Skip to main content
ေဟာင္ေကာင္မွာ လူဦးေရ သိန္းခ်ီတဲ့ ဆႏၵျပမႈႀကီးေၾကာင့္ တရုတ္သုိ ့ တရားခံလႊဲေျပာင္းေရး ဥပေဒၾကမ္း ေဆြးေႏြးမႈအစီအစဥ္ ေရႊ ့ဆုိင္း
Ads Block

ေဟာင္ေကာင္မွာ လူဦးေရ သိန္းခ်ီတဲ့ ဆႏၵျပမႈႀကီးေၾကာင့္ တရုတ္သုိ ့ တရားခံလႊဲေျပာင္းေရး ဥပေဒၾကမ္း ေဆြးေႏြးမႈအစီအစဥ္ ေရႊ ့ဆုိင္း


ဗုဒၶဟူးေန ့က ေဟာင္ေကာင္ရဲ႕ ဥပေဒျပဳေရးေကာင္စီအေဆာက္အအုံကုိ ၀ုိင္းထားတဲ့ လူဦးေရ သိန္းခ်ီေသာ ဆႏၵျပကန္ ့ကြက္မႈႀကီးေၾကာင့္ တရုတ္ျပည္မႀကီးသုိ ့ သံသယအျပစ္သားေတြ ပုိ ့ေပးကာ တရားရင္ဆုိင္ေစရမယ့္ တရားခံလႊဲေျပာင္းေရး ဥပေဒၾကမ္း ဒုတိယအႀကိမ္ အေခ်အတင္ေဆြးေႏြးမႈ အစီအစဥ္ကုိ ေရႊ ့ဆုိင္းလုိက္ေၾကာင္း သိရပါတယ္။
အနက္ေရာင္၀တ္စုံေတြ၀တ္ဆင္ထားၾကတဲ့ လူငယ္အမ်ားစုပါ ဆႏၵျပသူေတြဟာ စုေ၀းဆႏၵျပဖုိ ့အတြက္ ျပင္ဆင္တဲ့အေနနဲ ့ဥပေဒျပဳေကာင္စီ ဧရိယာတ၀ုိက္ နယ္ေျမမွာ အတားအဆီးေတြ ထူေထာင္ခဲ့ပါတယ္။ ဆႏၵျပသူေတြဟာ အက်ပ္အတည္းေတြ ့ေနတဲ့ ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴး ကာရီလမ္ရဲ႕ ရုံးေတြအနီးက အဓိက လမ္းမႀကီးနဲ ့ယင္းတ၀ုိက္ကေန စုစည္းခ်ီတက္ခဲ့ၾကကာ ေသနတ္ေတြ၊ နံပါတ္တုတ္ေတြနဲ ့ပလပ္စတစ္ဒုိင္းေတြ ကုိင္ေဆာင္ထားတဲ့ ရာေပါင္းမ်ားစြာေသာ ရဲတပ္ဖြဲ ့၀င္ေတြက ေရွ ့ဆက္မတုိးဖုိ ့ သတိေပးတားျမစ္မႈေတြ လုပ္ခဲ့ပါတယ္။
ေဟာင္ေကာင္ရဲ႕ ေကာင္းမြန္တဲ့ ၿပိဳင္ဆုိင္ႏုိင္မႈအခြင့္အလမ္းကုိ တုိက္စားခံရႏုိင္ကာ လြတ္လပ္မႈ၊ ရင္းႏွီးျမွဳပ္ႏွံသူေတြရဲ႕ ယုံၾကည္မႈေတြ ပ်က္စီးသြားႏုိင္မႈအတြက္ စီးပြားေရးဦးေဆာင္ေနသူေတြအပါအ၀င္ အာရွရဲ ့ ဘ႑ာေရးအခ်က္အခ်ာ ေဒသမွာ စုိးရိမ္မႈေတြ နက္နက္ရႈိင္းရႈိင္းရွိေနၾကေပမယ့္ လမ္ကေတာ့ ဥပေဒၾကမ္း အတည္ျပဳေရးကုိ ေရွ ့ဆက္ေဆာင္ရြက္သြားမယ္လုိ ့ အခုိင္အမာဆုိထားခဲ့တာပါ။
ဥပေဒၾကမ္းအေပၚ ကန္ ့ကြက္သူေတြဟာ ၁၉၉၇ ခုႏွစ္က ေဟာင္ေကာင္ကၽြန္းကုိ ၿဗိတိသွ်ကေန တရုတ္ႏုိင္ငံသုိ ့ လႊဲေျပာင္းေပးခဲ့ၿပီးေနာက္ပုိင္း အႀကီးမားဆုံးျဖစ္ခဲ့တဲ့ အစုိးရဆန္ ့က်င္ေရးဆႏၵျပမႈႀကီးကုိ  တနဂၤေႏြေန ့မွာ စတင္ခဲ့ၾကတာျဖစ္ပါတယ္။
ကုိယ္စားလွယ္ ၇၀ ဦးပါ ဥပေဒျပဳေရးေကာင္စီမွာ ဒီေန ့(ဇြန္ ၁၂) ျပဳလုပ္မယ့္ ယင္း ဥပေဒၾကမ္း အေခ်အတင္ေဆြးေႏြးမႈ အစီအစဥ္ကုိ ေနာက္ထပ္ တစ္စုံတရာ မထုတ္ျပန္ေသးသေရြ ့ ေရႊ ့ဆုိင္းထားမွာျဖစ္ေၾကာင္း အစုိးရက ေျပာဆုိခဲ့ပါတယ္။
ဥပေဒျပဳေရးေကာင္စီကုိ ေပက်င္းေထာက္ခံ ကုိယ္စားလွယ္အမ်ားစုက ထိန္းခ်ဳပ္ထားတာျဖစ္ပါတယ္။
“ ဥပေဒကုိ မဖ်က္သိမ္းသေရြ ့ ကၽြန္ေတာ္တုိ ့ ထြက္ခြာသြားမွာ မဟုတ္ဘူး”လုိ ့ အနက္ေရာင္ ႏွာေခါင္းစည္းနဲ ့လက္အိတ္ေတြ ၀တ္ဆင္ထားတဲ့ ဆႏၵျပလူငယ္တစ္ဦးက ေျပာဆုိခဲ့ပါတယ္။ ကယ္ရီလမ္က မိမိတုိ ့ကုိ ေလွ်ာ့တြက္ေနေၾကာင္းနဲ ့ သူမကုိ ဒီဥပေဒျပဌာန္းႏုိင္ခြင့္ ေပးမွာမဟုတ္ေၾကာင္း ၄င္းက ဆက္လက္ေျပာဆုိခဲ့ပါတယ္။

