Skip to main content
ျပည္တြင္းဘဏ္မ်ားႏွင့္အိမ္နီးခ်င္းဘဏ္မ်ားတြင္ နည္းပညာအသံုးခ်မႈ ကြာျခားေနဟု ဆို
Ads Block

ျပည္တြင္းဘဏ္မ်ားႏွင့္အိမ္နီးခ်င္းဘဏ္မ်ားတြင္ နည္းပညာအသံုးခ်မႈ ကြာျခားေနဟု ဆို

ျပည္တြင္းဘဏ္မ်ားႏွင့္ အိမ္နီးခ်င္းႏုိင္ငံဘဏ္မ်ားကြာျခားခ်က္မွာ အုိင္တီနည္းပညာအသုံးခ်မႈျဖစ္ေၾကာင္း ေရႊဘဏ္မွ လက္ေထာက္အေထြေထြမန္ေနဂ်ာဦးခင္ေမာင္စုိးက ေျပာသည္။
ရန္ကုန္ၿမိဳ႕ရွိ Park Royal ဟိုတယ္တြင္ ဇြန္လ ၁၁ ရက္ကက်င္းပေသာ ဘဏ္မ်ားအစည္းအေ၀းတြင္ အကုန္သိသတင္းဌာနသုိ႔ ေျဖၾကားေပးျခင္းျဖစ္သည္။
“ဗမာျပည္ကလူေတြကေငြထုတ္ႀကီးေတြ သယ္သြားေငြထုတ္ႀကီးေတြသယ္လာ။ အဲဒီလုိမ်ဳိးပဲလုပ္ၾကတယ္။ ဒါဘဏ္ေတြမွာလည္းဒီျမင္ကြင္းမွာေတြ႔ေနရတာပဲ။ အဓိကက ကတ္စနစ္ကုိသြားဖုိ႔လုိတယ္။ အဲဒီစနစ္ကုိ သြားလုိက္ရင္ ၀န္ထမ္းေတြကုိ လစာေပးမယ္။ ဘဏ္ထဲကုိထည့္ေပးမယ္။ အဲဒီဘဏ္ထဲကပဲသြားမယ္။ ေနာက္တစ္ခါ ပစၥည္းတစ္ခု၀ယ္ရင္လည္း မုိဘုိင္းလ္ဖုန္းဆုိဖုန္း၊ သူ႔ကတ္ဆုိသူ႔ကတ္ေပါ့။အဲဒီကေပးေခ်မယ္။ ဒါဆုိသူ႔၀င္ေငြထြက္ေငြလည္းသူၾကည့္လုိ႔ရသြားမယ္။ ဒီစနစ္ကုိရၿပီလားဆုိေတာ့ အခုခ်ိန္အထိ ေငြထုတ္သယ္ေနတုန္းပဲ။ သူမ်ားႏုိင္ငံကဘဏ္ေတြဆုိဒုန္းဆုိလႊဲခ်လုိက္တယ္။ ကတ္စနစ္နဲ႔ လစာကအစ ေပးၾကတယ္”ဟု ေရႊဘဏ္မွ လက္ေထာက္အေထြေထြမန္ေနဂ်ာဦးခင္ေမာင္စုိးက အကုန္သိသတင္းဌာနသုိ႔ ေျပာသည္။
လက္ရွိတြင္ ျပည္တြင္းဘဏ္ေပါင္း ၃၁ ဘဏ္တြင္ အုိင္တီနည္းပညာအသုံးခ်သည့္ဘဏ္ေပါင္း ၂၀ ေက်ာ္ရွိၿပီး ႏုိင္ငံျခားဘဏ္ ၁၃ ဘဏ္ရွိေၾကာင္းသိရသည္။
“ရင္းနွီးျမဳပ္ႏွံမႈအပုိင္းမွာ ကြ်န္ေတာ္တုိ႔ ျမန္မာျပည္ကဘဏ္ေတြကေတာ္ေတာ္ေလးကုိနည္းတယ္။ ေနာက္ၿပီး ျပည္တြင္းဘဏ္ေတြေပါင္းၿပီး ဘဏ္ႀကီးေထာင္မလား။ ဒါလည္းလုပ္ေတာ့လုပ္ေနၿပီ။ ေနာက္ပုိင္းမွာ ဘဏ္ေတြကတုိးတက္လာမွာပါ။ အခုေတာင္ ႏုိင္ငံျခားကဘဏ္ေတြကုိခြင့္ျပဳေပးေနၿပီ” ဟု ဦးခင္ေမာင္စုိးက ဆက္ေျပာသည္။
ဘဏ္လုပ္ငန္းမ်ားတုိးတက္ဖြံၿဖိဳးေစရန္ ဗဟုိဘဏ္မွ လည္းလုပ္ေဆာင္ေနၿပီး ျဖည္ေလ်ာ့ေပးမႈမ်ားရွိကာ ျပည္ပဘဏ္မ်ားကုိလည္း ရင္းနွီးျမဳပ္ႏွံမႈေပးေနၿပီျဖစ္ေၾကာင္း စီမံကိန္းႏွင့္ဘ႑ာေရး၀န္ႀကီးဌာနမွ သိရသည္။

