Skip to main content
ေျမာင္းျမအက်ဥ္းေထာင္၌ ေထာင္၀င္စာလာေတြ႕သူ အမ်ိဳးသမီးယူေဆာင္လာေသာ ၾကက္သြန္နီမ်ားအတြင္းမွ မူးယစ္ေဆး၀ါးမ်ား စစ္ေဆးေတြ႕ရွိ
Ads Block

ေျမာင္းျမအက်ဥ္းေထာင္၌ ေထာင္၀င္စာလာေတြ႕သူ အမ်ိဳးသမီးယူေဆာင္လာေသာ ၾကက္သြန္နီမ်ားအတြင္းမွ မူးယစ္ေဆး၀ါးမ်ား စစ္ေဆးေတြ႕ရွိ


ေျမာင္းျမအက်ဥ္းေထာင္၌ မူးယစ္ေဆး၀ါးမႈျဖင့္ႏွစ္ရွည္ေထာင္က်ခံေနရသူထံသို႔ ေထာင္၀င္စာလာေတြ႔သည့္ ဇနီးျဖစ္သူယူေဆာင္လာေသာ ၾကက္သြန္နီမ်ားအတြင္း မူးယစ္ေဆး၀ါးမ်ားစစ္ေဆးေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ဧရာ၀တီတိုင္းေဒသႀကီး၊ ေျမာင္းျမၿမိဳ႕အက်ဥ္းေထာင္၌ေထာင္ဒဏ္(၂၄)ႏွစ္က်ခံေနရသူ ျမတ္လင္းစံ၊ (၃၇)ႏွစ္ထံသို႔ ဇြန္လ ၁၁ ရက္၊ ယမန္ေန႔ ညေန ၅ နာရီက ေထာင္၀င္စာလာေတြ႔သူအမ်ိဳးသမီးထံမွ အသကၤာဖြယ္ရာအထုတ္မ်ားေတြ႔ရွိေၾကာင္း သတင္းေပးမႈေၾကာင့္ ၿမိဳ႕မရဲစခန္းကတပ္ဖြဲ႔၀င္မ်ားႏွင့္ အသိသက္ေသလူႀကီးမ်ားက သြားေရာက္စစ္ေဆးခဲ့ၾကသည္။
စစ္ေဆးခ်က္အရ ေထာင္၀င္စာလာေတြ႔သူမွာ မညႊန္႔ညႊန္႔စန္း၊ (၃၃)ႏွစ္ျဖစ္ၿပီး အက်ဥ္းသားျမတ္လင္းစံအမည္ပါ အျဖဴေရာင္ၾကြပ္ၾကြပ္အိတ္အတြင္းမွ ၾကက္သြန္နီ ၂၉ လံုးကိုေတြ႔ရွိရၿပီး အဆိုပါၾကက္သြန္နီမ်ားအတြင္း၌ စိတ္ၾကြရူးသြပ္ေဆးျပားပန္းေရာင္(၁၄၀၀)ျပား၊ စိမ္းေရာင္(၁၀)ျပား၊ စုစုေပါင္း(၁၄၁၀)ျပား(၄၂၃၀၀၀၀ က်ပ္)ႏွင့္ ICE ဟုယူဆရသည့္ အျဖဴေရာင္ပံုေဆာင္ခဲ ၂၄ ဂရမ္(၁၂၀၀၀၀၀ က်ပ္)တို႔ကိုေတြ႔ရွိသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
“သူတို႔ႏွစ္ေယာက္ကလင္မယားေတြလို႔သိရတယ္။အက်ဥ္းက်ေနတဲ့ ခင္ပြန္းျမတ္လင္းစံဆီကို မသကၤာဖြယ္ အထုတ္နဲ႔ ေထာင္၀င္စာလာေတြ႔တယ္ဆိုၿပီးအေၾကာင္းၾကားတဲ့အတြက္ ကြ်န္ေတာ္တို႔တပ္ဖြဲ႔၀င္ေတြနဲ႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြသြားေရာက္စစ္ေဆးခဲ့ရင္းကေန အခုလိုၾကက္သြန္နီအတြင္းပံုေျပာင္းထည့္ထားတဲ့ မူးယစ္ေဆး၀ါးေတြကိုသိမ္းဆည္းရမိခဲ့တာပါ။ အခုေတာ့ ေထာင္၀င္စာလာေတြ႔တဲ့ မညႊန္႔ညႊန္႔စန္းကိုဖမ္းဆီးၿပီး သူတို႔လင္မယားကိုအမႈဖြင့္ထားၿပီးပါၿပီ” ဟု နယ္ထိန္းေခါင္းေဆာင္ဒုရဲအုပ္တင္ကိုကိုလင္းက အကုန္သိ သတင္းဌာနသို႔ ေျပာသည္။
အမႈႏွင့္ပတ္သက္၍ မညႊန္႔ညႊန္႔စန္း၊ (၃၃)ႏွစ္ႏွင့္ အက်ဥ္းသားျမတ္လင္းစံ၊ (၃၇)ႏွစ္တို႔ကို ေျမာင္းျမၿမိဳ႕မ ရဲစခန္း၌ (ပ)၇/၂၀၁၉၊ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာပုဒ္မ-၁၉(က)/၂၀(က)/၂၁ ျဖင့္ အမႈဖြင့္ထားေၾကာင္း သတင္းရရွိသည္။