Ref : Reuters            

Unicode Version


ဗုဒ္ဓဟူးနေ့က ဟောင်ကောင်ရဲ့ ဥပဒေပြုရေးကောင်စီအဆောက်အအုံကို ဝိုင်းထားတဲ့ လူဦးရေ သိန်းချီသော ဆန္ဒပြကန့်ကွက်မှုကြီးကြောင့် တရုတ်ပြည်မကြီးသို့ သံသယအပြစ်သားတွေ ပို့ပေးကာ တရားရင်ဆိုင်စေရမယ့် တရားခံလွှဲပြောင်းရေး ဥပဒေကြမ်း ဒုတိယအကြိမ် အချေအတင်ဆွေးနွေးမှု အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း သိရပါတယ်။
အနက်ရောင်ဝတ်စုံတွေဝတ်ဆင်ထားကြတဲ့ လူငယ်အများစုပါ ဆန္ဒပြသူတွေဟာ စုဝေးဆန္ဒပြဖို့အတွက် ပြင်ဆင်တဲ့အနေနဲ့ဥပဒေပြုကောင်စီ ဧရိယာတဝိုက် နယ်မြေမှာ အတားအဆီးတွေ ထူထောင်ခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ အကျပ်အတည်းတွေ့နေတဲ့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်ရဲ့ ရုံးတွေအနီးက အဓိက လမ်းမကြီးနဲ့ယင်းတဝိုက်ကနေ စုစည်းချီတက်ခဲ့ကြကာ သေနတ်တွေ၊ နံပါတ်တုတ်တွေနဲ့ပလပ်စတစ်ဒိုင်းတွေ ကိုင်ဆောင်ထားတဲ့ ရာပေါင်းများစွာသော ရဲတပ်ဖွဲ့ဝင်တွေက ရှေ့ဆက်မတိုးဖို့ သတိပေးတားမြစ်မှုတွေ လုပ်ခဲ့ပါတယ်။
ဟောင်ကောင်ရဲ့ ကောင်းမွန်တဲ့ ပြိုင်ဆိုင်နိုင်မှုအခွင့်အလမ်းကို တိုက်စားခံရနိုင်ကာ လွတ်လပ်မှု၊ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုတွေ ပျက်စီးသွားနိုင်မှုအတွက် စီးပွားရေးဦးဆောင်နေသူတွေအပါအဝင် အာရှရဲ့ ဘဏ္ဍာရေးအချက်အချာ ဒေသမှာ စိုးရိမ်မှုတွေ နက်နက်ရှိုင်းရှိုင်းရှိနေကြပေမယ့် လမ်ကတော့ ဥပဒေကြမ်း အတည်ပြုရေးကို ရှေ့ဆက်ဆောင်ရွက်သွားမယ်လို့ အခိုင်အမာဆိုထားခဲ့တာပါ။
ဥပဒေကြမ်းအပေါ် ကန့်ကွက်သူတွေဟာ ၁၉၉၇ ခုနှစ်က ဟောင်ကောင်ကျွန်းကို ဗြိတိသျှကနေ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ပြီးနောက်ပိုင်း အကြီးမားဆုံးဖြစ်ခဲ့တဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုကြီးကို  တနင်္ဂနွေနေ့မှာ စတင်ခဲ့ကြတာဖြစ်ပါတယ်။
ကိုယ်စားလှယ် ၇၀ ဦးပါ ဥပဒေပြုရေးကောင်စီမှာ ဒီနေ့(ဇွန် ၁၂) ပြုလုပ်မယ့် ယင်း ဥပဒေကြမ်း အချေအတင်ဆွေးနွေးမှု အစီအစဉ်ကို နောက်ထပ် တစ်စုံတရာ မထုတ်ပြန်သေးသရွေ့ ရွှေ့ဆိုင်းထားမှာဖြစ်ကြောင်း အစိုးရက ပြောဆိုခဲ့ပါတယ်။
ဥပဒေပြုရေးကောင်စီကို ပေကျင်းထောက်ခံ ကိုယ်စားလှယ်အများစုက ထိန်းချုပ်ထားတာဖြစ်ပါတယ်။
“ ဥပဒေကို မဖျက်သိမ်းသရွေ့ ကျွန်တော်တို့ ထွက်ခွာသွားမှာ မဟုတ်ဘူး”လို့ အနက်ရောင် နှာခေါင်းစည်းနဲ့လက်အိတ်တွေ ဝတ်ဆင်ထားတဲ့ ဆန္ဒပြလူငယ်တစ်ဦးက ပြောဆိုခဲ့ပါတယ်။ ကယ်ရီလမ်က မိမိတို့ကို လျှော့တွက်နေကြောင်းနဲ့ သူမကို ဒီဥပဒေပြဌာန်းနိုင်ခွင့် ပေးမှာမဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့ပါတယ်။

Ref : Reuters            

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။