင္လႈပ္ရွားရဲကင္းမွ ရဲတပ္သား ေက်ာ္ရဲသူႏွင့္ ရဲတပ္သားဇင္လင္းကိုတို႔သည္ ဇြန္လ ၁၁ ရက္၊ ညေန ၄ နာရီ ၄၀ မိနစ္ခန္႔က ပန္းေတာင္းၿမိဳ႕နယ္တရားရံုးမွ ရံုးထုတ္တာဝန္ထမ္းေဆာင္၍ ရဲကင္းသို႕ ျပန္လာခဲ့ေၾကာင္း သိရသည္။
ထိုစဥ္ ညေန ၆ နာရီ ၅၀ မိနစ္ခန္႔၌ ပန္းေတာင္းၿမိဳ႕နယ္၊ ရပ္သာေက်းရြာအုပ္စု၊ ဘူးဘက္ေက်းရြာ၊ ပုသိမ္-မံုရြာ ကားလမ္းေဘး သခ်ႋဳင္းကုန္းအနီးအေရာက္တြင္ မသကၤာဖြယ္ရာအမ်ဳိးသားတစ္ဦးအား ေတြ႕ရွိခဲ့သျဖင့္ ေမးျမန္းရာ ၄င္းအမ်ဳိးသားမွာ ဟာေမဒူရာမန္(ခ)သိန္းထြန္း၊ (၂၅)ႏွစ္၊ ဘဂၤါလီ/အစၥလာမ္၊ ရတနာပံု အလယ္ေက်းရြာ၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ရခိုင္ျပည္နယ္ေနသူျဖစ္ၿပီး မသကၤာသျဖင့္ ဥသွ်စ္ပင္ နယ္ေျမရဲစခန္းသို႔ စစ္ေဆးရန္ေခၚေဆာင္ခဲ့ေၾကာင္း သိရသည္။
ယင္းသို႔ေခၚေဆာင္သြားစဥ္ ယာဥ္အမွတ္၊ MDY HSE/…. နံပါတ္ပါ Caldina(ခဲေရာင္) (လိုင္စင္-စိစစ္ဆဲ) ခဲေရာင္ယာဥ္မွာ မေကြးတိုင္းေဒသႀကီး၊ ကံမၿမိဳ႕ဘက္သို႔ ေမာင္းႏွင္ထြက္ေျပးသြားခဲ့ေၾကာင္း မသကၤာဖြယ္ရာ ေတြ႕ရွိရ၍ က်ီးပင္လႈပ္ရွားရဲကင္းမွ ဒုရဲအုပ္ေဇာ္မိုးဦးစီးအဖြဲ႕မွ လိုက္လံရွာေဖြခဲ့ရာ ည ၈ နာရီ ၄၀ မိနစ္ခန္႔တြင္ အဆိုပါယာဥ္ကို ပန္းေတာင္းၿမိဳ႕နယ္၊ ပုသိမ္- မံုရြာကားလမ္း မိုင္တိုင္၊ ၁၇၃/၃ ႏွင့္ ၄ အၾကားတြင္ ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ အဆိုပါယာဥ္ေမာင္းျဖစ္သူ ရန္ပိုင္စိုး(ခ)ရန္ႏိုင္၊ (၂၉)ႏွစ္၊ ဗမာ/ဗုဒၶ၊ ပန္းဘဲတန္းရပ္ကြက္၊ ဟသၤာတၿမိဳ႕၊ ဧရာဝတီတိုင္းေဒသႀကီးေနသူကို ယာဥ္ႏွင့္မလွမ္းမကမ္း လယ္ကြက္အတြင္းမွ ေတြ႕ရွိဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ဖမ္းဆီးရမိသည့္ ဟာေမဒူရာမန္(ခ)သိန္းထြန္းကို စစ္ေမးခ်က္အရ ၄င္းႏွင့္အတူ ဖိုင္ဇိုလာ၊ (၃၂)ႏွစ္၊ ဘဂၤါလီ/ အစၥလာမ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ရခုိင္ျပည္နယ္ေနသူပါရွိၿပီး ထိုသူမွာထြက္ေျပးေနေၾကာင္း သိရွိရသျဖင့္ ဥသွ်စ္ပင္နယ္ေျမရဲစခန္းမွ လိုက္လံရွာေဖြဖမ္းဆီးခဲ့ရာ ဇြန္လ ၁၂ ရက္၊ နံနက္ ၁၀ နာရီခြဲခန္႔တြင္ ပန္းေတာင္း ၿမိဳ႕နယ္၊ ေျမ၀ါကုန္းေက်းရြာအနီး ပုသိမ္-မံုရြာကားလမ္းေဘးတြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ဖမ္းဆီးရမိသည့္ ဘဂၤါလီလူမ်ဳိး ဟာေမဒူရာမန္(ခ)သိန္းထြန္း၊ ဖိုင္ဇိုလာႏွင့္ ယာဥ္ေမာင္း ရန္ပိုင္စိုး(ခ)ရန္ႏိုင္တို႔ ကို ဥသွ်စ္ပင္နယ္ေျမရဲစခန္းတြင္ ပန္းေတာင္းၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ဦးစီးအဖြဲ႕ပူးေပါင္းအဖြဲ႕မွ စစ္ေဆးေနေၾကာင္း သိရသည္။
- ႏိုင္မင္းလြင္(အကုန္သိသတင္းဌာန)  | ဓာတ္ပုံ- Bago Regional Police Force