- ဒါးဇ(အကုန္သိသတင္းဌာန)

Unicode Version



မြောင်းမြအကျဉ်းထောင်၌ မူးယစ်ဆေးဝါးမှုဖြင့်နှစ်ရှည်ထောင်ကျခံနေရသူထံသို့ ထောင်ဝင်စာလာတွေ့သည့် ဇနီးဖြစ်သူယူဆောင်လာသော ကြက်သွန်နီများအတွင်း မူးယစ်ဆေးဝါးများစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့အကျဉ်းထောင်၌ထောင်ဒဏ်(၂၄)နှစ်ကျခံနေရသူ မြတ်လင်းစံ၊ (၃၇)နှစ်ထံသို့ ဇွန်လ ၁၁ ရက်၊ ယမန်နေ့ ညနေ ၅ နာရီက ထောင်ဝင်စာလာတွေ့သူအမျိုးသမီးထံမှ အသင်္ကာဖွယ်ရာအထုတ်များတွေ့ရှိကြောင်း သတင်းပေးမှုကြောင့် မြို့မရဲစခန်းကတပ်ဖွဲ့ဝင်များနှင့် အသိသက်သေလူကြီးများက သွားရောက်စစ်ဆေးခဲ့ကြသည်။
စစ်ဆေးချက်အရ ထောင်ဝင်စာလာတွေ့သူမှာ မညွှန့်ညွှန့်စန်း၊ (၃၃)နှစ်ဖြစ်ပြီး အကျဉ်းသားမြတ်လင်းစံအမည်ပါ အဖြူရောင်ကြွပ်ကြွပ်အိတ်အတွင်းမှ ကြက်သွန်နီ ၂၉ လုံးကိုတွေ့ရှိရပြီး အဆိုပါကြက်သွန်နီများအတွင်း၌ စိတ်ကြွရူးသွပ်ဆေးပြားပန်းရောင်(၁၄၀၀)ပြား၊ စိမ်းရောင်(၁၀)ပြား၊ စုစုပေါင်း(၁၄၁၀)ပြား(၄၂၃၀၀၀၀ ကျပ်)နှင့် ICE ဟုယူဆရသည့် အဖြူရောင်ပုံဆောင်ခဲ ၂၄ ဂရမ်(၁၂၀၀၀၀၀ ကျပ်)တို့ကိုတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“သူတို့နှစ်ယောက်ကလင်မယားတွေလို့သိရတယ်။အကျဉ်းကျနေတဲ့ ခင်ပွန်းမြတ်လင်းစံဆီကို မသင်္ကာဖွယ် အထုတ်နဲ့ ထောင်ဝင်စာလာတွေ့တယ်ဆိုပြီးအကြောင်းကြားတဲ့အတွက် ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေသွားရောက်စစ်ဆေးခဲ့ရင်းကနေ အခုလိုကြက်သွန်နီအတွင်းပုံပြောင်းထည့်ထားတဲ့ မူးယစ်ဆေးဝါးတွေကိုသိမ်းဆည်းရမိခဲ့တာပါ။ အခုတော့ ထောင်ဝင်စာလာတွေ့တဲ့ မညွှန့်ညွှန့်စန်းကိုဖမ်းဆီးပြီး သူတို့လင်မယားကိုအမှုဖွင့်ထားပြီးပါပြီ” ဟု နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်တင်ကိုကိုလင်းက အကုန်သိ သတင်းဌာနသို့ ပြောသည်။
အမှုနှင့်ပတ်သက်၍ မညွှန့်ညွှန့်စန်း၊ (၃၃)နှစ်နှင့် အကျဉ်းသားမြတ်လင်းစံ၊ (၃၇)နှစ်တို့ကို မြောင်းမြမြို့မ ရဲစခန်း၌ (ပ)၇/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောပုဒ်မ-၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

- ဒါးဇ(အကုန်သိသတင်းဌာန)

 

 

 

 

 

 

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။