Skip to main content
ခရီးသည္တင္ယာဥ္က တစ္ဖက္ယာဥ္ေၾကာမွဆိုင္ကယ္ကို၀င္တုိက္ရာ ၁ ဦးေသဆံုး
Ads Block

ခရီးသည္တင္ယာဥ္က တစ္ဖက္ယာဥ္ေၾကာမွဆိုင္ကယ္ကို၀င္တုိက္ရာ ၁ ဦးေသဆံုး


ပဲခူးတိုင္းေဒသႀကီး၊ ေညာင္ေလးပင္ၿမိဳ႕နယ္တြင္ ယေန႔(ဇြန္လ ၁၂ ရက္)မနက္ပိုင္းက ခရီးသည္တင္ယာဥ္က တစ္ဖက္ယာဥ္ေၾကာမွဆိုင္ကယ္ကို၀င္တိုက္မိရာ ဆိုင္ကယ္ေမာင္းႏွင္သူေသဆံုးသြားေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ပဲခူးတိုင္းေဒသႀကီး၊ ေညာင္ေလးပင္ၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးကားလမ္း၌ မိုင္တိုင္အမွတ္ ၁၀၁/၀ ႏွင့္ ၁၀၁/၁ အၾကား ေကာက္ေကြ႕ေက်းရြာအနီးတြင္ ဇြန္လ ၁၂ ရက္၊ နံနက္ ၉ နာရီခြဲခန္႔က ရန္ကုန္မွ မႏၲေလးဘက္သို႔ တင္မင္းခိုင္ ေမာင္းႏွင္ၿပီး ယာဥ္ေနာက္လိုက္တစ္ဦးလိုက္ပါလာေသာ Higer အမ်ိဳးအစား ၿမိဳ႕ေရႊထားဝယ္ ခရီးသည္တင္ယာဥ္သည္ လားရာတူေရွ႕မွေမာင္းႏွင္ေနေသာယာဥ္ကိုေက်ာ္တက္စဥ္ တစ္ဖက္ယာဥ္ေၾကာသို႔ေရာက္ရွိသြားေၾကာင္း သိရသည္။
ထိုစဥ္ မ်က္ႏွာခ်င္းဆိုင္မႏၲေလးဘက္မွ ရန္ကုန္ဘက္သို႕ (အမည္ေနရပ္လိပ္စာ စံုစမ္းဆဲ) အမ်ိဳးသားတစ္ဦး ေမာင္းႏွင္လာေသာ အနက္ေရာင္ေလာ့ဂ်ာဆိုင္ကယ္ကို ဝင္ေရာက္တိုက္မိရာ ဆိုင္ကယ္ေမာင္းႏွင္သူတြင္ ဦးေခါင္းခြံကြဲေၾက၊ ဝဲဘက္လက္ဖဝါးဆုတ္ၿပဲ၊ ဝဲဘက္ဒူးေခါင္းေၾကမြဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ေနရာတြင္ ေသဆံုးသြားေၾကာင္း သိရသည္။
ၿမိဳ႕ေရႊထားဝယ္ ခရီးသည္တင္ယာဥ္ေမာင္း တင္မင္းခိုင္မွာမူ အခင္းျဖစ္ေနရာမွ ထြက္ေျပး တိမ္းေရွာင္ သြားေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။
ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ယာဥ္ေမာင္းတင္မင္းခိုင္အား ေညာင္ေလးပင္ၿမိဳ႕မရဲစခန္း၌ ယာဥ္(ပ)၃၀/၂၀၁၉ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/၂၀၂ ျဖင့္ အမႈဖြင့္ကာ ဖမ္းဆီးရမိေရးေဆာင္ရြက္ေနေၾကာင္း သိရသည္။

- ကိုထိုက္- ေညာင္ေလးပင္(အကုန္သိသတင္းဌာန)

Unicode Version



ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့(ဇွန်လ ၁၂ ရက်)မနက်ပိုင်းက ခရီးသည်တင်ယာဉ်က တစ်ဖက်ယာဉ်ကြောမှဆိုင်ကယ်ကိုဝင်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူသေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်း၌ မိုင်တိုင်အမှတ် ၁၀၁/၀ နှင့် ၁၀၁/၁ အကြား ကောက်ကွေ့ကျေးရွာအနီးတွင် ဇွန်လ ၁၂ ရက်၊ နံနက် ၉ နာရီခွဲခန့်က ရန်ကုန်မှ မန္တလေးဘက်သို့ တင်မင်းခိုင် မောင်းနှင်ပြီး ယာဉ်နောက်လိုက်တစ်ဦးလိုက်ပါလာသော Higer အမျိုးအစား မြို့ရွှေထားဝယ် ခရီးသည်တင်ယာဉ်သည် လားရာတူရှေ့မှမောင်းနှင်နေသောယာဉ်ကိုကျော်တက်စဉ် တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိသွားကြောင်း သိရသည်။
ထိုစဉ် မျက်နှာချင်းဆိုင်မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ (အမည်နေရပ်လိပ်စာ စုံစမ်းဆဲ) အမျိုးသားတစ်ဦး မောင်းနှင်လာသော အနက်ရောင်လော့ဂျာဆိုင်ကယ်ကို ဝင်ရောက်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူတွင် ဦးခေါင်းခွံကွဲကြေ၊ ဝဲဘက်လက်ဖဝါးဆုတ်ပြဲ၊ ဝဲဘက်ဒူးခေါင်းကြေမွဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
မြို့ရွှေထားဝယ် ခရီးသည်တင်ယာဉ်မောင်း တင်မင်းခိုင်မှာမူ အခင်းဖြစ်နေရာမှ ထွက်ပြေး တိမ်းရှောင် သွားကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းတင်မင်းခိုင်အား ညောင်လေးပင်မြို့မရဲစခန်း၌ ယာဉ်(ပ)၃၀/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၀၂ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သိရသည်။

- ကိုထိုက်- ညောင်လေးပင်(အကုန်သိသတင်းဌာန)


              

 


              

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။