Unicode Version


ပန်းတောင်းမြို့နယ်တွင် တရားရုံးထုတ်ပြန်လာသည့်ရဲတပ်သားများက သင်္ချိုင်းကုန်းအနီးတွေ့ရှိသော အမျိုးသားကို ခေါ်ယူမေးမြန်းရာမှ ဘင်္ဂါလီ ၂ ဦးနှင့်ပို့ဆောင်ပေးသူတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်နယ်မြေရဲစခန်းကွပ်ကဲမှုအောက်ရှိ ကျီးပင်လှုပ်ရှားရဲကင်းမှ ရဲတပ်သား ကျော်ရဲသူနှင့် ရဲတပ်သားဇင်လင်းကိုတို့သည် ဇွန်လ ၁၁ ရက်၊ ညနေ ၄ နာရီ ၄၀ မိနစ်ခန့်က ပန်းတောင်းမြို့နယ်တရားရုံးမှ ရုံးထုတ်တာဝန်ထမ်းဆောင်၍ ရဲကင်းသို့ ပြန်လာခဲ့ကြောင်း သိရသည်။
ထိုစဉ် ညနေ ၆ နာရီ ၅၀ မိနစ်ခန့်၌ ပန်းတောင်းမြို့နယ်၊ ရပ်သာကျေးရွာအုပ်စု၊ ဘူးဘက်ကျေးရွာ၊ ပုသိမ်-မုံရွာ ကားလမ်းဘေး သင်္ချိုင်းကုန်းအနီးအရောက်တွင် မသင်္ကာဖွယ်ရာအမျိုးသားတစ်ဦးအား တွေ့ရှိခဲ့သဖြင့် မေးမြန်းရာ ၎င်းအမျိုးသားမှာ ဟာမေဒူရာမန်(ခ)သိန်းထွန်း၊ (၂၅)နှစ်၊ ဘင်္ဂါလီ/အစ္စလာမ်၊ ရတနာပုံ အလယ်ကျေးရွာ၊ ကျောက်တော်မြို့နယ်၊ ရခိုင်ပြည်နယ်နေသူဖြစ်ပြီး မသင်္ကာသဖြင့် ဥသျှစ်ပင် နယ်မြေရဲစခန်းသို့ စစ်ဆေးရန်ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
ယင်းသို့ခေါ်ဆောင်သွားစဉ် ယာဉ်အမှတ်၊ MDY HSE/…. နံပါတ်ပါ Caldina(ခဲရောင်) (လိုင်စင်-စိစစ်ဆဲ) ခဲရောင်ယာဉ်မှာ မကွေးတိုင်းဒေသကြီး၊ ကံမမြို့ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း မသင်္ကာဖွယ်ရာ တွေ့ရှိရ၍ ကျီးပင်လှုပ်ရှားရဲကင်းမှ ဒုရဲအုပ်ဇော်မိုးဦးစီးအဖွဲ့မှ လိုက်လံရှာဖွေခဲ့ရာ ည ၈ နာရီ ၄၀ မိနစ်ခန့်တွင် အဆိုပါယာဉ်ကို ပန်းတောင်းမြို့နယ်၊ ပုသိမ်- မုံရွာကားလမ်း မိုင်တိုင်၊ ၁၇၃/၃ နှင့် ၄ အကြားတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့နောက် အဆိုပါယာဉ်မောင်းဖြစ်သူ ရန်ပိုင်စိုး(ခ)ရန်နိုင်၊ (၂၉)နှစ်၊ ဗမာ/ဗုဒ္ဓ၊ ပန်းဘဲတန်းရပ်ကွက်၊ ဟင်္သာတမြို့၊ ဧရာဝတီတိုင်းဒေသကြီးနေသူကို ယာဉ်နှင့်မလှမ်းမကမ်း လယ်ကွက်အတွင်းမှ တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် ဟာမေဒူရာမန်(ခ)သိန်းထွန်းကို စစ်မေးချက်အရ ၎င်းနှင့်အတူ ဖိုင်ဇိုလာ၊ (၃၂)နှစ်၊ ဘင်္ဂါလီ/ အစ္စလာမ်၊ ကျောက်တော်မြို့နယ်၊ ရခိုင်ပြည်နယ်နေသူပါရှိပြီး ထိုသူမှာထွက်ပြေးနေကြောင်း သိရှိရသဖြင့် ဥသျှစ်ပင်နယ်မြေရဲစခန်းမှ လိုက်လံရှာဖွေဖမ်းဆီးခဲ့ရာ ဇွန်လ ၁၂ ရက်၊ နံနက် ၁၀ နာရီခွဲခန့်တွင် ပန်းတောင်း မြို့နယ်၊ မြေဝါကုန်းကျေးရွာအနီး ပုသိမ်-မုံရွာကားလမ်းဘေးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် ဘင်္ဂါလီလူမျိုး ဟာမေဒူရာမန်(ခ)သိန်းထွန်း၊ ဖိုင်ဇိုလာနှင့် ယာဉ်မောင်း ရန်ပိုင်စိုး(ခ)ရန်နိုင်တို့ ကို ဥသျှစ်ပင်နယ်မြေရဲစခန်းတွင် ပန်းတောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးအဖွဲ့ပူးပေါင်းအဖွဲ့မှ စစ်ဆေးနေကြောင်း သိရသည်။


- နိုင်မင်းလွင်(အကုန်သိသတင်းဌာန) | ဓာတ်ပုံ- Bago Regional Police Force

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။