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode Version

 

ပြည်တွင်းဘဏ်များနှင့် အိမ်နီးချင်းနိုင်ငံဘဏ်များကွာခြားချက်မှာ အိုင်တီနည်းပညာအသုံးချမှုဖြစ်ကြောင်း ရွှေဘဏ်မှ လက်ထောက်အထွေထွေမန်နေဂျာဦးခင်မောင်စိုးက ပြောသည်။
ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်တွင် ဇွန်လ ၁၁ ရက်ကကျင်းပသော ဘဏ်များအစည်းအဝေးတွင် အကုန်သိသတင်းဌာနသို့ ဖြေကြားပေးခြင်းဖြစ်သည်။
“ဗမာပြည်ကလူတွေကငွေထုတ်ကြီးတွေ သယ်သွားငွေထုတ်ကြီးတွေသယ်လာ။ အဲဒီလိုမျိုးပဲလုပ်ကြတယ်။ ဒါဘဏ်တွေမှာလည်းဒီမြင်ကွင်းမှာတွေ့နေရတာပဲ။ အဓိကက ကတ်စနစ်ကိုသွားဖို့လိုတယ်။ အဲဒီစနစ်ကို သွားလိုက်ရင် ဝန်ထမ်းတွေကို လစာပေးမယ်။ ဘဏ်ထဲကိုထည့်ပေးမယ်။ အဲဒီဘဏ်ထဲကပဲသွားမယ်။ နောက်တစ်ခါ ပစ္စည်းတစ်ခုဝယ်ရင်လည်း မိုဘိုင်းလ်ဖုန်းဆိုဖုန်း၊ သူ့ကတ်ဆိုသူ့ကတ်ပေါ့။အဲဒီကပေးချေမယ်။ ဒါဆိုသူ့ဝင်ငွေထွက်ငွေလည်းသူကြည့်လို့ရသွားမယ်။ ဒီစနစ်ကိုရပြီလားဆိုတော့ အခုချိန်အထိ ငွေထုတ်သယ်နေတုန်းပဲ။ သူများနိုင်ငံကဘဏ်တွေဆိုဒုန်းဆိုလွှဲချလိုက်တယ်။ ကတ်စနစ်နဲ့ လစာကအစ ပေးကြတယ်”ဟု ရွှေဘဏ်မှ လက်ထောက်အထွေထွေမန်နေဂျာဦးခင်မောင်စိုးက အကုန်သိသတင်းဌာနသို့ ပြောသည်။
လက်ရှိတွင် ပြည်တွင်းဘဏ်ပေါင်း ၃၁ ဘဏ်တွင် အိုင်တီနည်းပညာအသုံးချသည့်ဘဏ်ပေါင်း ၂၀ ကျော်ရှိပြီး နိုင်ငံခြားဘဏ် ၁၃ ဘဏ်ရှိကြောင်းသိရသည်။
“ရင်းနှီးမြုပ်နှံမှုအပိုင်းမှာ ကျွန်တော်တို့ မြန်မာပြည်ကဘဏ်တွေကတော်တော်လေးကိုနည်းတယ်။ နောက်ပြီး ပြည်တွင်းဘဏ်တွေပေါင်းပြီး ဘဏ်ကြီးထောင်မလား။ ဒါလည်းလုပ်တော့လုပ်နေပြီ။ နောက်ပိုင်းမှာ ဘဏ်တွေကတိုးတက်လာမှာပါ။ အခုတောင် နိုင်ငံခြားကဘဏ်တွေကိုခွင့်ပြုပေးနေပြီ” ဟု ဦးခင်မောင်စိုးက ဆက်ပြောသည်။
ဘဏ်လုပ်ငန်းများတိုးတက်ဖွံဖြိုးစေရန် ဗဟိုဘဏ်မှ လည်းလုပ်ဆောင်နေပြီး ဖြည်လျော့ပေးမှုများရှိကာ ပြည်ပဘဏ်များကိုလည်း ရင်းနှီးမြုပ်နှံမှုပေးနေပြီဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

- မင်းသီဟန်(အကုန်သိသတင်းဌာန)

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။