Skip to main content
မံုရြာစီးပြားေရးတကၠသိုလ္မွ လက္ေထာက္ကထိကတစ္ဦး အေဆာင္ဝရန္တာမွ ျပဳတ္က်ေသဆံုး
Ads Block

မံုရြာစီးပြားေရးတကၠသိုလ္မွ လက္ေထာက္ကထိကတစ္ဦး အေဆာင္ဝရန္တာမွ ျပဳတ္က်ေသဆံုး

မံုရြာစီးပြားေရးတကၠသိုလ္မွ အသက္ ၃၀ အရြယ္ လက္ေထာက္ကထိကတစ္ဦး ေက်ာင္းသားမ်ားအေဆာင္ ဝရံတာမွ ျပဳတ္က်ေသဆံုးသြားေၾကာင္း မံုရြာၿမိဳ႕နယ္ရဲစခန္းမွ သိရသည္။
ျဖစ္စဥ္မွာ မံုရြာစီးပြားေရးတကၠသိုလ္မွ လက္ေထာက္ကထိက ဦးေအာင္မ်ိဳး၊ ၃၀ ႏွစ္သည္ ဇန္နဝါရီလ ၁၂ ရက္၊ ည ၁ နာရီခြဲ၀န္းက်င္က ေက်ာင္းသားမ်ားအေဆာင္တြင္လမ္းေလွ်ာက္ရာမွ မူးေဝၿပီး ၃ ေပခန္႔အျမင့္ရွိသည့္ ဝရံတာမွ ျပဳတ္က်ေသဆံုးသြားျခင္းျဖစ္ေၾကာင္းသိရသည္။
“ ကၽြန္ေတာ္တုိ႔ဆီကိုသတင္းတက္တာကေတာ့ သူကည ၁ နာရီခြဲအခ်ိန္မွာ အေဆာင္အေပၚထပ္ကေန လမ္းေလွ်ာက္တာေပါ့။ ေလညွင္းခံလမ္းေလွ်ာက္တဲ့အခါမွာမူးေဝၿပီးျပဳတ္က်တာေပါ့။ သူ႔မွာ ေသြးတုိးေရာဂါ ရွိတယ္လို႔လည္းေျပာတယ္။ ေဆးရုံေရာက္တဲ့အခါမွာေသဆံုးသြားပါတယ္” မံုရြာၿမိဳ႕နယ္ရဲစခန္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ဦးေအာင္မ်ိဳးသည္ ဝရံတာမွျပဳတ္က်ၿပီး ဂ်ိဳေစာင္းဖူးေယာင္ဒဏ္ရာ၊ ႏွာေခါင္းေသြးထြက္ဒဏ္ရာမ်ားရရွိခဲ့ကာ ေဆးရုံသို႔ ည ၂ နာရီတြင္ေရာက္ရွိၿပီး ၃ နာရီတြင္ေသဆံုးသြားေၾကာင္း သိရသည္။
အဆုိပါေသဆံုးမႈႏွင့္ပတ္သက္၍ ေသမႈေသခင္းဖြင့္လွစ္ကာစစ္ေဆးေနေၾကာင္း မံုရြာၿမိဳ႕နယ္ရဲစခန္းမွ သိရသည္။

- ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

Unicode Version

 

မုံရွာစီးပွားရေးတက္ကသိုလ်မှ အသက် ၃၀ အရွယ် လက်ထောက်ကထိကတစ်ဦး ကျောင်းသားများအဆောင် ဝရံတာမှ ပြုတ်ကျသေဆုံးသွားကြောင်း မုံရွာမြို့နယ်ရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ မုံရွာစီးပွားရေးတက္ကသိုလ်မှ လက်ထောက်ကထိက ဦးအောင်မျိုး၊ ၃၀ နှစ်သည် ဇန်နဝါရီလ ၁၂ ရက်၊ ည ၁ နာရီခွဲဝန်းကျင်က ကျောင်းသားများအဆောင်တွင်လမ်းလျှောက်ရာမှ မူးဝေပြီး ၃ ပေခန့်အမြင့်ရှိသည့် ဝရံတာမှ ပြုတ်ကျသေဆုံးသွားခြင်းဖြစ်ကြောင်းသိရသည်။
“ ကျွန်တော်တို့ဆီကိုသတင်းတက်တာကတော့ သူကည ၁ နာရီခွဲအချိန်မှာ အဆောင်အပေါ်ထပ်ကနေ လမ်းလျှောက်တာပေါ့။ လေညှင်းခံလမ်းလျှောက်တဲ့အခါမှာမူးဝေပြီးပြုတ်ကျတာပေါ့။ သူ့မှာ သွေးတိုးရောဂါ ရှိတယ်လို့လည်းပြောတယ်။ ဆေးရုံရောက်တဲ့အခါမှာသေဆုံးသွားပါတယ်” မုံရွာမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဦးအောင်မျိုးသည် ဝရံတာမှပြုတ်ကျပြီး ဂျိုစောင်းဖူးယောင်ဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာများရရှိခဲ့ကာ ဆေးရုံသို့ ည ၂ နာရီတွင်ရောက်ရှိပြီး ၃ နာရီတွင်သေဆုံးသွားကြောင်း သိရသည်။
အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ သေမှုသေခင်းဖွင့်လှစ်ကာစစ်ဆေးနေကြောင်း မုံရွာမြို့နယ်ရဲစခန်းမှ သိရသည်။

- ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။