Skip to main content
လွ်ပ္စစ္မီတာေတြကုိ ဖြင့္ကာ ကြိဳင္ထုပ္ေတြလုိက္ခုိးေနတဲ့ ျမန္မာအမ်ဳိးသားတစ္ဦး မဲေဆာက္မွာ အဖမ္းခံရ
Ads Block

လွ်ပ္စစ္မီတာေတြကုိ ဖြင့္ကာ ကြိဳင္ထုပ္ေတြလုိက္ခုိးေနတဲ့ ျမန္မာအမ်ဳိးသားတစ္ဦး မဲေဆာက္မွာ အဖမ္းခံရ

ထုိင္းႏုိင္ငံ တာ့ခ္ျပည္နယ္ မဲေဆာက္ခရုိင္မွာ ေဆးသုံးထားပုံရတဲ့ ျမန္မာအမ်ဳိးသားတစ္ဦးကုိ လွ်ပ္စစ္မီတာေတြထဲက ေၾကးနီကြိဳင္ထုပ္ေတြ ခုိးယူေနခဲ့မႈနဲ ့ ဗုဒၶဟူးေန ့မနက္ပုိင္းမွာ ဖမ္းဆီးခဲ့ေၾကာင္း ထုိင္းရဲက ေျပာဆုိပါတယ္။
မနက္ ၇ နာရီခြဲေလာက္မွာ  မဲေဆာက္ၿမိဳ ့ King Naresuan ဂူဗိမာန္ေရွ ့က လွ်ပ္စစ္မီတာတစ္လုံးကုိ အမ်ဳိးသားတစ္ဦးက ကလေအာ္နဲ ့ ရုိက္ဖြင့္ေနေၾကာင္း သတင္းေပးခ်က္အရ ယင္းေနရာကုိ မဲေဆာက္ရဲတပ္ဖြဲ ့ သြားေရာက္စစ္ေဆးခဲ့တာျဖစ္ပါတယ္။ ရဲေတြေရာက္ရွိသြားခ်ိန္မွာ ရုိက္ဖြင့္ခံထားရကာ အထဲက ကြိဳင္ထုပ္ ေတြျဖဳတ္ယူခံထားရတဲ့ အျခား မီတာႏွစ္လုံးကုိလည္း ေတြ ့ရွိခဲ့ေၾကာင္း သိရပါတယ္။ မီတာေတြရုိက္ဖြင့္ေနသူဟာ အသက္ ၂၄ ႏွစ္အရြယ္ Tayin Nong ဆုိသူျဖစ္တယ္လုိ ့ ဆုိပါတယ္။
၄င္းကုိ မူးယစ္ေဆး၀ါး သုံးထား မထား သိရွိႏုိင္ဖုိ ့အတြက္ မဲေဆာက္ေဆးရုံမွာ ေဆးစစ္ဖုိ ့ ပုိ ့ထားေၾကာင္း သိရပါတယ္။ ယင္း အမ်ဳိးသားကုိ ခုိးမႈ၊ အစုိးရပုိင္ပစၥည္း ဖ်က္ဆီးမႈေတြနဲ ့ အမႈဖြင့္ထားကာ ေဆးစစ္လုိ ့ ေဆးသုံးထားေၾကာင္း အေျဖထြက္ရင္ မူးယစ္ေဆး၀ါးသုံးစြဲမႈနဲ ့ထပ္မံ အမႈဖြင့္ေဆာင္ရြက္ သြားမယ္လုိ ့ သတင္းမွာ ေဖာ္ျပခဲ့ပါတယ္။

- ကုိလင္း (အကုန္သိ သတင္းဌာန) | Ref : The Nation

Unicode Version

 

ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်မှာ ဆေးသုံးထားပုံရတဲ့ မြန်မာအမျိုးသားတစ်ဦးကို လျှပ်စစ်မီတာတွေထဲက ကြေးနီကွိုင်ထုပ်တွေ ခိုးယူနေခဲ့မှုနဲ့ ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာ ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲက ပြောဆိုပါတယ်။
မနက် ၇ နာရီခွဲလောက်မှာ  မဲဆောက်မြို့ King Naresuan ဂူဗိမာန်ရှေ့က လျှပ်စစ်မီတာတစ်လုံးကို အမျိုးသားတစ်ဦးက ကလအော်နဲ့ ရိုက်ဖွင့်နေကြောင်း သတင်းပေးချက်အရ ယင်းနေရာကို မဲဆောက်ရဲတပ်ဖွဲ့ သွားရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။ ရဲတွေရောက်ရှိသွားချိန်မှာ ရိုက်ဖွင့်ခံထားရကာ အထဲက ကွိုင်ထုပ် တွေဖြုတ်ယူခံထားရတဲ့ အခြား မီတာနှစ်လုံးကိုလည်း တွေ့ရှိခဲ့ကြောင်း သိရပါတယ်။ မီတာတွေရိုက်ဖွင့်နေသူဟာ အသက် ၂၄ နှစ်အရွယ် Tayin Nong ဆိုသူဖြစ်တယ်လို့ ဆိုပါတယ်။
၎င်းကို မူးယစ်ဆေးဝါး သုံးထား မထား သိရှိနိုင်ဖို့အတွက် မဲဆောက်ဆေးရုံမှာ ဆေးစစ်ဖို့ ပို့ထားကြောင်း သိရပါတယ်။ ယင်း အမျိုးသားကို ခိုးမှု၊ အစိုးရပိုင်ပစ္စည်း ဖျက်ဆီးမှုတွေနဲ့ အမှုဖွင့်ထားကာ ဆေးစစ်လို့ ဆေးသုံးထားကြောင်း အဖြေထွက်ရင် မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ထပ်မံ အမှုဖွင့်ဆောင်ရွက် သွားမယ်လို့ သတင်းမှာ ဖော်ပြခဲ့ပါတယ်။

- ကိုလင်း (အကုန်သိ သတင်းဌာန) | Ref : The Nation

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။